သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ကလာတဲ့ မူးယစ်ဆေးပြား (၁၅)သန်းကျော် ထိုင်းဘက်မှာ ဖမ်းမိ


ထိုင်းနိုင်ငံမှာဖမ်းမိတဲ့ မူးယစ်ဆေးများ
ထိုင်းနိုင်ငံမှာဖမ်းမိတဲ့ မူးယစ်ဆေးများ

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ ပစ်ကပ်ကားပေါ် ဆာလာအိတ် ၇၈ အိတ်နဲ့ တင်လာတဲ့ စိတ်ကြွဆေးပြား ၁၅ သန်း ၆ သိန်းကို ဇန်နဝါရီ ၃၀ က ဖမ်းမိခဲ့တယ်လို့ ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ကားမောင်းသူဟာ အသက် ၂၇ နှစ်အရွယ် တောင်ပေါ်တိုင်းရင်းသားတဦးဖြစ်ပြီး သူ့ကို ဆက်လက် စစ်ဆေးနေတယ်လို့ ထိုင်း နယ်ခြားစောင့် တပ်က သတင်းထုတ်ပြန်ပါတယ်။ အခုဖမ်းမိတဲ့ စိတ်ကြွဆေးတွေဟာ မြန်မာဘက်ကဝင်လာတာ ဖြစ်ပြီး ဒါဟာ အခု ၂၀၂၅ နှစ်စမှာ အများဆုံး ဖမ်းမိတာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောပါတယ်။

ဒီမူးယစ်ဆေးတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေတာကို ကာကွယ်တားဆီးဖို့ အတွက် ထိုင်းအစိုးရက ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒီပြဿနာကို မူဝါဒ အသစ်တွေ ချမှတ်ပြီး ဖမ်းဆီးနှိမ်နင်း သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သူ့အစိုးရ အဖွဲ့အနေနဲ့ (Seal -Stop -Safe) S သုံးလုံး စီမံချက်ကို ချမှတ်ပြီး နယ်စပ်တလျှောက်မှာရှိတဲ့ ခရိုင် ၁၄ ခုက မြို့နယ် ၅၁ မြို့နယ်မှာ ၆ လအတွင်း ရလာဒ်ကောင်း ရအောင် ဌာနဆိုင်ရာ အားလုံး ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ ၃ လအတွင်း မူးယစ်ဆေးပြား သန်း ၆၀ ကျော် ဖမ်းမိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG