သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာအများအပြား ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ 


ထိုင်းနိုင်ငံ အယုဒ္ဓယ အဝေးပြေး ကားလမ်းမကြီးပေါ်မှာတရားမဝင် မြန်မာ အလုပ်သမား ၁၃ ဦးကို ဖမ်းဆီးရမိ (စက်တင်ဘာ ၁၃၊ ၂၀၂၃)ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့
ထိုင်းနိုင်ငံ အယုဒ္ဓယ အဝေးပြေး ကားလမ်းမကြီးပေါ်မှာတရားမဝင် မြန်မာ အလုပ်သမား ၁၃ ဦးကို ဖမ်းဆီးရမိ (စက်တင်ဘာ ၁၃၊ ၂၀၂၃)ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်ထောင် - အယုဒ္ဓယ အဝေးပြေး ကားလမ်းမမှာ စက်တင်ဘာလ ၁၃ ရက်နေ့က တရားမဝင်မြန်မာ အလုပ်သမား ၁၃ ဦးကို တင်ဆောင်လာပြီး မောင်းပြေးတဲ့ ပစ်ကပ်ကားကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့ပေမဲ့ ထွက်ပြေးသူတွေကိုဖမ်းမိခဲ့တယ်လို့ အန်ထောင်းမြို့နယ် စုံစမ်းစစ်ဆေးရေး ရဲမှူးကြီး Rachan Petcharuchi က ပြောပါတယ်။ အလားတူ တာ့ခ်ခရိုင်နဲ့တခြားခရိုင်တွေမှာလည်း မြန်မာတွေ ဖမ်းမိတာကြောင့် ဒီရက်ထဲမြန်မာ ၇၀ထက်မနည်းဖမ်းဆီးခံရတယ်လို့လည်းအလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကပြောပါတယ်။

"အယုဒ္ဓယ အဝေးပြေး ကားလမ်းမကြီးပေါ်မှာတရားမဝင် မြန်မာ အလုပ်သမား ၁၃ ဦးကို တင်ဆောင်မောင်းနှင်လာတဲ့ ပစ်ကပ်မော်တော်ယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့က တားဆီးစစ်ဆေးဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီ မော်တော်ယာဉ်က တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့တာကြောင့် ပိုက်စိတ်တိုက်လိုက်ဖမ်းတာကြောင့် နောက်ဆုံးမှာမြန်မာ ၁၃ ဦးကိုဖမ်းမိပါတယ်။ စစ်တပ်ရဲ့မှုခင်းရဲ၊ လ၀ကရဲ ၊နယ်ခြားစောင့်ရဲတွေအဖွဲ့စုံက ရှောင်တခင်စစ်ဆေးတဲ့အခါမှာမဲဆောက်မှာအလုပ်လုပ်နေတဲ့မြန်မာ ၂ယောက် မြ၀တီဘက်က ကူးလာတဲ့မြန်မာ ၂ယောက်ရယ်ဖမ်းဆီးရမိတယ်လို့သတင်းထုတ်ပြန်ပါတယ်။ ဒီရက်ထဲမှာတော့ ဖမ်းမိတာ လူ၇၀လောက်ရှိပါတယ်"

ထိုင်းမြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားတာကတော့စက်တင်ဘာလ ၆ ရက်နေ့ ကနေ စက်တင်ဘာလ၁၅ ရက်နေ့အတွင်းမှာ အထူးစစ်ဆင်ရေးအနေနဲ့ ဖမ်ဆီးစစ်ဆေးမှုတွေ လုပ်မယ်လို့လည်းသတင်းထုတ်ပြန်ထားတယ်လို့လည်းဦးမိုးကြိုးကပြောပါတယ်။

"တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးအကြောင်းအရာ ၄ခုနဲ့ ပိုက်စိတ်တိုက် စစ်ဆေးမူတွေ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမူတွေလုပ်မယ်လို့သတင်းထုတ်ပြန်ထားပါတယ်"

မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးမှုနိုင်ငံရေးမတည်ငြိမ်မူတွေကြောင့်အိမ်နီးချင်းနိုင်ငံတွေမှာအလုပ်လာလုပ်ကြရာမှာ ထိုင်းနိုင်ငံကတော့မြန်မာတွေ အများဆုံးအလုပ်လာလုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာတွေဟာ ထိုင်းမြန်မာနယ်စပ်တွေကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကိုလူကုန်ကူးသူတွေကိုပိုက်ဆံပေးပြီး ဝင်ရောက်လာကြတာဖြစ်လို့ ထိုင်းနိုင်ငံကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေလူကုန်ကူးမှုတွေနဲ့တရားစွဲအရေးယူသွားမယ်လို့လည်းပြောပါတယ်။

XS
SM
MD
LG