သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးအိတ်ပေါင်း ၂၃ အိတ် မြန်မာကမ်းလွန်ရေပြင်မှာ ဖမ်းဆီးရမိ


၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံတွင် ဖမ်းမိခဲ့သည့် Methamphetamine စိတ်ကြွဆေးပြားအထုပ်များ။ (အောက်တိုဘာ ၃၀၊ ၂၀၁၆)
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံတွင် ဖမ်းမိခဲ့သည့် Methamphetamine စိတ်ကြွဆေးပြားအထုပ်များ။ (အောက်တိုဘာ ၃၀၊ ၂၀၁၆)

ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၂၀ လောက် တန်ဖိုးရှိတဲ့ Methamphetamine စိတ်ကြွဆေးအိတ်တွေကို ကပ္ပလီပင်လယ်ထဲမှာ ငါးဖမ်းသမားတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက AFP သတင်းဌာနကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

Methamphetamine စိတ်ကြွဆေး ၂၃ အိတ်ကို ဧရာဝတီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတာကို ငါးဖမ်းသမားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအိတ်တွေကို ပလတ်စတစ်နဲ့ ပတ်ထားတာဖြစ်ပြီး အိတ်တွေပေါ်မှာတော့ တရုတ်နိုင်ငံလုပ် Green Tea လက်ဖက်ခြောက်လို့ တံဆိပ်ကပ်ထားတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း မူးယစ်ဂိုဏ်းအတော်များများဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ ပို့ဖို့အတွက် အဲဒီလိုမျိုး တံဆိပ်ကပ်ပြီး ပို့လေ့ရှိကြတာဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အစောပိုင်းတုန်းကတော့ ငါးဖမ်းသမားတွေက အဲဒီ စိတ်ကြွဆေးတွေကို Deodorant ဂျိုင်းလိမ်းဆေးတွေလို့ ထင်နေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲဒီဆေးပြားတွေကို ရဲတပ်ဖွဲ့ကို အပ်နှံခဲ့တာဖြစ်တယ်လို့ ဒေသခံ NLD အဖွဲ့ဝင်တဦးက AFP ကို ပြောပါတယ်။

အဲဒီ စိတ်ကြွဆေးတွေရဲ့ အလေးချိန်ဟာ စုစုပေါင်း ၆၉၁ ကီလိုဖြစ်ပြီး အဲဒီ စိတ်ကြွဆေးတွေကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့ကို ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

--------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG