သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် ဗီယက်နမ်ခရီးစတင်

သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖု (သတင်းဓါတ်ပုံ - Myanmar President Office)
သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖု (သတင်းဓါတ်ပုံ - Myanmar President Office)

ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်ဖို့နဲ့ တရားဝင် အလုပ်သဘော ခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖုတို့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။

ခေါင်းဆောင်၂ဦးတို့က လက်ရှိ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အပေါ် ဂုဏ်ပြု ပြောဆိုခဲ့ကြပြီး ရေတပ်၊ စစ်ဘက် ဆေးပညာ၊ ကာကွယ်ရေး ထုတ်ကုန်၊ သယ်ယူပို့ဆောင်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ဒေသတွင်းနဲ့ အမျိုးသား လုံခြုံရေးတို့နဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးတို့မှာ တိုးချဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း စဉ်းစားဖို့ သဘောတူခဲ့ကြကြောင်း ဗီယက်နမ် သတင်းက ဖော်ပြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ကာလမှာ မြန်မာနိုင်ငံဘက်က ထောက်ခံမှုပေးရေး ကိစ္စကိုလည်း သမ္မတ ဦးဝင်းမြင့်က ဆွေးနွေးခဲ့ပါတယ်။

ဗီယက်နမ်နဲ့ မြန်မာကြား ကုန်သွယ်မှုက ၂၀၁၈ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၈၆၀ ကျော်ရှိခဲ့ပြီး လာမယ့်နှစ်တွေ အတွင်း နှစ်နိုင်ငံကုန်သွယ်မှု သန်း ၁ ထောင်ကျော်လွန်ဖို့ မျှော်လင့်ကြောင်း နောက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်က အဆင့် ၇ မှာ ရှိနေပြီး စီမံကိန်း ၁၈ ခု အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိနေကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ မြန်မာနိုင်ငံတွင်းမှာ ဗီယက်နမ်ဘက်က အခုထက် ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် စနေနေ့ ညနေပိုင်းမှာတော့ ဗီယက်နမ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မဒမ် ငုယင်သီ ကင်ငန်းနဲ့လည်း သမ္မတ ဦးဝင်းမြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့် ဗီယက်နမ်ခရီးစတင်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG