သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games ၿပိဳင္ပြဲဝင္ ျမန္မာ U-22 ေဘာလံုးအသင္း ႐ုန္းကန္ရဖြယ္ရွိ


ျမန္မာ ယူ-၂၂ ေဘာလုုံး အသင္း ႏွင့္ မေလးရွားကစားစဥ္ (ဓါတ္ပံု- Myanmar Football Federation

(Zawgyi/Unicode)

အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပဲြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာ ယူ-၂၂ ေဘာလုုံး အသင္းဟာ ႏုိဝင္ဘာလ ၂၇ ရက္၊ ဗုဒၶဟူးေန႔မွာေတာ့ အိမ္ရွင္ဖိလစ္ပိုုင္အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။

ဖိလစ္ပိုုင္က အိမ္ရွင္ ျဖစ္တာအျပင္ ခႏၶာကိုုယ္ၾကံ့ခုုိင္မႈပိုုင္းမွာလည္း ပိုုၿပီးအားေကာင္းတာေၾကာင့္ ျမန္မာအသင္း ခက္ခက္ခဲခဲကစားရနုုိင္တယ္လိုု႔ ခန္႔မွန္းေနၾကပါတယ္။ ဖိလစ္ပိုုင္နဲ႔ ျမန္မာအသင္းပဲြအေပၚ သုုံးသပ္ခ်က္၊ အခုုႏွစ္ ဆီးဂိမ္းၿပိဳင္ပဲြမွာ ျမန္မာအသင္းရဲ႕ အလားအလာ ေတြနဲ႔ပတ္သက္ၿပီး ကိုုရန္ႏုုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ဖိလစ္ပိုုင္ႏုုိင္ငံမွာ က်င္းပေနတဲ့ ၂၀၁၉ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပဲြရဲ႕ ေဘာလုုံးပဲြေတြကိုု ၿပီးခဲ့တဲ့ တနလၤာေန႔က စတင္လိုုက္ၿပီး ဗုဒၶဟူးေန႔မွာ ျမန္မာအသင္းဟာ အုုပ္စုုဒုုတိယပဲြစဥ္အျဖစ္နဲ႔ အိမ္ရွင္ဖိလစ္ပိုုင္နဲ႔ ကစားရမွာျဖစ္ပါတယ္။ တနလၤာေန႔က အဖြင့္ပဲြစဥ္မွာေတာ့ ျမန္မာအသင္းဟာ မေလးရွား နဲ႔ ၁ ဂိုုးစီ သေရက်ထားပါတယ္။ အဲဒီပဲြမွာ ျမန္မာက ဦးေဆာင္ဂိုုးသြင္းခဲ့ေပမယ့္ ေနာက္တန္းအမွားေၾကာင့္ ဂိုုးျပန္ေပးခဲ့ရၿပီး သေရျဖစ္ခဲ့တာပါ။ မေလးရွားန႔ဲပဲြမွာ ျမန္မာအသင္းရဲ႕ကစားပုုံနဲ႔ ပတ္သက္ၿပီး အားကစားကေလာင္ရွင္ ကိုုေဇာ္မ်ိဳးသန္႔က အခုုလိုုသုုံးသပ္ပါတယ္။

“က်ေနာ္တို႔ ျမန္မာအသင္းက အဲဒီပြဲမွာ ေတာ္ေတာ္ေလး အမွားမ်ားခဲ့တယ္လို႔ ေျပာရမွာေပါ့။ ကံေကာင္းလို႔သာ သေရရခဲ့တဲ့အေနအထားလို႔ ေျပာရမွာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ေပးလိုုက္ရတဲ့ ေျခပဂိုးကို ၾကည့္ဗ်ာ ဘာမွ မဟုတ္တဲ့ အမွားကေန ေပးလိုက္ရတာေလ။ ေနာက္တိုက္စစ္ေပါ့ တိုက္စစ္ပိုင္းကလည္း အပိုင္ရတဲ့ ဂိုးကိုေတာင္မွပဲ ဂိုးျဖစ္ေအာင္ မဖန္တီးႏိုင္တဲ့ အေနအထားေတြရွိတယ္။ ဆိုေတာ့ မေလးနဲ႔ ပြဲမွာ ျပခဲ့တဲ့ ေျခလွမ္းေတြကေတာ့ ဒီႏွစ္ SEA GAME မွာ အႀကိဳဗိုလ္လုပဲြတက္ဖို႔ေတာင္မွ ေတာ္ေတာ္ေလး ရုန္းခဲ့ရမယ့္ အေနအထားေပါ့။ အေနာက္တန္းက ေတာ္ေတာ္ေလးအားနည္းတယ္၊ တိုက္စစ္ပိုင္းက ဂိုးသြင္းမေသခ်ာဘူး။ ကြင္းလယ္ကလည္း ျဖတ္ထုတ္မႈအပိုင္းမွာ အားနည္းတယ္ေပါ့ဗ်ာ။”

အုုပ္စုုအဖြင့္ပဲြစဥ္မွာ ျမန္မာက မေလးရွားကိုု သေရက်ခဲ့သလိုု၊ အိမ္ရွင္ဖိလစ္ပိုုင္ ကလည္း ကေမာၻဒီးယားနဲ႔ ၁ ဂိုုးစီသေရျဖစ္ထားလိုု႔ ဒီအုုပ္စုုမွာ ျမန္မာ၊ ဖိလစ္ပိုုင္၊ မေလးရွား နဲ႔ ကေမာၻဒီးယားတုုိ႔ ၁ မွတ္စီတူေနပါတယ္။ ဒါေၾကာင့္ အုုပ္စုုကေန ေနာက္တဆင့္တက္ႏုုိင္ဖုုိ႔ အတြက္ ဒုုတိယပဲြစဥ္မွာ ၂ သင္းစလုုံး အနုုိင္ရဖိုု႔ အေရးႀကီးေနပါတယ္။ ဖိလစ္ပိုုင္ကိုု သူ႔ေျမ၊ သူေရ၊ သူ႔ပရိသတ္ေရွ႕မွာ ကစားရမွာျဖစ္တဲ့အတြက္ ဒီပဲြဟာ ပထမပဲြထက္ ပိုုၿပီးခက္ခဲမွာေတာ့ ေသခ်ာတယ္လိုု႔ဆုုိရမွာပါ။ ဆုုိေတာ့ ျမန္မာအသင္းအေနနဲ႔ ဖိလစ္ပိုုင္ကိုု အႏုုိင္ရဖိုု႔အတြက္ ဘာေတြလုုပ္ဖိုု႔လိုုအပ္ၿပီး ဒီပဲြအေပၚ ကိုုေဇာ္မ်ိဳးသန္႔ကေရာ ဘယ္လိုုခန္႔မွန္းပါသလဲ

“မေလးရွားနဲ႔ ယွဥ္ရင္ အခုကစားရမယ့္ ဖိလစ္ပိုင္က ပိုၿပီးေတာ့ျမန္တယ္၊ ပိုၿပီးေတာ့ တြန္းတြန္းတိုက္တိုက္နဲ႔ ကစားႏိုင္တဲ ့အေနအထားရွိတယ္။ ေနာက္အေရးႀကီးဆံုးအခ်က္က ဖိလစ္ပိုင္ရဲ႕ ကန္သြင္းခ်က္ေတြက ေတာ္ေတာ္ေလးအားေကာင္းတယ္။ ေနာက္ အရပ္အေမာင္း ယွဥ္ရင္လည္း ဖိလစ္ပိုင္က က်ေနာ္တို႔ ျမန္မာထက္စာရင္ ပိုၿပီးထြားတယ္။ အထူးသျဖင့္ကေတာ့ ကစားတဲ့ေနရာမွာလည္း သူတို႔က ေတာ္ေတာ္ေလးေကာင္းတယ္။ ဆိုေတာ့ ဖိလစ္ပိုင္နဲ႔ ပြဲမွာ အႏိုင္ရခ်င္ရင္ေတာ့ နည္းျပအေနနဲ႔ ခံစစ္နဲ႔ ကြင္းလယ္မွာ ေဘာလံုးကို ထိန္းၿပီးကစားတဲ့ နည္းဗ်ဴဟာနဲ႔ သူတင္ ကိုယ္တင္ ဖြင့္ကစားၿပီးေတာ့ သူ ၁ ဂိုးသြင္းရင္ ကိုယ္ ၂ ဂိုးရေအာင္သြင္းမယ္ ဆိုတဲ့ ဗ်ဴဟာနဲ႔ ထြက္မွပဲ အႏိုင္ရဖို႔အတြက္ အလားအလာရွိမယ္လို႔ က်ေနာ္အဲလိုပဲ သံံုးသပ္ခ်က္တယ္။”

ျမန္မာအသင္းဟာ အုုပ္စုု A မွာ အိမ္ရွင္ဖိလစ္ပိုုင္ ၊ မေလးရွား၊ ကေမာၻဒီးယား ၊ တီေမာလက္စေတအသင္းတုုိ႔ တအုုပ္စုုတည္းက်ေနၿပီး ၊ လာမယ့္ ႏုုိ၀င္ဘာ ၂၉ ရက္ေန႔မွာေတာ့ တီေမာလက္စေတ၊ ဒီဇင္ဘာ ၂ ရက္ေန႔မွာေတာ့ ကေမာၻဒီးယားအသင္းေတြ နဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ၂၀၁၃ ခုုႏွစ္ ျမန္မာႏုုိင္ငံမွာက်င္းပတဲ့ ၂၇ ႀကိမ္ေျမာက္ ဆီးဂိမ္းမွာ ျမန္မာအသင္းဟာ အုုပ္စုုကေန ထြက္ခဲ့ရေပမယ့္၊ ၂၀၁၅ မွာေတာ့ ဖုုိင္နယ္အထိ တက္ႏုုိင္ခဲ့သလိုု၊ ၿပီးခဲ့တဲ့ ၂၀၁၇ မွာလည္း ဆီမီးဖုုိင္နယ္အထိ တက္ႏုုိင္ခဲ့ပါတယ္။ ဆုုိေတာ့ အခုုႏွစ္ဆီးဂိမ္းမွာ ျမန္မာအသင္းရဲ႕ အလားအလာ ဘယ္လိုုရွိႏုုိင္သလဲဆုုိတဲ့အေပၚမွာေတာ့ ကိုုေဇာ္မ်ိဳးသန္႔က

“ဒီႏွစ္ ဆီးဂိမ္းမွာ ျမန္မာေဘာလံုးအသင္းရဲ႕ အလားအလာကိုေျပာရမယ္ဆိုရင္ သိပ္ေတာ့ မလြယ္လွဘူးလို႔ က်ေနာ္ကေတာ့ အဲလိုသံုးသပ္ခ်င္ပါတယ္။ ဖိလစ္ပိုင္နဲ႔ ကန္ရမယ္၊ ကေမာၻဒီးယားနဲ႔ ကန္ရမယ္။ အဲဒီ ၂ သင္းစလံုးက ဒီႏွစ္မွာ ေတာ္ေတာ္ေလး ေကာင္းတယ္ေပါ့ဗ်ာ။ ဒီႏွစ္မွာ ေတာ္ေတာ္ေလး ေကာင္းတယ္ဆိုေတာ့ အရင္ႏွစ္ေတြကထက္စာရင္ ကစားပံုကေတာ့ ေတာ္ေတာ္ေလးေကာင္းလာတယ္။ ေနာက္ ကေမာၻဒီးယားနဲ႔ ျမန္မာက က်ေန္ာတို႔ အာရွ AFF U-22 မွာ ဆံုခဲ့ၿပီးၿပီ အဲဒီပြဲမွာ ကေမာၻဒီးယားက က်ေနာ္တို႔ကို ၂ ဂိုး-၀ နဲ႔ ႏိုင္ထားတယ္ေပါ့ေနာ္ ။ အခုလည္း ဒီကစားသမားေတြပဲ အမ်ားစု ျပန္ပါလာတာဆိုေတာ့ အဲဒီရလဒ္ကို ေျပာင္းျပန္လုပ္ႏိုင္ပါ့မလား ဆိုတာလည္း စဥ္းစားစရာေပါ့ဗ်ာ။ ဖိလစ္ပိုင္နဲ႔ ပြဲကိုလည္း အသည္းအသန္ကစားရမယ္။ ေနာက္ ဖိလစ္ပိုင္က အိမ္ရွင္ဗ်ာ ၊ အဲဒါ ခုနေျပာခဲ့သလိုပဲ ျမန္မာအသင္းနဲ႔ ႏိႈင္းယွဥ္ရင္ ခုနေျပာတဲ့ သူ႕မွာ အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္။ ဆိုေတာ့ ဒီႏွစ္ ဆီးဂိမ္းပိုင္ပြဲ၀င္ ျမန္မာ U-22 ရဲ႕ အလားအလာက ျပီးခဲ့တဲ့ ႏွစ္ကလို ရလဒ္မ်ိဳး ျပန္ရဖို႔ ျဖစ္ႏိုင္ေျခ ေတာ္ေတာ္ေလးနည္းတယ္လို႔ က်ေနာ္အဲလိုပဲ သံုးသပ္ခ်င္ပါတယ္။”

တခ်ိန္က အာရွမွာ လ ွ်မ္းလ ွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့ ျမန္မာေဘာလုုံးအသင္းဟာ အာရွ အားကစားၿပိဳင္ပဲြမွာ ေရႊတံဆိပ္ ၂ ႀကိမ္ရခဲ့သလိုု၊ အေရွ႕ေတာင္အာရွမွာလည္း ၁၉၆၅ မွာ ထုုိင္းနဲ႔ ပူးတဲြတႀကိမ္အပါအ၀င္၊ ၁၉၆၇၊ ၆၉ ၊ ၇၁၊ နဲ႔ ၇၃ ခုုႏွစ္ေတြမွာ ၅ ႀကိမ္ ဆက္တုုိက္ အႏုုိင္ရခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေနာက္ဆုုံးအႀကိမ္ ေရႊတံဆိပ္ရခဲ့တာက ၁၉၇၃ ခုုႏွစ္ကျဖစ္တဲ့အတြက္ အခုုဆုုိရင္ ျမန္မာေဘာလုုံး အသင္း အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပဲြမွာ ေရႊတံဆိပ္ မရတာဟာ ၄၀ ေက်ာ္လာခဲ့ပါၿပီ။ ျမန္မာ ယူ-၂၂ အသင္းအေနနဲ႔ ဒီတႀကိမ္မွာ ပရိသတ္ေတြေမ ွ်ာ္လင့္ေနတဲ့ ေရႊတံဆိပ္ကိုု ယူနုုိင္မလားဆုုိတာကေတာ့ ရင္ခုုန္စြာနဲ႔ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........................

SEA Games ပြိုင်ပွဲဝင် မြန်မာ U-22 ဘောလုံးအသင်း ရုန်းကန်ရဖွယ်ရှိ

(Unicode)

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၂၂ ဘောလုံး အသင်းဟာ နိုဝင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်က အိမ်ရှင် ဖြစ်တာအပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာလည်း ပိုပြီးအားကောင်းတာကြောင့် မြန်မာအသင်း ခက်ခက်ခဲခဲကစားရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာအသင်းပွဲအပေါ် သုံးသပ်ချက်၊ အခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ အလားအလာ တွေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ဘောလုံးပွဲတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်လိုက်ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ်နဲ့ အိမ်ရှင်ဖိလစ်ပိုင်နဲ့ ကစားရမှာဖြစ်ပါတယ်။ တနင်္လာနေ့က အဖွင့်ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ မလေးရှား နဲ့ ၁ ဂိုးစီ သရေကျထားပါတယ်။ အဲဒီပွဲမှာ မြန်မာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် နောက်တန်းအမှားကြောင့် ဂိုးပြန်ပေးခဲ့ရပြီး သရေဖြစ်ခဲ့တာပါ။ မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းရဲ့ကစားပုံနဲ့ ပတ်သက်ပြီး အားကစားကလောင်ရှင် ကိုဇော်မျိုးသန့်က အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ မြန်မာအသင်းက အဲဒီပွဲမှာ တော်တော်လေး အမှားများခဲ့တယ်လို့ ပြောရမှာပေါ့။ ကံကောင်းလို့သာ သရေရခဲ့တဲ့အနေအထားလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ပေးလိုက်ရတဲ့ ခြေပဂိုးကို ကြည့်ဗျာ ဘာမှ မဟုတ်တဲ့ အမှားကနေ ပေးလိုက်ရတာလေ။ နောက်တိုက်စစ်ပေါ့ တိုက်စစ်ပိုင်းကလည်း အပိုင်ရတဲ့ ဂိုးကိုတောင်မှပဲ ဂိုးဖြစ်အောင် မဖန်တီးနိုင်တဲ့ အနေအထားတွေရှိတယ်။ ဆိုတော့ မလေးနဲ့ ပွဲမှာ ပြခဲ့တဲ့ ခြေလှမ်းတွေကတော့ ဒီနှစ် SEA GAME မှာ အကြိုဗိုလ်လုပွဲတက်ဖို့တောင်မှ တော်တော်လေး ရုန်းခဲ့ရမယ့် အနေအထားပေါ့။ အနောက်တန်းက တော်တော်လေးအားနည်းတယ်၊ တိုက်စစ်ပိုင်းက ဂိုးသွင်းမသေချာဘူး။ ကွင်းလယ်ကလည်း ဖြတ်ထုတ်မှုအပိုင်းမှာ အားနည်းတယ်ပေါ့ဗျာ။”

အုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာက မလေးရှားကို သရေကျခဲ့သလို၊ အိမ်ရှင်ဖိလစ်ပိုင် ကလည်း ကမ္ဘောဒီးယားနဲ့ ၁ ဂိုးစီသရေဖြစ်ထားလို့ ဒီအုပ်စုမှာ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား နဲ့ ကမ္ဘောဒီးယားတို့ ၁ မှတ်စီတူနေပါတယ်။ ဒါကြောင့် အုပ်စုကနေ နောက်တဆင့်တက်နိုင်ဖို့ အတွက် ဒုတိယပွဲစဉ်မှာ ၂ သင်းစလုံး အနိုင်ရဖို့ အရေးကြီးနေပါတယ်။ ဖိလစ်ပိုင်ကို သူ့မြေ၊ သူရေ၊ သူ့ပရိသတ်ရှေ့မှာ ကစားရမှာဖြစ်တဲ့အတွက် ဒီပွဲဟာ ပထမပွဲထက် ပိုပြီးခက်ခဲမှာတော့ သေချာတယ်လို့ဆိုရမှာပါ။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်ကို အနိုင်ရဖို့အတွက် ဘာတွေလုပ်ဖို့လိုအပ်ပြီး ဒီပွဲအပေါ် ကိုဇော်မျိုးသန့်ကရော ဘယ်လိုခန့်မှန်းပါသလဲ

“မလေးရှားနဲ့ ယှဉ်ရင် အခုကစားရမယ့် ဖိလစ်ပိုင်က ပိုပြီးတော့မြန်တယ်၊ ပိုပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ကစားနိုင်တဲ့အနေအထားရှိတယ်။ နောက်အရေးကြီးဆုံးအချက်က ဖိလစ်ပိုင်ရဲ့ ကန်သွင်းချက်တွေက တော်တော်လေးအားကောင်းတယ်။ နောက် အရပ်အမောင်း ယှဉ်ရင်လည်း ဖိလစ်ပိုင်က ကျနော်တို့ မြန်မာထက်စာရင် ပိုပြီးထွားတယ်။ အထူးသဖြင့်ကတော့ ကစားတဲ့နေရာမှာလည်း သူတို့က တော်တော်လေးကောင်းတယ်။ ဆိုတော့ ဖိလစ်ပိုင်နဲ့ ပွဲမှာ အနိုင်ရချင်ရင်တော့ နည်းပြအနေနဲ့ ခံစစ်နဲ့ ကွင်းလယ်မှာ ဘောလုံးကို ထိန်းပြီးကစားတဲ့ နည်းဗျူဟာနဲ့ သူတင် ကိုယ်တင် ဖွင့်ကစားပြီးတော့ သူ ၁ ဂိုးသွင်းရင် ကိုယ် ၂ ဂိုးရအောင်သွင်းမယ် ဆိုတဲ့ ဗျူဟာနဲ့ ထွက်မှပဲ အနိုင်ရဖို့အတွက် အလားအလာရှိမယ်လို့ ကျနော်အဲလိုပဲ သံုံးသပ်ချက်တယ်။”

မြန်မာအသင်းဟာ အုပ်စု A မှာ အိမ်ရှင်ဖိလစ်ပိုင် ၊ မလေးရှား၊ ကမ္ဘောဒီးယား ၊ တီမောလက်စတေအသင်းတို့ တအုပ်စုတည်းကျနေပြီး ၊ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ တီမောလက်စတေ၊ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ကမ္ဘောဒီးယားအသင်းတွေ နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ မြန်မာအသင်းဟာ အုပ်စုကနေ ထွက်ခဲ့ရပေမယ့်၊ ၂၀၁၅ မှာတော့ ဖိုင်နယ်အထိ တက်နိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၁၇ မှာလည်း ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပါတယ်။ ဆိုတော့ အခုနှစ်ဆီးဂိမ်းမှာ မြန်မာအသင်းရဲ့ အလားအလာ ဘယ်လိုရှိနိုင်သလဲဆိုတဲ့အပေါ်မှာတော့ ကိုဇော်မျိုးသန့်က

“ဒီနှစ် ဆီးဂိမ်းမှာ မြန်မာဘောလုံးအသင်းရဲ့ အလားအလာကိုပြောရမယ်ဆိုရင် သိပ်တော့ မလွယ်လှဘူးလို့ ကျနော်ကတော့ အဲလိုသုံးသပ်ချင်ပါတယ်။ ဖိလစ်ပိုင်နဲ့ ကန်ရမယ်၊ ကမ္ဘောဒီးယားနဲ့ ကန်ရမယ်။ အဲဒီ ၂ သင်းစလုံးက ဒီနှစ်မှာ တော်တော်လေး ကောင်းတယ်ပေါ့ဗျာ။ ဒီနှစ်မှာ တော်တော်လေး ကောင်းတယ်ဆိုတော့ အရင်နှစ်တွေကထက်စာရင် ကစားပုံကတော့ တော်တော်လေးကောင်းလာတယ်။ နောက် ကမ္ဘောဒီးယားနဲ့ မြန်မာက ကျနေ်ာတို့ အာရှ AFF U-22 မှာ ဆုံခဲ့ပြီးပြီ အဲဒီပွဲမှာ ကမ္ဘောဒီးယားက ကျနော်တို့ကို ၂ ဂိုး-၀ နဲ့ နိုင်ထားတယ်ပေါ့နော် ။ အခုလည်း ဒီကစားသမားတွေပဲ အများစု ပြန်ပါလာတာဆိုတော့ အဲဒီရလဒ်ကို ပြောင်းပြန်လုပ်နိုင်ပါ့မလား ဆိုတာလည်း စဉ်းစားစရာပေါ့ဗျာ။ ဖိလစ်ပိုင်နဲ့ ပွဲကိုလည်း အသည်းအသန်ကစားရမယ်။ နောက် ဖိလစ်ပိုင်က အိမ်ရှင်ဗျာ ၊ အဲဒါ ခုနပြောခဲ့သလိုပဲ မြန်မာအသင်းနဲ့ နှိုင်းယှဉ်ရင် ခုနပြောတဲ့ သူ့မှာ အားသာချက်တွေ အများကြီးရှိတယ်။ ဆိုတော့ ဒီနှစ် ဆီးဂိမ်းပိုင်ပွဲဝင် မြန်မာ U-22 ရဲ့ အလားအလာက ပြီးခဲ့တဲ့ နှစ်ကလို ရလဒ်မျိုး ပြန်ရဖို့ ဖြစ်နိုင်ခြေ တော်တော်လေးနည်းတယ်လို့ ကျနော်အဲလိုပဲ သုံးသပ်ချင်ပါတယ်။”

တချိန်က အာရှမှာ လ ျှမ်းလ ျှမ်းတောက်အောင်မြင်ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ကြိမ်ရခဲ့သလို၊ အရှေ့တောင်အာရှမှာလည်း ၁၉၆၅ မှာ ထိုင်းနဲ့ ပူးတွဲတကြိမ်အပါအဝင်၊ ၁၉၆၇၊ ၆၉ ၊ ၇၁၊ နဲ့ ၇၃ ခုနှစ်တွေမှာ ၅ ကြိမ် ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးအကြိမ် ရွှေတံဆိပ်ရခဲ့တာက ၁၉၇၃ ခုနှစ်ကဖြစ်တဲ့အတွက် အခုဆိုရင် မြန်မာဘောလုံး အသင်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် မရတာဟာ ၄၀ ကျော်လာခဲ့ပါပြီ။ မြန်မာ ယူ-၂၂ အသင်းအနေနဲ့ ဒီတကြိမ်မှာ ပရိသတ်တွေမေ ျှာ်လင့်နေတဲ့ ရွှေတံဆိပ်ကို ယူနိုင်မလားဆိုတာကတော့ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG