သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီး ဥပေဒစိုးမိုးမႈ အားနည္းလို႔ ရာဇဝတ္မႈ ထူေျပာလာ


ရန္ကုန္ၿမိဳ႕မွာ လုံၿခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ လက္ရွိ တရားဥပေဒစိုးမိုးေရး အေတာ္ယိုယြင္းေနတယ္လို႔ ျပည္သူေတြ ေျပာၾကပါတယ္။ ခိုးမႈ၊ လုယက္မႈကေန လူသတ္မႈေတြ အရင္ထက္ ပိုမ်ားေနေပမယ့္ ဥပေဒအတိုင္း ေဆာင္ရြက္ေပးမယ့္သူေတြကို တိုင္ၾကားတာမ်ိဳးလည္း သိပ္မလုပ္ၾကေတာ့ပါဘူး။ တရားဥပေဒစိုးမိုးေရးပိုင္း ေဆာင္ရြက္ေနတဲ့ တာဝန္ရွိသူေတြအေပၚ ျပည္သူေတြရဲ႕ ယုံၾကည္အားကိုးမႈကလည္း နည္းလာတာေၾကာင့္ ျဖစ္တယ္လို႔ ကိုယ္တိုင္ခံရသူေတြက ေျပာပါတယ္။ လက္ရွိ ျပည္သူေတြ ႀကဳံေတ့ြေနရတဲ့ လုံၿခဳံေရးဆိုင္ရာ အခက္အခဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပထားပါတယ္။

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလက စတင္လို႔ တႏွစ္ေက်ာ္ကာလအတြင္း ယိုယြင္းအားနည္းတယ္လို႔ ျမန္မာႏိုင္ငံ ေနရာအႏွံ႔က ျပည္သူေတြ ေထာက္ျပေနတဲ့အထဲမွာ တရားဥပေဒစိုးမိုးေရးပိုင္းလည္း ပါပါတယ္။ ခိုးမႈ၊ လုယက္မႈ၊ ခါးပိုက္ႏႈိက္မႈ၊ ၿမိဳ႕လယ္ေကာင္မွာ ဓားျပတိုက္ခံရမႈေတြ အရင္ထက္ ပိုၿပီးမ်ားလာတယ္လို႔ ကိုယ္တိုင္ႀကဳံခဲ့သူေတြက ေျပာျပပါတယ္။ မိခင္က်န္းမာေရးအတြက္ ေဆး႐ုံမွာ ေစာင့္ဆိုင္းေပးေနခ်ိန္ ေနအိမ္ေဖာက္ထြင္းခိုးခံခဲ့ရလို႔ က်ပ္သိန္းရာခ်ီ ဆုံး႐ႈံးလိုက္ရတဲ့ လႈိင္ၿမိဳ႕နယ္မွာေနတဲ့ အမ်ိဳးသမီးတဦးက သူ႔ရဲ႕ ကိုယ္ေတြ႔အေျခအေနကို ခုလိုေျပာျပပါတယ္။

“အိမ္မွာလူရွိရင္ေတာင္မွကြာ ေသာ့ေတြ အထပ္ထပ္ပိတ္ရတယ္။ တံခါးေခါက္ရင္ ဘယ္သူလဲ အရင္ၾကည့္ရတယ္ အဲလိုမ်ိဳး။ ထိတ္လန႔္ေနရတယ္၊ ထေရာ္မာတခုေတာ့ ရသြားတယ္။ လုံၿခဳံမႈမရွိဘူးေပါ့။ ရန္ကုန္ၿမိဳ႕ႀကီးမွာေတာင္မွ ရဲေတြကေတာင္မွ သူတို႔ကိုယ္တိုင္ စုိးရိမ္ရတဲ့ အေနအထား ျဖစ္ေနတယ္တဲ့။ သူတို႔ကို ဒလန္ဆို အသတ္ခံေနရတယ္၊ သူတို႔လည္း မလုံၿခဳံဘူးေလ။ အဲလိုေျပာတယ္။ ေနာက္ နယ္ေက်ာ္သြားလို႔ မရဘူးတဲ့။ ျပည္သူတေယာက္အေနနဲ႔ ဒီေခတ္ကာလ အမွန္တိုင္းေျပာ၊ ဘာမ်ားေျပာႏိုင္လဲဆိုေတာ့ ေျပာႏိုင္တာ မရွိဘူးထင္တယ္။ ႏိုင္ငံေရးအေျခအေနက ဒီလိုျဖစ္ေနေတာ့ ဘယ္သူ႔ကိုမွ အျပစ္တင္လို႔မရဘူး။ ႏုိင္ငံေရးအေျခအေနက မတည္မၿငိမ္ျဖစ္ေနေတာ့ ခိုးဆိုးလုယက္တာေတြက ရွိေနတာေပါ့။ အမွန္အတိုင္းေျပာရရင္ ဒီကာလႀကီးကို ဒီလိုမေနခ်င္ဘူးကြာ။ လုံၿခဳံမႈရွိရွိနဲ႔ အရင္ NLD အစိုးရလက္ထက္လိုမ်ိဳး ျပန္သြားခ်င္တယ္ကြာ။”

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလထဲမွာ သူ႔ေနအိမ္ ေဖာက္ထြင္းခံခဲ့ရတဲ့အတြက္ မိသားစုပိုင္ဆုိင္သမွ် ဆုံး႐ႈံးလိုက္ရေပမယ့္ ဥပေဒစိုးမိုးေရး ေဆာင္ရြက္သူေတြ ကိုယ္တိုင္က ဥပေဒနဲ႔အညီ အမႈမွန္ေပၚေပါက္ေအာင္ မေဆာင္ရြက္ေပးႏိုင္ခဲ့ဘူးလို႔ သူ႔အေတြ႔အႀကဳံကို ေျပာျပပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း တရားဥပေဒစိုးမိုးေအာင္ လုပ္ေဆာင္ေပးရမယ့္ ရဲဌာနေတြကလည္း ျပည္သူ႔လုံၿခဳံေရးထက္ ဖိႏွိပ္ဖို႔ကိုသာ ပိုတိုးလုပ္ေနၾကတာ ေတြ႔ေနရတာမို႔ ျပည္သူေတြရဲ႕ ယုံၾကည္အားကိုးမႈ အရင္ထက္ က်ဆင္းေနတယ္လို႔ ေျပာေနၾကပါတယ္။

ျပည္သူေတြအေနနဲ႔ ကိုယ့္လုံၿခဳံေရးအတြက္ ကိုယ္တိုင္ တာဝန္ယူေနရတယ္လို႔ ေက်ာက္တံတားၿမိဳ႕နယ္မွာေနသူ တေယာက္က ေျပာပါတယ္။

“ရဲေတြကိုက က်မတို႔က အရင္ထဲက ယုံဖို႔ခက္တာ၊ အခုဆို ပိုဆိုးတာေပါ့။ ခုက အာဏာရွင္ဆန႔္က်င္တဲ့ ဘာဒုကၡမွမေပးတဲ့ ဆႏၵျပကေလးေတြကိုပဲ ရွာဖမ္းဖို႔သာ လုပ္ႏိုင္တာ။ လူဆိုးသူခိုးဆို သူတို႔ မဖမ္းႏိုင္ေတာ့ဘူး။ အဲေတာ့ ဘယ္လို က်မတို႔က ယုံရမလဲ။ ပုဒ္မအမ်ိဳးမ်ိဳးတပ္ ဖမ္းေနတဲ့သူေတြကို က်မတို႔ ဘယ္လိုယုံရမလဲ။ ရဲစခန္းထဲ သြားတိုင္မယ္ဆိုလည္း တဖက္က ဒလန္ထင္ခံရတယ္။ အခန႔္မသင့္ အသတ္ခံရမယ္။ ရွင္းျပလို႔လည္း မရဘူး။ ဘယ္လိုလုပ္ရမလဲ။ ဒီေတာ့ ကိုယ့္ဥစၥာ ကိုယ္ထိန္းပဲ။ က်မတို႔ဘဝက ဆုတ္လည္းဆူး၊ စားလည္း႐ူးပဲ။”

စစ္ေကာင္စီက ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ထားတဲ့ ျမန္မာႏိုင္ငံမွာ ေန႔ခင္းေၾကာင္ေတာင္မွာပါ ခိုးမႈေတြ၊ လုယက္မႈေတြ ျဖစ္ေနတယ္လို႔ ဖုန္းလုခံရသူ၊ ဆြဲႀကိဳးလုခံရသူေတြက ဗီြအိုေအကို ေျပာျပပါတယ္။ ေရႊဆိုင္ေတြမွာလည္း ေရႊဝယ္သူဟန္ေဆာင္ၿပီး ေရႊထည္ပစၥည္းေတြ ခိုးယူတာေတြ၊ လုယက္တာေတြ၊ ဓားျပတိုက္တာမ်ဳိးေတြ ပိုျဖစ္လာပါတယ္။ တရားဥပေဒစိုးမိုးေရး ေလ်ာ့နည္းလာတဲ့အတြက္ အသက္ေသဆုံးတဲ့အထိ ဓားျပတိုက္ခံရမႈေတြ၊ အႏုၾကမ္းစီးခံရမႈေတြလည္း ျဖစ္ေနပါတယ္။

အမည္မေဖာ္လိုတဲ့ စီးပြားေရးလုပ္ငန္းရွင္ တဦးကေတာ့ ေန႔စဥ္ လူေတြနဲ႔ ေရာင္းဝယ္ေရး လုပ္ကိုင္ေနခ်ိန္ ဘယ္သူက လုယက္လာမလဲ ဆိုတာကို ေန႔တိုင္း ေတြးေၾကာက္ေနရတယ္လို႔ ေျပာပါတယ္။

“လုယက္တာ၊ ဓားျပတိုက္ခံရတာေတြက ၾကားေနရတာေပါ့ေနာ္။ အဲ့သတင္းေတြ ဂယက္က လူေတြ အကုန္ကို ႐ိုက္ခတ္တာေပါ့ေနာ္။ က်ေနာ္တို႔က ကိုယ့္ရပ္၊ ကိုယ့္အိမ္၊ ကိုယ့္ပစၥည္းကို ကိုယ့္ဘာသာကိုယ္ ကာကြယ္ေစာင့္ေရွာက္ဆိုတဲ့ သေဘာမ်ိဳးပဲ ရွိေနတယ္။ ရဲဌာနေတြကို အားကိုးမွာတို႔ မရွိဘူး။ ယုံၾကည္ကိုးစားမႈကေတာ့ မရွိေတာ့ဘူးေပါ့ေနာ္။ က်ေနာ္တို႔က လုပ္ငန္းေတြပဲ ရွိတဲ့အခါက်ေတာ့ ဝင္ထြက္သြားလာတာမ်ိဳး ရွိတာေပါ့ေနာ္။ မျမင္ဘူး မေတြ႔ဘူးတာေတြနဲ႔ ႀကဳံေနရတာက်ေတာ့ အၿမဲတမ္း သံသယနဲ႔ ေစာင့္ၾကည့္ေနရတာေပါ့ေလ။ ကိုယ့္ဆီလာ ေစ်းဝယ္တဲ့သူေတြက လူေကာင္းေတြလည္း ျဖစ္ေနႏိုင္တယ္။ ဒါေပမယ့္ ကုိယ္က လူဆိုးမ်ားပါမလား၊ လုမယ့္ ယက္မယ့္ေကာင္ ပါမလား။ အဲလို သံသယနဲ႔ ေနရတာေတာ့ အဲလို စိတ္က ေတာ္ေတာ္ဆိုးတယ္။”

ခုလို အေျခအေနေတြက ရန္ကုန္ၿမိဳ႕မွာမဟုတ္ဘဲ တျခားၿမိဳ႕ေတြမွာလည္း တရားဥပေဒစိုးမိုးမႈ က်ဆင္းၿပီး ခိုးဆိုးလုယက္ေတြ ပိုျဖစ္ေနပါတယ္။

လက္နက္ကိုင္ အဖြဲ႔အစည္းေတြရွိတဲ့ ေနရာတခ်ိဳ႕မွာေတာ့ ခိုးဆိုး လုယက္မႈေတြကို ျပည္သူေတြက အဲဒီအဖြဲ႔အစည္းေတြကို တိုင္ၾကား ေျဖရွင္းတာမ်ိဳး လုပ္ေနၾကပါတယ္။ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္ စတဲ့ဘက္ေတြမွာ သက္ဆိုင္ရာ အာဏာပိုင္ေတြထက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြကို တိုင္းၾကား ေျဖရွင္းတယ္လို႔ ေဒသခံ ျပည္သူေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ လက္နက္ကိုင္ေတြနဲ႔ စစ္ေကာင္စီၾကား နယ္ေျမစိုးမိုးႏိုင္ဖို႔ကိုသာ ပိုအာ႐ုံထားလာတာမို႔ နဂိုတည္းက ဒုစ႐ိုက္သမားေတြ ႀကီးစိုးတတ္တဲ့ ရွမ္းျပည္ေျမာက္ပိုင္းဘက္မွာ ဒုစ႐ိုက္သမားေတြက ပိုမင္းမူလာတယ္လို႔ ေဒသခံတဦးက ဗြီအိုေအကို ခုလိုေျပာပါတယ္။

“ခုက်ေတာ့ လက္နက္ကုိင္အဖြဲ႔ေတြကလည္း က်ေနာ္တို႔ဘက္မွာ နယ္ေျမလုတိုက္ပြဲေတြ ျဖစ္တာနဲ႔ သူတို႔ဘာသာ အလုပ္႐ႈပ္ေနတယ္။ တိုင္းေရးျပည္ေရး မေကာင္းတာေတြနဲ႔ဘဲ ဒါေတြ မလုပ္ေပးႏိုင္ဘူး။ သူတို႔စစ္ဆင္ေရး သူတို႔လုပ္တယ္။ အဲေတာ့ ၿမိဳ႕ေပၚမွာရွိေနတဲ့ သူေတြက ဘယ္သူ႔မွ အားကိုးလို႔ မရေတာ့ဘူး။ ဟိုတေန႔က ကိစၥတခုေလး ရဲကိုသြားတိုင္တယ္။ ရဲက သူနဲ႔မဆိုင္ဘူးေျပာတယ္တဲ့။ ရဲနဲ႔မဆိုင္တဲ့ အမႈအခင္းမ်ိဳး ရွိသလားေပါ့။ ဘယ္လိုဟာမ်ိဳးကိုပဲ ရဲတပ္ဖြဲ႔က လက္ခံသလဲေပါ့။ ေတာ္တန္႐ုံ ရဲလည္း မေျပာေတာ့ဘူး။ ဒါေၾကာင့္မို႔ တရားဥပေဒစိုးမိုးမႈ ပ်က္ေနခ်ိန္မွာ နစ္နာသူ ထိခိုက္သူေတြ အားကိုးရာမဲ့ပါတယ္။ ဒီတိုင္းပဲ အဲလိုျဖစ္ေနပါတယ္။”

တရားဥပေဒစိုးမိုးသူေတြဘက္က ရာဇဝတ္က်ဴးလြန္မႈေတြကို ဖမ္းဆီးႏွိမ္နင္းတာ အားနည္းလာတဲ့အတြက္ ဒုစ႐ိုက္သမားေတြဘက္က ပိုၿပီး အတင့္ရဲလာတယ္လို႔ အမ်ားက သုံးသပ္ၾကပါတယ္။ ဒါေၾကာင့္ ရဲအေယာင္ေဆာင္ ဖမ္းဆီးၿပီး လုယက္တာ၊ အုပ္စုဖြဲ႔ လုယက္တာမ်ိဳးေတြလည္း ရွိတယ္လို႔ ကိုယ္တိုင္ႀကဳံရသူေတြက ဗီြအိုေအကို ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕ အပါအဝင္ နယ္ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ခုလိုအေျခအေနေတြ ျဖစ္ေနတာပါ။

ၿဗိတိန္ႏိုင္ငံအေျခစိုက္ The Economist မဂၢဇင္းရဲ႕ သုေတသနနဲ႔ သုံးသပ္ေရးပိုင္းဆိုင္ရာ Economist Intelligence Unit (EIU) ရဲ႕ ၂၀၂၁ ခုႏွစ္ လုံၿခဳံတဲ့ၿမိဳ႕မ်ား စာရင္းမွာ ရန္ကုန္ၿမိဳ႕ဟာ အဘက္ဘက္က လုံၿခံဳမႈမရွိဆုံး၊ အႏၲရာယ္အမ်ားဆုံးၿမိဳ႕ ျဖစ္တယ္လို႔ ၂၀၂၁ ခုႏွစ္ ဧၿပီလက ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စစ်အာဏာသိမ်းပြီး ဥပဒေစိုးမိုးမှု အားနည်းလို့ ရာဇဝတ်မှု ထူပြောလာ

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လက်ရှိ တရားဥပဒေစိုးမိုးရေး အတော်ယိုယွင်းနေတယ်လို့ ပြည်သူတွေ ပြောကြပါတယ်။ ခိုးမှု၊ လုယက်မှုကနေ လူသတ်မှုတွေ အရင်ထက် ပိုများနေပေမယ့် ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ့်သူတွေကို တိုင်ကြားတာမျိုးလည်း သိပ်မလုပ်ကြတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးပိုင်း ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကလည်း နည်းလာတာကြောင့် ဖြစ်တယ်လို့ ကိုယ်တိုင်ခံရသူတွေက ပြောပါတယ်။ လက်ရှိ ပြည်သူတွေ ကြုံတေ့ွနေရတဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်လို့ တနှစ်ကျော်ကာလအတွင်း ယိုယွင်းအားနည်းတယ်လို့ မြန်မာနိုင်ငံ နေရာအနှံ့က ပြည်သူတွေ ထောက်ပြနေတဲ့အထဲမှာ တရားဥပဒေစိုးမိုးရေးပိုင်းလည်း ပါပါတယ်။ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ မြို့လယ်ကောင်မှာ ဓားပြတိုက်ခံရမှုတွေ အရင်ထက် ပိုပြီးများလာတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောပြပါတယ်။ မိခင်ကျန်းမာရေးအတွက် ဆေးရုံမှာ စောင့်ဆိုင်းပေးနေချိန် နေအိမ်ဖောက်ထွင်းခိုးခံခဲ့ရလို့ ကျပ်သိန်းရာချီ ဆုံးရှုံးလိုက်ရတဲ့ လှိုင်မြို့နယ်မှာနေတဲ့ အမျိုးသမီးတဦးက သူ့ရဲ့ ကိုယ်တွေ့အခြေအနေကို ခုလိုပြောပြပါတယ်။

“အိမ်မှာလူရှိရင်တောင်မှကွာ သော့တွေ အထပ်ထပ်ပိတ်ရတယ်။ တံခါးခေါက်ရင် ဘယ်သူလဲ အရင်ကြည့်ရတယ် အဲလိုမျိုး။ ထိတ်လန့်နေရတယ်၊ ထရော်မာတခုတော့ ရသွားတယ်။ လုံခြုံမှုမရှိဘူးပေါ့။ ရန်ကုန်မြို့ကြီးမှာတောင်မှ ရဲတွေကတောင်မှ သူတို့ကိုယ်တိုင် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်တဲ့။ သူတို့ကို ဒလန်ဆို အသတ်ခံနေရတယ်၊ သူတို့လည်း မလုံခြုံဘူးလေ။ အဲလိုပြောတယ်။ နောက် နယ်ကျော်သွားလို့ မရဘူးတဲ့။ ပြည်သူတယောက်အနေနဲ့ ဒီခေတ်ကာလ အမှန်တိုင်းပြော၊ ဘာများပြောနိုင်လဲဆိုတော့ ပြောနိုင်တာ မရှိဘူးထင်တယ်။ နိုင်ငံရေးအခြေအနေက ဒီလိုဖြစ်နေတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ နိုင်ငံရေးအခြေအနေက မတည်မငြိမ်ဖြစ်နေတော့ ခိုးဆိုးလုယက်တာတွေက ရှိနေတာပေါ့။ အမှန်အတိုင်းပြောရရင် ဒီကာလကြီးကို ဒီလိုမနေချင်ဘူးကွာ။ လုံခြုံမှုရှိရှိနဲ့ အရင် NLD အစိုးရလက်ထက်လိုမျိုး ပြန်သွားချင်တယ်ကွာ။”

၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ သူ့နေအိမ် ဖောက်ထွင်းခံခဲ့ရတဲ့အတွက် မိသားစုပိုင်ဆိုင်သမျှ ဆုံးရှုံးလိုက်ရပေမယ့် ဥပဒေစိုးမိုးရေး ဆောင်ရွက်သူတွေ ကိုယ်တိုင်က ဥပဒေနဲ့အညီ အမှုမှန်ပေါ်ပေါက်အောင် မဆောင်ရွက်ပေးနိုင်ခဲ့ဘူးလို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်ပေးရမယ့် ရဲဌာနတွေကလည်း ပြည်သူ့လုံခြုံရေးထက် ဖိနှိပ်ဖို့ကိုသာ ပိုတိုးလုပ်နေကြတာ တွေ့နေရတာမို့ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှု အရင်ထက် ကျဆင်းနေတယ်လို့ ပြောနေကြပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ယူနေရတယ်လို့ ကျောက်တံတားမြို့နယ်မှာနေသူ တယောက်က ပြောပါတယ်။

“ရဲတွေကိုက ကျမတို့က အရင်ထဲက ယုံဖို့ခက်တာ၊ အခုဆို ပိုဆိုးတာပေါ့။ ခုက အာဏာရှင်ဆန့်ကျင်တဲ့ ဘာဒုက္ခမှမပေးတဲ့ ဆန္ဒပြကလေးတွေကိုပဲ ရှာဖမ်းဖို့သာ လုပ်နိုင်တာ။ လူဆိုးသူခိုးဆို သူတို့ မဖမ်းနိုင်တော့ဘူး။ အဲတော့ ဘယ်လို ကျမတို့က ယုံရမလဲ။ ပုဒ်မအမျိုးမျိုးတပ် ဖမ်းနေတဲ့သူတွေကို ကျမတို့ ဘယ်လိုယုံရမလဲ။ ရဲစခန်းထဲ သွားတိုင်မယ်ဆိုလည်း တဖက်က ဒလန်ထင်ခံရတယ်။ အခန့်မသင့် အသတ်ခံရမယ်။ ရှင်းပြလို့လည်း မရဘူး။ ဘယ်လိုလုပ်ရမလဲ။ ဒီတော့ ကိုယ့်ဥစ္စာ ကိုယ်ထိန်းပဲ။ ကျမတို့ဘဝက ဆုတ်လည်းဆူး၊ စားလည်းရူးပဲ။”

စစ်ကောင်စီက ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံမှာ နေ့ခင်းကြောင်တောင်မှာပါ ခိုးမှုတွေ၊ လုယက်မှုတွေ ဖြစ်နေတယ်လို့ ဖုန်းလုခံရသူ၊ ဆွဲကြိုးလုခံရသူတွေက ဗွီအိုအေကို ပြောပြပါတယ်။ ရွှေဆိုင်တွေမှာလည်း ရွှေဝယ်သူဟန်ဆောင်ပြီး ရွှေထည်ပစ္စည်းတွေ ခိုးယူတာတွေ၊ လုယက်တာတွေ၊ ဓားပြတိုက်တာမျိုးတွေ ပိုဖြစ်လာပါတယ်။ တရားဥပဒေစိုးမိုးရေး လျော့နည်းလာတဲ့အတွက် အသက်သေဆုံးတဲ့အထိ ဓားပြတိုက်ခံရမှုတွေ၊ အနုကြမ်းစီးခံရမှုတွေလည်း ဖြစ်နေပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးကတော့ နေ့စဉ် လူတွေနဲ့ ရောင်းဝယ်ရေး လုပ်ကိုင်နေချိန် ဘယ်သူက လုယက်လာမလဲ ဆိုတာကို နေ့တိုင်း တွေးကြောက်နေရတယ်လို့ ပြောပါတယ်။

“လုယက်တာ၊ ဓားပြတိုက်ခံရတာတွေက ကြားနေရတာပေါ့နော်။ အဲ့သတင်းတွေ ဂယက်က လူတွေ အကုန်ကို ရိုက်ခတ်တာပေါ့နော်။ ကျနော်တို့က ကိုယ့်ရပ်၊ ကိုယ့်အိမ်၊ ကိုယ့်ပစ္စည်းကို ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ဆိုတဲ့ သဘောမျိုးပဲ ရှိနေတယ်။ ရဲဌာနတွေကို အားကိုးမှာတို့ မရှိဘူး။ ယုံကြည်ကိုးစားမှုကတော့ မရှိတော့ဘူးပေါ့နော်။ ကျနော်တို့က လုပ်ငန်းတွေပဲ ရှိတဲ့အခါကျတော့ ဝင်ထွက်သွားလာတာမျိုး ရှိတာပေါ့နော်။ မမြင်ဘူး မတွေ့ဘူးတာတွေနဲ့ ကြုံနေရတာကျတော့ အမြဲတမ်း သံသယနဲ့ စောင့်ကြည့်နေရတာပေါ့လေ။ ကိုယ့်ဆီလာ ဈေးဝယ်တဲ့သူတွေက လူကောင်းတွေလည်း ဖြစ်နေနိုင်တယ်။ ဒါပေမယ့် ကိုယ်က လူဆိုးများပါမလား၊ လုမယ့် ယက်မယ့်ကောင် ပါမလား။ အဲလို သံသယနဲ့ နေရတာတော့ အဲလို စိတ်က တော်တော်ဆိုးတယ်။”

ခုလို အခြေအနေတွေက ရန်ကုန်မြို့မှာမဟုတ်ဘဲ တခြားမြို့တွေမှာလည်း တရားဥပဒေစိုးမိုးမှု ကျဆင်းပြီး ခိုးဆိုးလုယက်တွေ ပိုဖြစ်နေပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ နေရာတချို့မှာတော့ ခိုးဆိုး လုယက်မှုတွေကို ပြည်သူတွေက အဲဒီအဖွဲ့အစည်းတွေကို တိုင်ကြား ဖြေရှင်းတာမျိုး လုပ်နေကြပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ဘက်တွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တိုင်းကြား ဖြေရှင်းတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြား နယ်မြေစိုးမိုးနိုင်ဖို့ကိုသာ ပိုအာရုံထားလာတာမို့ နဂိုတည်းက ဒုစရိုက်သမားတွေ ကြီးစိုးတတ်တဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ဒုစရိုက်သမားတွေက ပိုမင်းမူလာတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“ခုကျတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ကျနော်တို့ဘက်မှာ နယ်မြေလုတိုက်ပွဲတွေ ဖြစ်တာနဲ့ သူတို့ဘာသာ အလုပ်ရှုပ်နေတယ်။ တိုင်းရေးပြည်ရေး မကောင်းတာတွေနဲ့ဘဲ ဒါတွေ မလုပ်ပေးနိုင်ဘူး။ သူတို့စစ်ဆင်ရေး သူတို့လုပ်တယ်။ အဲတော့ မြို့ပေါ်မှာရှိနေတဲ့ သူတွေက ဘယ်သူ့မှ အားကိုးလို့ မရတော့ဘူး။ ဟိုတနေ့က ကိစ္စတခုလေး ရဲကိုသွားတိုင်တယ်။ ရဲက သူနဲ့မဆိုင်ဘူးပြောတယ်တဲ့။ ရဲနဲ့မဆိုင်တဲ့ အမှုအခင်းမျိုး ရှိသလားပေါ့။ ဘယ်လိုဟာမျိုးကိုပဲ ရဲတပ်ဖွဲ့က လက်ခံသလဲပေါ့။ တော်တန်ရုံ ရဲလည်း မပြောတော့ဘူး။ ဒါကြောင့်မို့ တရားဥပဒေစိုးမိုးမှု ပျက်နေချိန်မှာ နစ်နာသူ ထိခိုက်သူတွေ အားကိုးရာမဲ့ပါတယ်။ ဒီတိုင်းပဲ အဲလိုဖြစ်နေပါတယ်။”

တရားဥပဒေစိုးမိုးသူတွေဘက်က ရာဇဝတ်ကျူးလွန်မှုတွေကို ဖမ်းဆီးနှိမ်နင်းတာ အားနည်းလာတဲ့အတွက် ဒုစရိုက်သမားတွေဘက်က ပိုပြီး အတင့်ရဲလာတယ်လို့ အများက သုံးသပ်ကြပါတယ်။ ဒါကြောင့် ရဲအယောင်ဆောင် ဖမ်းဆီးပြီး လုယက်တာ၊ အုပ်စုဖွဲ့ လုယက်တာမျိုးတွေလည်း ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်မြို့ အပါအဝင် နယ်မြို့တော်တော်များများမှာ ခုလိုအခြေအနေတွေ ဖြစ်နေတာပါ။

ဗြိတိန်နိုင်ငံအခြေစိုက် The Economist မဂ္ဂဇင်းရဲ့ သုတေသနနဲ့ သုံးသပ်ရေးပိုင်းဆိုင်ရာ Economist Intelligence Unit (EIU) ရဲ့ ၂၀၂၁ ခုနှစ် လုံခြုံတဲ့မြို့များ စာရင်းမှာ ရန်ကုန်မြို့ဟာ အဘက်ဘက်က လုံခြုံမှုမရှိဆုံး၊ အန္တရာယ်အများဆုံးမြို့ ဖြစ်တယ်လို့ ၂၀၂၁ ခုနှစ် ဧပြီလက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG