သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၁၁ သန်းဖမ်းဆီးရမိ


ထိုင်းနိုင်ငံ၊ ချင်းဒေါင်းမြို့နယ်မှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ တော်ဝင်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တဲ့ မြန်မာပြည်ဘက်ကဝင်လာတဲ့ စိတ်ကြွဆေးပြားထည့်ထားတဲ့အိိတ်များ။ (သြဂုတ်လ ၂၉၊ ၂၀၂၄/ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းနိုင်ငံ၊ ချင်းဒေါင်းမြို့နယ်မှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ တော်ဝင်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တဲ့ မြန်မာပြည်ဘက်ကဝင်လာတဲ့ စိတ်ကြွဆေးပြားထည့်ထားတဲ့အိိတ်များ။ (သြဂုတ်လ ၂၉၊ ၂၀၂၄/ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ မြန်မာဘက်က ဝင်လာတဲ့စိတ်ကြွဆေးပြား အလုံးရေ ၁၁ သန်းကို ထိုင်း နယ်ခြား စောင့်တပ်နဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမြောက်ပိုင်းအမှတ် (၃) ဒေသ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ မြန်မာဘက်က ဝင်လာတဲ့ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း၂,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၁၁ သန်းကို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

ချင်းမိုင်ခရိုင်အမှတ် (၃) ဒေသ ဒုရဲချူပ် Lt. Gen. Yongkiat Manpraser ရောင်ကရက် မန်ပါဆာက သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“ချင်းမိုင်ခရိုင်မှာ ဒီနှစ်အတွင်း အများဆုံးဖမ်းဆီးနိုင်ခဲ့တာပါ။ ခုလိုဖမ်း မိနိုင်ဖို့ နယ်စပ်ဒေသက တာဝန်သိပြည်သူတွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ထိုင်း-မြန်မာနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ နောက်ထပ် မဝင်လာအောင် ပိတ်ဆို့သွားမှာဖြစ်ပါတယ်။”

အမှတ် (၃) စစ်ဒေသက သတင်းထုတ်ပြန်ချက်အရ ဒီမူးယစ်ဆေးဝါးတွေကိုသယ်ဆောင်နေတဲ့ဂိုဏ်းဟာ တဘက်နိုင်ငံက ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြားတွေကို နယ်စပ်ကျေးရွာတွေမှာ ယာယီထိန်းသိမ်းထားပြီး ထိုင်းဘက်ခြမ်းနယ်စပ်ဘက်မှာ လုံခြုံရေးနည်းပါးချိန်ကို စောင့်ကြည့်ပြီး အခွင့်သာတော့မှ သယ်ဆောင်လာကြတာလို့လည်း ဆိုပါတယ်။ ထိုင်းနယ်ခြားစောင့်တပ်နဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆယ်တွေသယ်ဆောင်လာတဲ့အချိန်ကို စောင့်ကြည့်ပြီး သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာလို့လည်းသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ ရှေ့ပြေးလမ်းကြောင်းကြည့်တဲ့ဆိုင်ကယ်တစီးကို ဖမ်းမိခဲ့ပြီးနောက် အဲဒီဆိုင်ကယ်နောက်ကနေ လိုက်လာတဲ့ကားကို မိအောင်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ကားပေါ်ကနေ ဖမ်းမိတဲ့တရားခံနှစ်ဦးနဲ့အတူ စိတ်ကြွဆေးပြား ၁၁ သန်းပါတဲ့ ဆာလာအိတ် ၅၅ အိတ်ကိုသိမ်းဆည်းဆီးခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG