သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလး လူငယ္သင္တန္းေက်ာင္းမွာ ဆယ္ေက်ာ္သက္ ၂ ဦး ေသဆံုးမႈ စတင္စစ္ေဆး


မႏၱေလး လူငယ္သင္တန္းေက်ာင္းမွာ ေသဆုံးခဲ့တဲ့ ေမာင္ခုိင္ေဇာ္ထြန္းအတြက္ ပူေဆြးေသာကေရာက္ေနတဲ့ မိသားစုဝင္ေတြနဲ႔ ေဆြမ်ဳိးမိတ္ေဆြမ်ား။ (ၾသဂုတ္ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လူငယ္သင္တန္းေက်ာင္းက လူငယ္ ၂ ဦး ေသဆံုးမႈအတြက္ အစိုးရဘက္က စစ္ေဆးစံုစမ္းမႈေတြ စလုပ္ေနေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

မႏၱေလး လူငယ္သင္တန္းေက်ာင္းမွာ ထိန္းသိမ္းခံထားရတဲ့ လူူငယ္ ၂ ဦးဟာ ႏွိပ္စက္ညႇဥ္းပန္းတဲ့ဒဏ္ေၾကာင့္ မၾကာခင္က ေသခဲ့ရတယ္လုိ႔ မိသားစုတစုဘက္က စြပ္စြဲအၿပီးမွာ တာဝန္ရွိသူေတြဘက္က မေန႔က အခုလို ေျပာလိုက္တာပါ။

မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔နဲ႔ ဒီသင္တန္းေက်ာင္းကို ႀကီးၾကပ္ေနရတဲ့ ျပည္ေထာင္စုအဆင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနတို႔က စံုစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီလို႔ မေန႔ တနဂၤေႏြက ေၾကညာခဲ့ပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ ေမာင္ျပည့္ၿဖိဳးေမာင္နဲ႔ ေမာင္ခိုင္ေဇာ္ထြန္းတို႔ဟာ လုယက္မႈနဲ႔ ၿပီးခဲ့တဲ့လကုန္ပိုင္းက ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ဒီသင္တန္းေက်ာင္းမွာ ထိန္းသိမ္းခံေနရတာကေန ထြက္ေျပးတဲ့အတြက္ ျပန္ဖမ္းခဲ့အၿပီးမွာ ဒဏ္ရာေတြနဲ႔ ခုလို ေသဆံုးခဲ့ၾကတာလို႔ မိသားစုဘက္က ဆိုပါတယ္။

ျမန္မာႏိုင္ငံက ထိန္းသိမ္းေရးစနစ္မွာ ဆိုးဆိုးဝါးဝါးေတြ ျဖစ္ေနတယ္လို႔ သတင္းေတြ ရွိလာခဲ့ခ်ိန္မွာ ေမာင္ျပည့္ၿဖိဳးေမာင္ရဲ႕မိခင္ အသက္ ၄၂ ႏွစ္အရြယ္ ေဒၚမ်ိဳးမ်ိဳးေထြးက သူ႔သားမ်က္ႏွာမွာ ဖူးေရာင္ေနတဲ့ ဒဏ္ရာေတြ ရခဲ့တာမို႔ ႏွလံုးကြဲမတတ္ ခံစားရတယ္၊ ဒီအတြက္ ေျဖရွင္းေပးပါ၊ အမွန္အတိုင္း သိခ်င္တယ္လို႔ ေတာင္းဆိုခဲ့တာကို AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

မႏၱေလးတိုင္းေဒသႀကီး စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဥကၠ႒ျဖစ္တဲ့ တိုင္းေဒသႀကီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးမ်ိဳးသစ္က ဒီ ထိန္းသိမ္းေရးစခန္းေတြမွာ ထားႏိုင္တဲ့ အေနအထားထက္ ၂ ဆေက်ာ္ၿပီး လူ ၅၀၀ နီးပါး ရွိေနကာ လူငယ္အခ်င္းခ်င္း ျပန္အုပ္ခ်ဳပ္ၾကၿပီး ေထာင္လိုျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚစန္္းစန္းေအးကေတာ့ CCTV ကင္မရာ အေထာက္အထားေတြအရ ဒီလူငယ္ေလးေတြက သူတို႔ထက္ႀကီးတဲ့ ထိန္းသိမ္းခံထားရသူေတြနဲ႔ ထိုးႀကိတ္ေနခဲ့တာ ေတြ႔ရတယ္၊ ဒါေပမယ့္ ဒါေၾကာင့္ ေသတယ္လို႔ေတာ့ မေျပာႏိုင္ဘူးလို႔ ဆိုပါတယ္။

ဒီလူငယ္ ၂ ဦးနဲ႔အတူ ေနာက္ ၃ ဦးတို႔ဟာ အရြယ္မေရာက္ေသးတဲ့ ျပစ္မႈက်ဴးလြန္သူေတြကို ထိန္းသိမ္းထားတဲ့ မႏၱေလး လူငယ္သင္တန္းေက်ာင္းကို ဇူလိုင္ ၂၆ ရက္ေန႔မွာ အပို႔ခံရၿပီး ၅ ရက္အတြင္း ထြက္ေျပးခဲ့ၾကတာမွာ တဦးက အဖမ္းခံရတဲ့ေန႔မွာ ေသဆံုးခဲ့ၿပီး ေနာက္တဦးက ဗုဒၶဟူးေန႔က ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မန္တလေး လူငယ်သင်တန်းကျောင်းမှာ ဆယ်ကျော်သက် ၂ ဦး သေဆုံးမှု စတင်စစ်ဆေး

မြန်မာနိုင်ငံမှာ လူငယ်သင်တန်းကျောင်းက လူငယ် ၂ ဦး သေဆုံးမှုအတွက် အစိုးရဘက်က စစ်ဆေးစုံစမ်းမှုတွေ စလုပ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မန္တလေး လူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းခံထားရတဲ့ လူူငယ် ၂ ဦးဟာ နှိပ်စက်ညှဉ်းပန်းတဲ့ဒဏ်ကြောင့် မကြာခင်က သေခဲ့ရတယ်လို့ မိသားစုတစုဘက်က စွပ်စွဲအပြီးမှာ တာဝန်ရှိသူတွေဘက်က မနေ့က အခုလို ပြောလိုက်တာပါ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဒီသင်တန်းကျောင်းကို ကြီးကြပ်နေရတဲ့ ပြည်ထောင်စုအဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ မနေ့ တနင်္ဂနွေက ကြေညာခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် မောင်ပြည့်ဖြိုးမောင်နဲ့ မောင်ခိုင်ဇော်ထွန်းတို့ဟာ လုယက်မှုနဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက ထောင်ဒဏ် ၂ နှစ်နဲ့ ဒီသင်တန်းကျောင်းမှာ ထိန်းသိမ်းခံနေရတာကနေ ထွက်ပြေးတဲ့အတွက် ပြန်ဖမ်းခဲ့အပြီးမှာ ဒဏ်ရာတွေနဲ့ ခုလို သေဆုံးခဲ့ကြတာလို့ မိသားစုဘက်က ဆိုပါတယ်။

မြန်မာနိုင်ငံက ထိန်းသိမ်းရေးစနစ်မှာ ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတယ်လို့ သတင်းတွေ ရှိလာခဲ့ချိန်မှာ မောင်ပြည့်ဖြိုးမောင်ရဲ့မိခင် အသက် ၄၂ နှစ်အရွယ် ဒေါ်မျိုးမျိုးထွေးက သူ့သားမျက်နှာမှာ ဖူးရောင်နေတဲ့ ဒဏ်ရာတွေ ရခဲ့တာမို့ နှလုံးကွဲမတတ် ခံစားရတယ်၊ ဒီအတွက် ဖြေရှင်းပေးပါ၊ အမှန်အတိုင်း သိချင်တယ်လို့ တောင်းဆိုခဲ့တာကို AFP သတင်းမှာ ဖော်ပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဒီ ထိန်းသိမ်းရေးစခန်းတွေမှာ ထားနိုင်တဲ့ အနေအထားထက် ၂ ဆကျော်ပြီး လူ ၅၀၀ နီးပါး ရှိနေကာ လူငယ်အချင်းချင်း ပြန်အုပ်ချုပ်ကြပြီး ထောင်လိုဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးကတော့ CCTV ကင်မရာ အထောက်အထားတွေအရ ဒီလူငယ်လေးတွေက သူတို့ထက်ကြီးတဲ့ ထိန်းသိမ်းခံထားရသူတွေနဲ့ ထိုးကြိတ်နေခဲ့တာ တွေ့ရတယ်၊ ဒါပေမယ့် ဒါကြောင့် သေတယ်လို့တော့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

ဒီလူငယ် ၂ ဦးနဲ့အတူ နောက် ၃ ဦးတို့ဟာ အရွယ်မရောက်သေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းထားတဲ့ မန္တလေး လူငယ်သင်တန်းကျောင်းကို ဇူလိုင် ၂၆ ရက်နေ့မှာ အပို့ခံရပြီး ၅ ရက်အတွင်း ထွက်ပြေးခဲ့ကြတာမှာ တဦးက အဖမ်းခံရတဲ့နေ့မှာ သေဆုံးခဲ့ပြီး နောက်တဦးက ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG