သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဈေးမြှင့်ရောင်းတဲ့ ဈေးဝယ်စင်တာ တာဝန်ရှိသူတချို့ကို စစ်ကောင်စီအရေးယူ

မြန်မာနိုင်ငံ ဆန်လက်လီအရောင်းဆိုင်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာနိုင်ငံ ဆန်လက်လီအရောင်းဆိုင်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ဈေးကွက်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခဲ့တယ်ဆိုတဲ့ ဆန်စပါးလုပ်ငန်းရှင်တချို့နဲ့ ဈေးဝယ်စင်တာ တာဝန်ရှိသူတချို့တို့ကို ထိန်းသိမ်းအရေးယူခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချတယ်ဆိုတဲ့ ဆန်လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့အခွန်စည်းမျဉ်းတင်းကြပ်ပြီး ဆန်လုပ်ငန်းရှင် ၇ ဦးကိုတော့ တရားစွဲဆိုအရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အမြတ်တင်ရောင်းချတယ်ဆိုတဲ့ ဈေးဝယ်စင်တာ ၂၂ ဆိုင်က တာဝန်ရှိသူ လေးဦးကိုလည်း တရားစွဲဆိုအရေးယူမယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာတော့ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mark အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ စိန်ဂေဟာ အုပ်ချုပ်မှုဒါရိုက်တာဦးမောင်မောင်ဝင်း၊ AEON Orange ဈေးဝယ်စင်တာ ဒါရိုက်တာ ဂျပန်လူမျိုးတဦးတို့ ပါဝင်ကြပါတယ်။

ဆန်၊ ဆီ အခြေခံစားကုန်တွေ ကုန်ဈေးနှုန်းအဆမတန်တက်လာတဲ့နောက် စစ်ကောင်စီအနေနဲ့ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေနဲ့ ဆန်လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေရှိခဲ့ပြီး အဲဒီနောက် အရောင်းစင်တာအတော်များများမှာ ဆန်အိတ်တွေ ဝယ်လို့မရတော့ပါဘူး။ အများပြည်သူအနေနဲ့ ဆန်စပါးအသင်းချုပ်က ရောင်းချတဲ့ဆိုင်တွေမှာပဲ အိမ်ထောင်စုခွဲတမ်းတွေနဲ့ ဝယ်ယူနေကြရပါတယ်။ ဆန်စပါးအသင်းချုပ်ကတော့ သူတို့လျှော့စျေးနဲ့ ရောင်းချနေတဲ့စျေးနှုန်းဟာ တနိုင်ငံလုံးမှာ တပြေးညီရောင်းချပေးရမယ့် စျေးဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေက တုံ့ပြန်ထားပါတယ်။

တချိန်တည်းမှာတော့ ခွဲတမ်းနဲ့ဝယ်ယူရတဲ့ ဆန်နဲ့ဆီတွေကို ဈေးကောင်းပေးဝယ်တဲ့ဆိုင်တွေမှာ တဆင့်ပြန်ရောင်းပြီး ဝင်ငွေရှာကြတာတွေလည်းရှိလာတယ်လို့သိရပါတယ်။

06-30-24 MILITARY ARRESTED DEPARTMENT STORE MANAGERS.mp3
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG