သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပထမဆံုး ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖို႔ ျမန္မာ ျပင္ဆင္


ၿဂိဳဟ္တုတည္ေဆာက္ေရး လုပ္ေဆာင္ေနတဲ့ မိတၳီလာရွိ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္က ပညာရွင္မ်ား။ (ဇြန္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံအေနနဲ႔ ပထမဦးဆုံးေသာ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖုိ႔ ျပင္ဆင္ေနပါတယ္။ ကမၻာေျမကို ေလ့လာမယ့္ ဒီၿဂဳိဟ္တုေၾကာင့္ ႏုိင္ငံအတြက္ အက်ဳိးရွိလာေစမွာျဖစ္ၿပီး သဘာဝ ေဘးအႏၱရာယ္ေတြကေန လူ႔အသက္ အႏၱရာယ္ကို ကာကြယ္ေပးႏိုင္မွာ ျဖစ္တယ္လို႔ အာကာသေလ့လာေရး ျမန္မာပညာရွင္ေတြက ေျပာဆိုေနတဲ့အေၾကာင္း AFP သတင္းတပုဒ္ကို ကုိဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံကလည္း အျခား အာကာသနည္းပညာ ဖြံ႔ၿဖဳိးစ ႏိုင္ငံေတြလိုပဲ သူ႔ရဲ႕ ကမၻာေျမေလ့လာေရး ၿဂဳိဟ္တုသစ္ကို လႊတ္တင္ႏိုင္ဖုိ႔ ျပင္ဆင္ေနတာပါ။ အာရွ ၉ ႏိုင္ငံ စုေပါင္းၿပီး မုန္တိုင္းလို၊ ငလ်င္လႈပ္ခတ္မႈလို စတာေတြအျပင္ ေရစီးေၾကာင္း၊ ေျမယာသုံးစဲြမႈ၊ သီးႏွံစုိက္ခင္း စတဲ့ အေနအထား ေျပာင္းလဲမႈနဲ႔ ကူးစက္ေရာဂါ ျဖစ္ပြားပ်ံ႕ႏွ႔႔ံမႈ အေျခအေနကိုပါ ၿဂိဳဟ္တုအငယ္စားေတြသုံးၿပီး အာကာသကေန ေလ့လာေစာင့္ၾကည့္သြားမယ့္အထဲမွာ ျမန္မာလည္း ပါဝင္ဖို႔ ႀကဳိးပမ္းေနတာ ျဖစ္ပါတယ္။

ကမၻာေျမေလ့လာေရး ၿဂိဳဟ္တုကိုသာ လႊတ္တင္ႏုိင္မယ္ဆိုရင္ အျခားက႑ေတြအတြက္ပါ အက်ဳိးရွိလာေစလိမ့္မယ္လို႔ မိတၳီလာၿမဳိ႕မွာရွိတဲ့ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ (MAEU) ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္က ေျပာပါတယ္။

“ဒီ Earth Observation ေပါ့ေနာ္ ကမၻာေျမေလ့လာေရး ၿဂဳိဟ္တုကို အသုံးျပဳၿပီဆုိရင္ေတာ့ စိုက္ပ်ဳိးေရး၊ သစ္ေတာ၊ ေျမယာအသုံးျပဳေနမႈ၊ Urban Planning ၿမဳိ႕ျပစီမံကိန္း၊ မိုးေလဝသ ခန္႔မွန္းခ်က္ အဲဒီလို ျမန္မာျပည္မွာရွိတဲ့ က်န္တဲ့က႑ေတြ အကုန္လုံးအတြက္ တကယ္လိုအပ္ေနတာက ကမၻာေျမ ေလ့လာေရးၿဂဳိဟ္တုပဲ။ အဲဒီခါက်ေတာ့ က်ေနာ္တုိ႔က ၿဂဳိဟ္တုအရြယ္အစားကို ေသးေသးအထိေအာင္ ေဆာက္ယူလို႔ရတယ္။ အဲဒါဆို ကုန္က်စရိတ္လည္း သက္သာမွာေပါ့။”

ေလထုညစ္ညမ္းမႈ ၿဂိဳလ္တုကတဆင့္ တုိင္းတာမႈ
please wait

No media source currently available

0:00 0:02:34 0:00
တိုက္႐ိုက္ လင့္ခ္

စီးပြားေရးအရ ဖြ႔ံၿဖဳိးဖို႔ အားယူေနတဲ့ ျမန္မာႏုိင္ငံမွာ အာကာသ နည္းပညာက႑က အခုမွ ပထမဆုံး စတင္ေနတာျဖစ္ၿပီး အျခား အာရွႏိုင္ငံေတြျဖစ္တဲ့ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒုိနီးရွားတို႔နဲ႔ ေပါင္းလုပ္ေနပါတယ္။

ျမန္မာရဲ႕ ကိုယ္ပုိင္ၿဂိဳဟ္တုငယ္ကေန ေလ့လာစုေဆာင္းရရွိတဲ့ အခ်က္အလက္ေတြနဲ႔ ဝင္ေငြျပန္ရေအာင္ လုပ္ႏိုင္သလုိ ႏိုင္ငံဖြံ႔ၿဖဳိးေရးအတြက္ အျမန္အားျဖည့္ေပးႏုိင္တဲ့ လမ္းေၾကာင္းလည္း ျဖစ္တယ္လို႔ ေဒါက္တာၾကည္သြင္က ရွင္းျပပါတယ္။

“Disaster Monitoring သဘာဝေဘးအႏၱရာယ္ ေစာင့္ၾကည့္မႈေတြ၊ သဘာဝေဘး စီမံခန္႔ခဲြမႈနဲ႔ ပတ္သက္တာေတြကိုလည္း အခ်င္းခ်င္းၾကား မွ်ေဝသုံးစဲြႏိုင္ေအာင္ေပါ့ လုပ္သြားလို႔ရတယ္။ ေနာက္ပိုင္း ဒီအဖဲြ႔ကေနၿပီးေတာ့ ၿဂိဳဟ္တုဓာတ္ပုံ၊ ပုံရိပ္ ေစ်းကြက္အထိေအာင္ ရည္ရြယ္ပါတယ္။ ဒါဆိုရင္ ကိုယ့္ႏုိင္ငံအလိုက္ သုံးတဲ့ Satellite ေတြအတြက္ တဖက္တလမ္းက ဝင္ေငြျပန္ရေအာင္ အဲဒီေလာက္ထိ က်ေနာ္တို႔ ရည္ရြယ္ၿပီး လုပ္ေနပါတယ္။ ႏိုင္ငံတခု ဖံြ႔ၿဖဳိးတိုးတက္မႈမွာ သမား႐ိုးက် နည္းေတြနဲ႔ သြားတာထက္ Space Technology အာကာသနည္းပညာသုံးၿပီး သြားတာက ခ်က္ခ်င္း အျမန္ေရာက္ႏိုင္တယ္။”

ျမန္မာႏိုင္ငံရဲ႕ အေျခအေနက အာကာသပညာ ေလ့လာေနတဲ့ အျခားႏိုင္ငံေတြနဲ႔ေတာင္ မတူပါဘူး။ ေလယာဥ္ပ်ံႀကီးပုံသဏၭာန္ တည္ေဆာက္ထားတဲ့ မိတၳီလာ အာကာသပညာ တကၠသိုလ္ဆုိရင္ ေလျပင္းတိုက္ခဲ့လို႔ ေက်ာင္းနဖူးဝ ေလယာဥ္ဦးေခါင္းထိပ္ရဲ႕ အမိုးအကာေတြ လန္က်ေနတာေတာင္ ျပန္ျပင္ဖုိ႔ ဘတ္ဂ်က္မရွိဘဲ ျဖစ္ေနတာပါ။

ပုံမွန္ဆုိရင္ ေဒၚလာသန္း ၁၀၀ ေလာက္ ကုန္မွာျဖစ္ေပမယ့္ ျမန္မာႏိုင္ငံက ပထမဆုံး လႊတ္တင္ဖို႔ ႀကဳိးပမ္းေနတဲ့ ၿဂဳိဟ္တုတည္ေဆာက္ေရး စရိတ္က ေဒၚလာ ၁၆ သန္း ကုန္က်မယ္လုိ႔ မွန္းထားပါတယ္။

ဒီလို ျမန္မာရဲ႕ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ေရးဟာ သူတို႔အားလုံးရဲ႕ အိပ္မက္တခုျဖစ္တယ္လို႔ မိတၳီလာ အာကာသသိပၸံ တကၠသုိလ္က အင္ဂ်င္နီယာ ေဒါက္တာသုသုေအာင္က ေျပာပါတယ္။

“ကိုယ့္ဘက္က အခြင့္အေရးတခုခု ရလာတဲ့အခ်ိန္မွာ အၿမဲ အဆင္သင့္ ျဖစ္ေနရေအာင္လို႔ေပါ့။ ဘယ္လိုေျပာမလဲ ျမန္မာႏုိင္ငံကေနၿပီးေတာ့ MAEU ဒီေက်ာင္းကေန ပါဝင္ၿပီးေတာ့ ဒီၿဂဳိဟ္တုတလုံး လႊတ္ဖို႔ဆိုတာ ဆရာႀကီးေရာ က်မတို႔ေတြ အကုန္လုံးရဲ႕ အိပ္မက္တခုပဲ ျဖစ္ပါတယ္။”

ဘယ္လိုပဲျဖစ္ျဖစ္ ဒီနည္းပညာတကၠသုိလ္အေနနဲ႔ ေပါင္ ၂၂၀ ေက်ာ္ေလးတဲ့ ၿဂဳိဟ္တုအငယ္စား ၅ ခုကို ႏွစ္စဥ္ တည္ေဆာက္ လႊတ္တင္ႏိုင္ဖုိ႔ ရည္ရြယ္ထားၿပီး ၿဂဳိဟ္တုရဲ႕သက္တမ္းက ၅ ႏွစ္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အခုဆိုရင္ အာရွႏိုင္ငံေတြၾကား လႊတ္တင္ထားတဲ့ ၿဂဳိဟ္တုမ်ဳိးစုံ အလုံး ၅၀ ေလာက္ ပတ္လမ္းထဲ ရွိေနတာပါ။

ျမန္မာႏုိင္ငံမွာ ၿဂိဳဟ္တုထိန္းခ်ဳပ္ေရး ေျမျပင္စခန္း သီးသန္႔ရွိေပမယ့္ တကယ္တမ္း လႊတ္တင္ဖို႔ အခ်ိန္ေရာက္ရင္ ႏိုင္ငံျခားတိုင္းျပည္ တခုကေန လႊတ္တင္ရမွာပါ။ အဲဒီအတြက္ ဂ်ပန္ႏိုင္ငံနဲ႔ ပူးတဲြ ေဆာင္ရြက္ေနပါတယ္။

ၿဂဳိဟ္တုလႊတ္တင္ေရး စမ္းသပ္မႈေတြလုပ္ဖို႔ ျမန္မာ အာကာသသိပၸံ အင္ဂ်င္နီယာ ၇ ဦးဟာ ဂ်ပန္ႏိုင္ငံမွာ လအေတာ္ၾကာ သြားေရာက္ေနထိုင္ရင္း ေလ့က်င့္တာေတြလုပ္ဖုိ႔ ရွိေပမယ့္ အခုလို ကိုဗစ္ကပ္ေရာဂါ ႀကဳံလာတာေၾကာင့္ ၂၀၂၁ ႏွစ္ဆန္းပိုင္းမွာမွ သြားႏုိင္ၾကမွာ ျဖစ္ပါတယ္။

အာရွႏိုင္ငံေတြၾကား အခုလို ကမၻာေျမေလ့လာေရး ကိုယ္ပုိင္ၿဂဳိဟ္တုေတြ လႊတ္တင္မယ့္အထဲမွာ ျမန္မာအျပင္ မေလးရွား၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ မြန္ဂုိလီးယား ႏိုင္ငံေတြလည္း ေနာက္ကေန ဆက္လုပ္လာမွာျဖစ္တယ္လုိ႔ ဂ်ပန္ပညာရွင္ Takahashi က ေျပာပါတယ္။

ျမန္မာအပါဝင္ ၿဂိဳဟ္တုလႊတ္တင္ၾကမယ့္ အစီအစဥ္အတြက္ ဂ်ပန္ႏိုင္ငံ ေဟာ့ကိုင္းဒိုးတကၠသိုလ္က ဦးေဆာင္ေပးေနတာျဖစ္ၿပီး ေစ်းသက္သာတဲ့ ၿဂဳိဟ္တုနည္းပညာ အဓိကႀကဳိးပမ္းေနတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ မြန်မာ ပြင်ဆင်

မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံးသော ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ပြင်ဆင်နေပါတယ်။ ကမ္ဘာမြေကို လေ့လာမယ့် ဒီဂြိုဟ်တုကြောင့် နိုင်ငံအတွက် အကျိုးရှိလာစေမှာဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တွေကနေ လူ့အသက် အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ အာကာသလေ့လာရေး မြန်မာပညာရှင်တွေက ပြောဆိုနေတဲ့အကြောင်း AFP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကလည်း အခြား အာကာသနည်းပညာ ဖွံ့ဖြိုးစ နိုင်ငံတွေလိုပဲ သူ့ရဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်ကို လွှတ်တင်နိုင်ဖို့ ပြင်ဆင်နေတာပါ။ အာရှ ၉ နိုင်ငံ စုပေါင်းပြီး မုန်တိုင်းလို၊ ငလျင်လှုပ်ခတ်မှုလို စတာတွေအပြင် ရေစီးကြောင်း၊ မြေယာသုံးစွဲမှု၊ သီးနှံစိုက်ခင်း စတဲ့ အနေအထား ပြောင်းလဲမှုနဲ့ ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှ့ံ့မှု အခြေအနေကိုပါ ဂြိုဟ်တုအငယ်စားတွေသုံးပြီး အာကာသကနေလေ့လာစောင့်ကြည့်သွားမယ့်အထဲမှာ မြန်မာလည်း ပါဝင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကိုသာ လွှတ်တင်နိုင်မယ်ဆိုရင် အခြားကဏ္ဍတွေအတွက်ပါ အကျိုးရှိလာစေလိမ့်မယ်လို့ မိတ္ထီလာမြို့မှာရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် (MAEU) ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောပါတယ်။

“ဒီ Earth Observation ပေါ့နော် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကို အသုံးပြုပြီဆိုရင်တော့ စိုက်ပျိုးရေး၊ သစ်တော၊ မြေယာအသုံးပြုနေမှု၊ Urban Planning မြို့ပြစီမံကိန်း၊ မိုးလေဝသ ခန့်မှန်းချက် အဲဒီလို မြန်မာပြည်မှာရှိတဲ့ ကျန်တဲ့ကဏ္ဍတွေ အကုန်လုံးအတွက် တကယ်လိုအပ်နေတာက ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုပဲ။ အဲဒီခါကျတော့ ကျနော်တို့က ဂြိုဟ်တုအရွယ်အစားကို သေးသေးအထိအောင် ဆောက်ယူလို့ရတယ်။ အဲဒါဆို ကုန်ကျစရိတ်လည်း သက်သာမှာပေါ့။”

စီးပွားရေးအရ ဖွံ့ဖြိုးဖို့ အားယူနေတဲ့ မြန်မာနိုင်ငံမှာ အာကာသ နည်းပညာကဏ္ဍက အခုမှ ပထမဆုံး စတင်နေတာဖြစ်ပြီး အခြား အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နဲ့ ပေါင်းလုပ်နေပါတယ်။

မြန်မာရဲ့ ကိုယ်ပိုင်ဂြိုဟ်တုငယ်ကနေ လေ့လာစုဆောင်းရရှိတဲ့ အချက်အလက်တွေနဲ့ ဝင်ငွေပြန်ရအောင် လုပ်နိုင်သလို နိုင်ငံဖွံ့ဖြိုးရေးအတွက် အမြန်အားဖြည့်ပေးနိုင်တဲ့ လမ်းကြောင်းလည်း ဖြစ်တယ်လို့ ဒေါက်တာကြည်သွင်က ရှင်းပြပါတယ်။

“Disaster Monitoring သဘာဝဘေးအန္တရာယ် စောင့်ကြည့်မှုတွေ၊ သဘာဝဘေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်တာတွေကိုလည်း အချင်းချင်းကြား မျှဝေသုံးစွဲနိုင်အောင်ပေါ့ လုပ်သွားလို့ရတယ်။ နောက်ပိုင်း ဒီအဖွဲ့ကနေပြီးတော့ ဂြိုဟ်တုဓာတ်ပုံ၊ ပုံရိပ် ဈေးကွက်အထိအောင် ရည်ရွယ်ပါတယ်။ ဒါဆိုရင် ကိုယ့်နိုင်ငံအလိုက် သုံးတဲ့ Satellite တွေအတွက် တဖက်တလမ်းက ဝင်ငွေပြန်ရအောင် အဲဒီလောက်ထိ ကျနော်တို့ ရည်ရွယ်ပြီး လုပ်နေပါတယ်။ နိုင်ငံတခု ဖွံ့ဖြိုးတိုးတက်မှုမှာ သမားရိုးကျ နည်းတွေနဲ့ သွားတာထက် Space Technology အာကာသနည်းပညာသုံးပြီး သွားတာက ချက်ချင်း အမြန်ရောက်နိုင်တယ်။”

မြန်မာနိုင်ငံရဲ့ အခြေအနေက အာကာသပညာ လေ့လာနေတဲ့ အခြားနိုင်ငံတွေနဲ့တောင် မတူပါဘူး။ လေယာဉ်ပျံကြီးပုံသဏ္ဌာန် တည်ဆောက်ထားတဲ့ မိတ္ထီလာ အာကာသပညာ တက္ကသိုလ်ဆိုရင် လေပြင်းတိုက်ခဲ့လို့ ကျောင်းနဖူးဝ လေယာဉ်ဦးခေါင်းထိပ်ရဲ့ အမိုးအကာတွေ လန်ကျနေတာတောင် ပြန်ပြင်ဖို့ ဘတ်ဂျက်မရှိဘဲ ဖြစ်နေတာပါ။

ပုံမှန်ဆိုရင် ဒေါ်လာသန်း ၁၀၀ လောက် ကုန်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံက ပထမဆုံး လွှတ်တင်ဖို့ ကြိုးပမ်းနေတဲ့ ဂြိုဟ်တုတည်ဆောက်ရေး စရိတ်က ဒေါ်လာ ၁၆ သန်း ကုန်ကျမယ်လို့ မှန်းထားပါတယ်။

ဒီလို မြန်မာရဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးဟာ သူတို့အားလုံးရဲ့ အိပ်မက်တခုဖြစ်တယ်လို့ မိတ္ထီလာ အာကာသသိပ္ပံ တက္ကသိုလ်က အင်ဂျင်နီယာဒေါက်တာသုသုအောင်က ပြောပါတယ်။

“ကိုယ့်ဘက်က အခွင့်အရေးတခုခု ရလာတဲ့အချိန်မှာ အမြဲ အဆင်သင့် ဖြစ်နေရအောင်လို့ပေါ့။ ဘယ်လိုပြောမလဲ မြန်မာနိုင်ငံကနေပြီးတော့ MAEU ဒီကျောင်းကနေ ပါဝင်ပြီးတော့ ဒီဂြိုဟ်တုတလုံး လွှတ်ဖို့ဆိုတာ ဆရာကြီးရော ကျမတို့တွေ အကုန်လုံးရဲ့ အိပ်မက်တခုပဲ ဖြစ်ပါတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းပညာတက္ကသိုလ်အနေနဲ့ ပေါင် ၂၂၀ ကျော်လေးတဲ့ ဂြိုဟ်တုအငယ်စား ၅ ခုကို နှစ်စဉ် တည်ဆောက် လွှတ်တင်နိုင်ဖို့ ရည်ရွယ်ထားပြီး ဂြိုဟ်တုရဲ့သက်တမ်းက ၅ နှစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် အာရှနိုင်ငံတွေကြား လွှတ်တင်ထားတဲ့ ဂြိုဟ်တုမျိုးစုံ အလုံး ၅၀ လောက် ပတ်လမ်းထဲ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ဂြိုဟ်တုထိန်းချုပ်ရေး မြေပြင်စခန်း သီးသန့်ရှိပေမယ့် တကယ်တမ်း လွှတ်တင်ဖို့ အချိန်ရောက်ရင် နိုင်ငံခြားတိုင်းပြည် တခုကနေ လွှတ်တင်ရမှာပါ။ အဲဒီအတွက် ဂျပန်နိုင်ငံနဲ့ ပူးတွဲ ဆောင်ရွက်နေပါတယ်။

ဂြိုဟ်တုလွှတ်တင်ရေး စမ်းသပ်မှုတွေလုပ်ဖို့ မြန်မာ အာကာသသိပ္ပံ အင်ဂျင်နီယာ ၇ ဦးဟာ ဂျပန်နိုင်ငံမှာ လအတော်ကြာ သွားရောက်နေထိုင်ရင်း လေ့ကျင့်တာတွေလုပ်ဖို့ ရှိပေမယ့် အခုလို ကိုဗစ်ကပ်ရောဂါ ကြုံလာတာကြောင့် ၂၀၂၁ နှစ်ဆန်းပိုင်းမှာမှ သွားနိုင်ကြမှာ ဖြစ်ပါတယ်။

အာရှနိုင်ငံတွေကြား အခုလို ကမ္ဘာမြေလေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တုတွေ လွှတ်တင်မယ့်အထဲမှာ မြန်မာအပြင် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား နိုင်ငံတွေလည်း နောက်ကနေ ဆက်လုပ်လာမှာဖြစ်တယ်လို့ ဂျပန်ပညာရှင် Takahashi က ပြောပါတယ်။

မြန်မာအပါဝင် ဂြိုဟ်တုလွှတ်တင်ကြမယ့် အစီအစဉ်အတွက် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်က ဦးဆောင်ပေးနေတာဖြစ်ပြီး ဈေးသက်သာတဲ့ ဂြိုဟ်တုနည်းပညာ အဓိကကြိုးပမ်းနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

XS
SM
MD
LG