သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်လက်နက်ဝယ်ယူမှု ထိုင်းဘဏ်တွေနဲ့ ဆက်စပ်တဲ့  အထောက်အထားမတွေ့ရ 


စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)
စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

မြန်မာစစ်ကောင်စီ လက်နက်တွေဝယ်ယူလို့ရနိုင်အောင် ထိုင်းဘဏ်တွေက ကူညီပေးနေတယ်လို့ ကုလသမဂ္ဂရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ အထောက်အထားမတွေ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂက ဇွန်လမှာ အဲဒီလိုပြောခဲ့တာနဲ့ပတ်သက်လို့ အထူး အစီရင်ခံစာထုတ်ပြန်ခဲတဲ့အပေါ်မှာ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနတို့က ချက်ခြင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ညွန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း ပူးတွဲ ကြေညာခဲ့ပါတယ်။

၆ လကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံမှာ ဖော်ပြခံထားရတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ဘဏ်တချို့ကြား ထိတွေ့ ဆက်စပ်မှုတွေ ရှိခဲ့တယ်ဆိုတာကို ထိုင်းအစိုးရက စုံစမ်းတွေ့ရှိရပေမယ့် အဲဒီလို ဆက်ဆံမှုတွေကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူ Tom Andrew က “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar” ဘဏ်တွေ နဲ့ အစိုးရတွေက မြန်မာစစ်ကောင်စီ လူသတ်လက်နက်တွေ ဝယ်ယူလို့ရအောင် ကူညီပေးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာစစ်ကောင်စီ လက်နက်တွေဝယ်ယူလို့ရအောင် ကူညီပေးနေတဲ့အထဲ ထိုင်းနိုင်ငံက ဘဏ်တွေဟာ အဓိက အရေးအပါဆုံး ဖြစ်လာနေပြီး ၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၆၀ ဖိုး စစ်လက်နက်တွေ ဝယ်ယူဖို့ ကူညီ ဆောင်ရွက်ပေးခဲ့ရာက ၂၀၂၃ ဘဏ္ဍာနှစ်မှာနှစ်ဆတိုးပြီး ဒေါ်လာ သန်း ၁၂၀ အထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းဗဟိုဘဏ်နဲ့ ကြေးခဝါချမှုတိုက်ဖျက်ရေးဌာတို့က အခု ပူးတွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ သူတို့ဘက်က ဒီထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေရောက်အောင် လုပ်ဆောင်လို့ရနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်လက်နက်ဝယ်ယူမှု ထိုင်းဘဏ်တွေနဲ့ ဆက်စပ်တဲ့  အထောက်အထားမတွေ့ရ 
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG