သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဝင်ပေါက်တွေမှာ Zika ကို စောင့်ကြည့်စစ်ဆေး


ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ရောဂါပိုး စောင့်ကြည့် စစ်ဆေးနေစဉ်။ ( သြဂုတ် ၂၀၊ ၂၀၁၄)
ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ရောဂါပိုး စောင့်ကြည့် စစ်ဆေးနေစဉ်။ ( သြဂုတ် ၂၀၊ ၂၀၁၄)

ဇီကာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အဝင်ပေါက် အားလုံးမှာ စောင့်ကြည့် သွားဖို့ ကျန်းမာရေးနဲ့ အားကစားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပြီး၊ အထူးသဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ စစ်ဆေးနေပါတယ်။

ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ လူနာတွေ တွေ့ရှိတဲ့ သတင်း ထွက်ပေါ်လာပြီးနောက်၊ မြန်မာနိုင်ငံမှာလဲ ဒီလို စောင့်ကြည့်ဖို့ ဖြစ် လာရတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ချုပ် ဒေါက်တာ ဉာဏ်ဝင်းမြင့် က ပြောပါတယ်။ စောင့်ကြည့်ရေးကို ကျန်းမာရေးဝန်ထမ်းတွေက အချိန်ပြည့် တာဝန်ယူလုပ်နေပြီး၊ ဇီကာပိုးရှိမယ်လို့ သံသယဖြစ်သူကို အမြန်ဆုံးနဲ့ အတိကျဆုံး စစ်ဆေးဖို့ လုပ်နေတယ်လို့ သူကဆိုပါတယ်။

ဒီလို စောင့်ကြည်မှုတွေကို ဘန်ကောက်မြို့မှာရှိတဲ့ Chulalongkorn တက္ကသိုလ် ဓါတ်ခွဲခန်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိမှတ်ပြုထားတဲ့ အိန္ဒိယနိုင်ငံ ESIC အဖွဲ့နဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကို ကုသဖို့နည်းလမ်း ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးတဲ့အတွက် အခုလို ကြိုတင်စောင့်ကြည့်မှုတွေ လုပ်ရတာ ဖြစ်ကြောင်း၊ ခုထိတော့ မြန်မာနိုင်ငံထဲမှာ ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ လူနာမတွေ့ရသေးကြောင်း ၊ ဒါပေမယ့် ရောဂါသယ်ဆောင်နိုင်တဲ့ ခြင်တော့ ပေါကြောင်း ကျန်းမာရေးဌာန အရာရှိတဦးက ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံထားရသူပေါင်း ၁၅၁ ဦးထက်မနည်း ရှိတဲ့အထဲမှာ မြန်မာနိုင်ငံသားတဦးလဲ ပါဝင်တယ်လို့ စင်္ကာပူ အာဏာပိုင်တွေက စက်တင်ဘာ ၂ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG