(Zawgyi/Unicode)
ဂ်ပန္ႏိုင္ငံ အေျခစိုက္ Suzuki ကားကုမၸဏီက ျမန္မာနိုင္ငံမွာ ေနာက္ထပ္ ကားစက္ရံု အသစ္တခု ဖြင့္လွစ္ဖို႔ရွိေနေၾကာင္း မတ္လ ၂၃ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ ကား ပစၥည္းတင္ဆင္ဖို႔ ဂေဟေဆာ္ၿပီးဆက္တာ၊ အေရာင္မႈတ္ဖို႔နဲ႔ ကားတစီးလံုးအၿပီးအစီးတပ္ဆင္ႏိုင္တဲ့ စက္ရံုအသစ္မ်ဳိး တည္ေဆာက္မွာ ျဖစ္တယ္လို႔ Suzuki သီလ၀ါ ေမာ္ေတာ္ကားကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။
၂၀၂၁ခုႏွစ္ စက္တင္ဘာလမွာ စက္ရံုအသစ္ကို အၿပီးအစီးတည္ေဆာက္ၿပီး စတင္လည္ပတ္ဖို႔ ကုမၸဏီက ရည္မွန္းထားပါတယ္။ စက္ရံုကို သီလ၀ါ အထူးစက္မႈဇံုမွာ တည္ေဆာက္မွာျဖစ္ၿပီး တႏွစ္ကို ၄၀,၀၀၀ units အထိ ထုတ္လုပ္ႏိုင္စြမ္း ရွိတယ္လို႔ ဆိုပါတယ္။
Suzuki ကုမၸဏီအေနနဲ႔ ျမန္မာႏိုင္ငံမွာ ၁၉၉၈ခုႏွစ္ကတည္း စတင္ရင္းႏွီးျမွဳပ္ႏွံခဲ့ၿပီး ၁၉၉၉ခုႏွစ္မွာ ျပည္တြင္းထုတ္ ေမာ္ေတာ္ကားနဲ႔ ေမာ္ေတာ္ဆိုက္ကယ္ လုပ္ငန္းနဲ႔ ဖက္စပ္လုပ္ကိုင္ခဲ့ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာရွိေနတဲ့ ကားစက္ရံုႏွစ္ရံုကေနလည္း Suzuki ကားအမ်ဳိးအစားေလးမ်ဳိးျဖစ္တဲ့ Carry, Ciaz, Ertiga နဲ႔ Swift တို႔ကို ထုတ္လုပ္ေနတယ္လို႔ ဆိုပါတယ္။
...............
စူဇူကီးကားစက်ရုံသစ် မြန်မာပြည်မှာဖွင့်မည်
(Unicode)
ဂျပန်နိုင်ငံ အခြေစိုက် Suzuki ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ နောက်ထပ် ကားစက်ရုံ အသစ်တခု ဖွင့်လှစ်ဖို့ရှိနေကြောင်း မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကား ပစ္စည်းတင်ဆင်ဖို့ ဂဟေဆော်ပြီးဆက်တာ၊ အရောင်မှုတ်ဖို့နဲ့ ကားတစီးလုံးအပြီးအစီးတပ်ဆင်နိုင်တဲ့ စက်ရုံအသစ်မျိုး တည်ဆောက်မှာ ဖြစ်တယ်လို့ Suzuki သီလဝါ မော်တော်ကားကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
၂၀၂၁ခုနှစ် စက်တင်ဘာလမှာ စက်ရုံအသစ်ကို အပြီးအစီးတည်ဆောက်ပြီး စတင်လည်ပတ်ဖို့ ကုမ္ပဏီက ရည်မှန်းထားပါတယ်။ စက်ရုံကို သီလဝါ အထူးစက်မှုဇုံမှာ တည်ဆောက်မှာဖြစ်ပြီး တနှစ်ကို ၄၀,၀၀၀ units အထိ ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
Suzuki ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၈ခုနှစ်ကတည်း စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၉၉ခုနှစ်မှာ ပြည်တွင်းထုတ် မော်တော်ကားနဲ့ မော်တော်ဆိုက်ကယ် လုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ကားစက်ရုံနှစ်ရုံကနေလည်း Suzuki ကားအမျိုးအစားလေးမျိုးဖြစ်တဲ့ Carry, Ciaz, Ertiga နဲ့ Swift တို့ကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။