သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ U-22 နဲ့မလေးရှားအသင်းတို့ ဒီနေ့ကန်မည်


မြန်မာ U-22 လေ့ကျင့်စဉ် (Myanmar Football Federation)
မြန်မာ U-22 လေ့ကျင့်စဉ် (Myanmar Football Federation)

မလေးရှားနိုင်ငံမှာ Kuala Lumpur မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးအုပ်စု A ပွဲစဉ်တွေ အဖြစ် မြန်မာနဲ့ မလေးရှား Laos နဲ့ Brunei အသင်းတို့ ဒီကနေ့ တနင်္လာနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

ဒီကနေ့ပွဲဟာမြန်မာအသင်းအတွက် အုပ်စု A နောက်ဆုံးပွဲ ဖြစ်ပါတယ်။ အရင် ၃ ပွဲလုံးမှာ မြန်မာအသင်းကနိုင်ထားတဲ့အတွက် မြန်မာအသင်းအနေနဲ့က အကြိုဗိုလ်လုပွဲ ဆီမီးဖိုင်နယ်ကို တက်မှာသေချာနေပါတယ်။ အုပ်စု A ထဲက မလေးရှားအသင်းက ဒီကနေ့အပါအဝင် ၂ ပွဲကစားဖို့ကျန်သေးတဲ့အတွက် မြန်မာအသင်းအနေနဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးတက်မလား ဒုတိယနေရာက တက်မလားဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

ဆီမီးဖိုင်နယ်ကျရင် ဘယ်အသင်းနဲ့ တွေ့မလဲဆိုတာ ဒီကနေ့ပွဲရလာဒ်ပေါ်မှာ မူတည်ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းကတော့ Vietnam အသင်းကို ၁ ဂိုး ၃ ဂိုးနဲ့ရှုံးခဲ့ပြီးနောက် ရွှေတံဆိပ်ဆုရနိုင်မယ့် မျှော်လင့်ချက်ဝေးခဲ့ရပေမယ့် ကြေးတံဆိပ်အတွက် မျှော်လင့်ချက်ထားနိုင်ပါသေးတယ်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုအနေအထားမှာတော့ မလေးရှားက ရွှေ ၁၆ ခု၊ ငွေ ၁၃ ခု ၊ ကြေး ၉ ခု နဲ့ ပထမ၊ မြန်မာက ရွှေ ၂ ခု၊ ငွေ ၂ ခု နဲ့ ဆဌမနေရာမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG