သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားသုံးဖို့မသင့်တဲ့ မြန်မာ့ဆန် တန်ချိန် ၁၈,၀၀၀ အိုင်ဗရီကိုစ့် နိုင်ငံ ဖ ျက်ဆီး


စားသုံးရန်မသင့်တဲ့ ဆန်တွေကို အိုင်ဗရီကိုစ့် ဖ ျက်ဆီး။ (Courtesy Photo -GhanaWeb)
စားသုံးရန်မသင့်တဲ့ ဆန်တွေကို အိုင်ဗရီကိုစ့် ဖ ျက်ဆီး။ (Courtesy Photo -GhanaWeb)

Ivory Coast နိုင်ငံမှာ လူတွေ စားသုံးဖို့ မသင့်တဲ့ ဆန် တန်ချိန် တသောင်းရှစ်ထောင်ကို ဗုဒ္ဓဟူးနေ့က ဖျက်ဆီးပစ်ခဲ့တယ်လို့ ကျန်းမာရေး တာဝန်ခံတွေက ပြောကြားကြောင်း ဘီဘီစီ - အာဖရိက သတင်းကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒီဆန်တွေဟာ မြန်မာနိုင်ငံက ထွက်တဲ့ ဆန်တွေဖြစ်ပြီး စားသုံးဖို့ မသင့်တဲ့အတွက် ဒီဆန်တွေကို ကုန်တင်ကားနဲ့ သယ်သွားပြီး မြေဖို့တဲ့ နေရာမှာ သွားသွန်ပစ်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောနဲ့ တင်ပို့တဲ့ ဒီဆန်အိတ်တွေကို အာဖရိက အနောက်ဖက် ကမ်းရိုးတန်းဒေသ တလွှားက ဂါနာ၊ ဂီနီနဲ့ တိုဂို နိုင်ငံတွေကလည်း အရည်အသွေး မပြည့်မီတဲ့ ပြဿနာကြောင့် လက်မခံဘဲ ငြင်းပယ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Ivory Coast နိုင်ငံက လက်ခံခဲ့တာပါ။ ဒီဆန်တွေကို Ivory Coast က မြို့တော် Abidjan ကို ပို့ပြီး အရည်အသွေး စစ်ဆေးခဲ့ရာကနေ အရည်အသွေးမမီဘဲ စားသုံးဖို့ မသင့်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။

အာဖရိက ဒေသတလွှားမှာ ဆန်ကို အဓိကထား စားသုံးကြတာဖြစ်ပါတယ်။ ဒါပေမယ့် စားသုံးဖို့အတွက် ဝယ်လိုအားအမြဲတစေ တိုးနေတာကြောင့် ဒေသခံ လယ်သမားတွေရဲ့ စိုက်ပျိုးမှုနဲ့တင် မလုံလောက်ဘဲ ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။

အနောက်အာဖရိက ကမ်းရိုးတန်း ဒေသတလွှားက နိုင်ငံတွေဟာ ကုန်းတွင်းပိုင်းမှာရှိနေတဲ့ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ပါ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဖြည့်ဆည်း ပေးနေရတာ ဖြစ်ပါတယ်။ ဥပမာ ဂါနာနိုင်ငံဟာ အိမ်နီးချင်း Burkina Faso နိုင်ငံအတွက် ပါ ကုန်ပစ္စည်း တင်ပို့ပေးတဲ့ လမ်းကြောင်း ဖြစ်နေတာပါ။

ဆိပ်ကမ်းတွေကနေ ပစ္စည်းတင်သွင်းရာမှာ အရာရှိတွေရဲ့ အဂတိ လိုက်စားမှုကြောင့် ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးမှုဆိုင်ရာမှာ ပြဿနာ အမြဲကြုံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG