သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးႏွံေရး အရွိန္ႁမွင္႔လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာအဖဲြ႕အစည္းေတြနဲ႔ ျမန္မာေဆြးေႏြး


[ Zawgyi ]

ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO – GAVI နဲ႔ UNICEF အပါအဝင္ ကုလသမဂၢအဖြဲ႔ေတြ ပူးတြဲၿပီး ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကာကြယ္ေဆး ထိုးတဲ့ လုပ္ငန္း အရွိန္ႁမွင့္ဖို႔အတြက္ သက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးေနေၾကာင္း ကုလသမဂၢအဖြဲ႔ေတြက စက္တင္ဘာလ ၃၀ ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ကုလသမဂၢနဲ႔ မဟာမိတ္အဖြဲ႔ေတြက ကိုဗစ္ ၁၉ ကာကြယ္ေဆးထိုးလုပ္ငန္းကို အရွိန္ႁမွင့္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ၿပီး ျမန္မာႏိုင္ငံ အတြက္ COVAX အဖြဲ႔ပံ့ပိုးမႈနဲ႔ ကိုဗစ္ ၁၉ ကာကြယ္ေဆး ၆.၂ သန္းကို ကနဦး ခြဲေဝးေပးထားေၾကာင္းနဲ႔ ဒီေဆးေတြကို WHO ရဲ ့လမ္းၫႊန္ခ်က္နဲ႔ အညီ ျဖန္႔ျဖဴးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

COVAX အဖြဲ႔ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO၊ ကာကြယ္ေဆးထိုးျခင္းနဲ႔ ကမာၻလံုးဆိ္ုင္ရာ ကာကြယ္ေဆး ထိုးႏွံေရးမဟာမိတ္အဖြဲ႔ GAVI ၊ ကူးစက္ေရာဂါႀကိဳတင္ျပင္ဆင္မႈ ဆန္းသစ္တီထြင္မႈမ်ားအဖြဲ႔ CEPI နဲ႔ ကမာၻ႔ကေလးမ်ား ရံပံုေငြအဖြဲ႔ UNICEF တို႔ပူးေပါင္းၿပီး ကမာၻတလႊား ကိုဗစ္ ၁၉ ကာကြယ္ေဆး အညီအမွ်ရရွိေစဖို႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွက တျခားႏိုင္ငံေတြနဲ႔ ယွဥ္ရင္ ကိုဗစ္ေရာဂါ စစ္ေဆး ထိန္းခ်ဳပ္ရာမွာ အကန္႔သတ္ရွိေနတာ၊ ကိုဗစ္ကာကြယ္ေဆး ထိုးေပးႏိုင္မႈ နည္းပါးတာေတြေၾကာင့္ ဒီေရာဂါ ျဖစ္ပြါးျပန္႔ႏွံမႈ ျပင္းထန္တာ ေတြ႕ရတယ္လို႔ ေျပာပါတယ္။ အခုအခ်ိန္ထိဆို လူဦးေရရဲ႕ ၁၃.၁ ရာခိုင္ႏႈန္းက ကာကြယ္ေဆး တႀကိမ္ထိုးထားၿပီး ၂ ႀကိမ္ထုိး ၿပီးသူက ၆.၈ ရာခိုင္ႏႈန္းသာ ရွိေသးတဲ့ အတြက္ ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းကို က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏိုင္ရင္ ဒီေရာဂါ အတြက္ ကာကြယ္ႏိုင္ေျခ နည္းပါးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အစီရင္ခံ မွတ္တမ္းေတြ အရ ျမန္မာႏိ္ုင္ငံမွာ ဒီေရာဂါ ကူးစက္မႈ ၄ သိန္း ၆ ေသာင္းေက်ာ္ရွိၿပီး ေသဆံုးသူ တေသာင္း ရွစ္ေထာင္ေက်ာ္ ရွိတာ ေတြ႕ရေၾကာင္းလည္း ေဖၚျပထားပါတယ္။

[ Unicode ]

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြန်မာဆွေးနွေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO – GAVI နဲ့ UNICEF အပါအဝင် ကုလသမဂ္ဂအဖွဲ့တွေ ပူးတွဲပြီး မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးတဲ့ လုပ်ငန်း အရှိန်မြှင့်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြောင်း ကုလသမဂ္ဂအဖွဲ့တွေက စက်တင်ဘာလ ၃၀ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ကုလသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် COVAX အဖွဲ့ပံ့ပိုးမှုနဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး ၆.၂ သန်းကို ကနဦး ခွဲဝေးပေးထားကြောင်းနဲ့ ဒီဆေးတွေကို WHO ရဲ့လမ်းညွှန်ချက်နဲ့ အညီ ဖြန့်ဖြူးမှာ ဖြစ်ကြောင်း ပြောပါတယ်။

COVAX အဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ကာကွယ်ဆေးထိုးခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထိုးနှံရေးမဟာမိတ်အဖွဲ့ GAVI ၊ ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်တီထွင်မှုများအဖွဲ့ CEPI နဲ့ ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ UNICEF တို့ပူးပေါင်းပြီး ကမ္ဘာတလွှား ကိုဗစ် ၁၉ ကာကွယ်ဆေး အညီအမျှရရှိစေဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကိုဗစ်ရောဂါ စစ်ဆေး ထိန်းချုပ်ရာမှာ အကန့်သတ်ရှိနေတာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု နည်းပါးတာတွေကြောင့် ဒီရောဂါ ဖြစ်ပွါးပြန့်နှံမှု ပြင်းထန်တာ တွေ့ရတယ်လို့ ပြောပါတယ်။ အခုအချိန်ထိဆို လူဦးရေရဲ့ ၁၃.၁ ရာခိုင်နှုန်းက ကာကွယ်ဆေး တကြိမ်ထိုးထားပြီး ၂ ကြိမ်ထိုး ပြီးသူက ၆.၈ ရာခိုင်နှုန်းသာ ရှိသေးတဲ့ အတွက် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ရင် ဒီရောဂါ အတွက် ကာကွယ်နိုင်ခြေ နည်းပါးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အစီရင်ခံ မှတ်တမ်းတွေ အရ မြန်မာနိုင်ငံမှာ ဒီရောဂါ ကူးစက်မှု ၄ သိန်း ၆ သောင်းကျော်ရှိပြီး သေဆုံးသူ တသောင်း ရှစ်ထောင်ကျော် ရှိတာ တွေ့ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG