သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလဆိုင္ရာျမန္မာကိုယ္စားလွယ္ ေရြးခ်ယ္ေရး အစီအစဥ္ စိစစ္ေရးေကာ္မီတီ ဆိုင္းငံ့


စိစစ္လက္ခံေရး ေကာ္မတီ ဥကၠ႒ Anna Karin Eneström သတင္းေထာက္ေတြနဲ႔ ေတြ႔ဆုံစဥ္

ကုလဆိုင္ရာျမန္မာကိုယ္စားလွယ္ ေရြးခ်ယ္ေရး အစီအစဥ္ စိစစ္ေရးေကာ္မီတီ ဆိုင္းငံ့

{{Zawgyi/Unicode}}

ကုလသမဂၢမွာ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားျပဳမယ့္သူ ေနရာအတြက္ စဥ္းစားဆုံးျဖတ္မယ့္ အစီအစဥ္ကို ကုလသမဂၢရဲ႕ စိစစ္လက္ခံေရး ေကာ္မတီ (Credentials Committee) က ဆိုင္းင့ံလိုက္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာနဲ႔ ၾသဂုတ္လထဲ တာလီဘန္ေတြ တေက်ာ့ျပန္ အာဏာရခဲ့တဲ့ အာဖဂန္နစၥတန္ ႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာေတြကို အဖဲြ႔ဝင္ ၉ ဦး ပါဝင္တဲ့ ေကာ္မတီမွာ ေဆြးေႏြးရာမွာ လတ္တေလာ အဆုံးအျဖတ္မေပးဘဲ ဆိုင္းငံ့ထားဖို႔ ဆုံးျဖတ္လိုက္တာပါ။

“ဒီ ၂ ႏိုင္ငံအတြက္ ကိုယ္စားျပဳမယ့္သူ ေနရာအတြက္ ဆုံးျဖတ္မယ့္ အစီအစဥ္ကို ေရႊ႕ဆိုင္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။” လို႔ ေကာ္မတီဥကၠ႒ ကုလသမဂၢဆိုင္ရာ ဆြီဒင္သံအမတ္ႀကီး Anna Karin Eneström နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ဗုဒၶဟူးေန႔က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။ ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ လက္ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း အေနနဲ႔ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္အျဖစ္ ဆက္လက္ တာဝန္ယူခြင့္ရမွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း ေျပာဆိုထားတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုေတာ့ ျမန္မာစစ္အာဏာပိုင္ေတြက ႏိုင္ငံေတာ္သစၥာေဖာက္အျဖစ္ စြပ္စဲြထားၿပီး ရာထူးက ဖယ္ရွားေၾကာင္း ေၾကညာထားသလို သူ႔ေနရာမွာ စစ္အရာရွိတဦးနဲ႔ အစားထိုးဖို႔လည္း ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ တာဝန္ယူႏိုင္ေအာင္ Credentials Committee ေဆြးေႏြးမႈေတြ မလုပ္ဘဲ ဆိုင္းငံ့ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း သံတမန္ အသိုင္းအဝုိင္းကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေဖာ္ျပခဲ့တာပါ။

ေကာ္မတီဥကၠ႒ ဆြီဒင္သံအမတ္ႀကီးကေတာ့ လက္ရွိသံအမတ္ႀကီးေတြ ဆက္လက္ တာဝန္ယူခြင့္ရွိမွာလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကိုေတာ့ ေျဖၾကားဖို႔ ျငင္းဆန္ခဲ့ပါတယ္။ Credentials Committee မွာေတာ့ ကုလသမဂၢ လုံျခံဳေရး ေကာင္စီမွာ ဗီတိုအာဏာပိုင္တဲ့ အေမရိကန္၊ တ႐ုတ္၊ ႐ုရွားတို႔အျပင္ ဟားမား၊ ဘူတန္၊ ခ်ီလီ၊ နမီဘီးယား၊ ဆီရာလီယြန္းနဲ႔ ဆြီဒင္ႏိုင္ငံတို႔လည္း ပါဝင္ၾကၿပီး ကုလသမဂၢ ကိုယ္စားလွယ္ေနရာေတြနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာေတြကို အေထြေထြညီလာခံထံ ဒီႏွစ္မကုန္ခင္ တင္ျပရမွာ ျဖစ္ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေး အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့

{{Zawgyi/Unicode}}

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးရာမှာ လတ်တလော အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တာပါ။

“ဒီ ၂ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ကော်မတီဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Anna Karin Eneström နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကြောင့် လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတော့ မြန်မာစစ်အာဏာပိုင်တွေက နိုင်ငံတော်သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားသလို သူ့နေရာမှာ စစ်အရာရှိတဦးနဲ့ အစားထိုးဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်အောင် Credentials Committee ဆွေးနွေးမှုတွေ မလုပ်ဘဲ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။

ကော်မတီဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီးကတော့ လက်ရှိသံအမတ်ကြီးတွေ ဆက်လက် တာဝန်ယူခွင့်ရှိမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG