သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်


ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
ထိုင်းမြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေထဲ ခိုလှုံလာတဲ့ဒုက္ခသည်တွေ ထမင်းစားဖို့တန်းစီနေစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံကရင်ပြည်နယ်ထဲကတိုက်ပွဲတွေကြောင့် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကူးပြီးထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းအထိ ဆက်လက်ဝင်ရောက်ခွင့်မရသေးလို မြန်မာနိုင်ငံဘက်ကိုလည်းပြန်လို့ မရဖြစ်နေကြောင်း ထိုင်းနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့မှာပြောကြားလိုက်ပါတယ်။

မကြာသေးခင် လတွေကစလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာတွေကြောင့် လုံခြုံရေး စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံ နယ်စပ် သောင်ရင်းမြစ်ကမ်းတလျောက် ဖြစ်သလို ဆောက်လုပ်ထားတဲ့ တဲအိမ်တွေနဲ့ ခိုလှုံနေကြရတယ်လို့လည်း ဒုက္ခသည်တယောက်က ပြောပါတယ်။

UNHCR အနေနဲ့ ဒုက္ခသည်တွေအတွက် စောင်၊ ခြင်ထောင်၊ အခင်း နဲ့ အခြားလိုအပ်ချက် တွေကို လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အကူဖြစ် ထိုင်းတာဝန်ရှိသူတွေနဲ့တွဲဖက်ပြီး ထောက်ပံပေးနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Kasita Rochanakorn ကပြောပါတယ်။

ထိုင်းနိုင်ငံဘက်မှာ ယာယီခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ၈ ထောင်လောက်ရှိတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ IRC ကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဘက်ကစစ်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရအနေနဲ့ ဆေးဝါးနဲ့အစားအစာတွေသယ်ယူခွင့်ပြုတာလောက်တင်မကဘဲ ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson ကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲကစလို့ လေးကေ့ကော်ဒေသ အပါအဝင် ကရင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင်ထိုးစစ်တွေကြောင့် ဒေသခံအရပ်သားတွေထောင်နဲ့ချီထွက်ပြေးခဲ့ကြရပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG