သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘတ်ငွေ သန်း ၁,၀၀၀ ကျော်ဖိုး မူးယစ်ဆေး မဲဆောက်မြို့အထွက်မှာဖမ်းမိ


ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာဖမ်းမိတဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို သိမ်းဆည်းနေစဥ်။ (စက်တင်ဘာ ၉၊ ၂၀၂၄/Photo: Thai Police)
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာဖမ်းမိတဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို သိမ်းဆည်းနေစဥ်။ (စက်တင်ဘာ ၉၊ ၂၀၂၄/Photo: Thai Police)

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော်တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို ဖမ်းမိခဲ့အကြောင်း မဲဆောက်အာဏာပိုင်တွေက (စက်တင်ဘာ ၉ ရက်နေ့) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ (၉) ရက် နေ့က မဲဆောက်-တာ့ခ်အဝေးပြေးလမ်းပေါ်က Huai Ya-U စစ်ဆေးရေးဂိတ်မှာ (checkpoint) မှာ ဟင်းသီး ဟင်းရွက်တွေတင်လာတဲ့ ကုန်တင်ကားငယ်တစီးကို သက်ဆိုင်ရာက အသေးစိတ်စစ်ဆေးရာမှာ အသီးရွက်အထုတ်တွေအောက်မှာ ဖွက်ယူသယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကိုဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူ ဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

“စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း တနာရီလောက်မှာ ဟင်းသီးဟင်းရွက်တွေတင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလိုဖမ်းဆီးစစ်ဆေးရာမှာ ဟင်းသီးဟင်းရွက်ကားအသွင် ဖန်တီးထားတဲ့ကားပေါ်မှာ အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်နဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေ ကာလတန်ဖိုးဘတ်ငွေသန်းပေါင်း တထောင်ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။”

ဆာလာအိတ် ၃၀ ထဲမှာ အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုနဲ့အိတ် ၁၅လုံးထဲမှာတာ့ ketamine, (ခေတမင်) စိတ်ကြွဆေး ၅၄၉ ကီလို ဖမ်းဆီးခဲ့တာပါ။ အားလုံးပေါင်းရင်တော့ မူးယစ်ဆေးတတန်ကျော် သယ်ဆောင်လာတာပါ၊

ကားမောင်းသူရဲ့၀န်ခံချက်အရ ဒီ မူးယစ်ဆေး၀ါးတွေကို တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ်ထဲကနေ ကမ်ဖယ်ဘက်နေရာအထိရောက်အောင် ဘတ်ငွေတသိန်း အခကြေးငွေယူပြီး သယ်ပေးခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်။ ကားမောင်းသမားကတော့ တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားတာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ကားမောင်းသမားရဲ့နေအိမ်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဆက်တိုက်ရှာဖွေနေပါတယ်ရှင်။

ဘတ်ငွေ သန်း ၁,၀၀၀ ကျော်ဖိုး မူးယစ်ဆေး မဲဆောက်မြို့အထွက်မှာဖမ်းမိ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG