သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီနှစ်သင်္ကြန်ပွဲ ဒုစရိုက်မှုကျဆင်း


ဒီနှစ်မဟာသင်္ကြန်ပွဲတော်မှာ ရန်ကုန်တိုင်းအတွင်း ဒုစရိုက်မှုအရေအတွက်ဟာ အရင်နှစ်ကထက် ပိုလျော့နည်းသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အကြီးတန်းတာဝန်ရှိသူတစ်ဦးက VOA ကိုပြောပါတယ်။ အဲဒီလို ဒုစရိုက်မှု လျော့ကျသွား တာဟာ သင်္ကြန်မတိုင်ခင်ကတည်းကိုက ရဲတပ်ဖွဲ့အနေနဲ့ စီမံချက်တခုချပြီး လုပ်ဆောင်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးသွားမှာပါ။

ရန်ကုန်တိုင်းအတွင်း ဒီနှစ်သင်္ကြန်ပွဲတော်လေးရက်မှာ မနှစ်ကထက်စာရင် ဒုစရိုက်မှူတွေ ခိုက်ရန်ဖြစ်ပွားမှူတွေ လျော့နည်းသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးလှဝေက အခုလိုပြောပါတယ်။

“ဒီနှစ်ကတော့ ယာဉ်တိုက်မှုကတော့ ခုနပြောသလို ၂ မှုဖြစ်ပွားခဲ့ပါတယ် ၊ သေဆုံးသူက ၃ ဦးသေဆုံးတဲ့အတွက် အရင်နှစ်ထက်စာရင်တော့ နည်းပြီးတော့ သင်္ကြန်အတွင်း ခိုက်ရန်ဖြစ်တာတွေလည်း နည်းသွားတယ်လို့ ကျနေ်ာတို့ စာရင်းဇယားအရ သိရှိရပါတယ်။”

အဲဒီလို သင်္ကြန်ကာလအတွင်း ဒုစရိုက်မှူတွေ လျော့နည်းလာတာဟာ ရဲတပ်ဖွဲ့က သင်္ကြန်မတိုင်ခင် စလုပ်ခဲ့တဲ့ စီမံချက်တခုကြောင့်ဖြစ်တယ်လို့လဲ သူကဆက်ပြောပါတယ်။

“ဒီနှစ်မှာ မနှစ်ကထက် ထူးခြားတာကတော့ သင်္ကြန်မတိုင်ခင်မှာ ပြစ်မှုကျူးလွန်ရန် အလားအလာရှိတဲ့လူတွေ ၊ ပြစ်မှုကျူးလွန်နိုင်တဲ့လူတွေကို ကျနေ်ာတို့ မတ်လ ၁ ရက်နေ့ကစပြီးတော့ ၇ ရက်စီမံချက်ဆိုပြီးတော့ ကျနော်တို့ မူခင်းဖြစ်ပွားမှု ကြိုတင်ကာကွယ်မှုအနေနဲ့ ကျနေ်ာတို့ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့အတွက်ကြောင့် ဒီနှစ်မှာတော့ စီမံချက်ကြောင့် ကျနေ်ာတို့ မူခင်းတွေလျော့နည်းကျဆင်းသွားတာကို သိရှိရပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၆သင်္ကြန်မှာရော ဒီနှစ်သင်္ကြန်မှာပါ ခိုက်ရန်ဖြစ်ပွားလို့ လူသေဆုံးတာမျိုးတွေ မတွေ့ရဖူးလို့ ရဲမှူးလှဝေကပြောပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်လေးရက်အတွင်း နာရေးကူညီမှူအသင်းအနေနဲ့ မြို့ထဲလူစည်ကားနေရာမျိုးတွေမှာ အရေးပေါ်အကူအညီတွေ ရရှိရန် ၂၄နာရီလုံး စောင့်ရှောက်မှူပေးထားတာ ဖြစ်ပါတယ်။

အဲဒီလို သင်္ကြန်ကာလအတွင်း အရေးပေါ်ကယ်ဆယ်ရေးတွေ အကုအညီတွေ ပေးနေတဲ့ နာရေးကူညီမှူအသင်းအနေနဲ့လည်း သာမာန်ထိခိုက်မှူတွေ ယာဉ်တိုက်မှူတွေကိုသာ ကုညီစောင့်ရှောက်ရတာမျိုးတွေ ရှိတယ်လို့ နာရေးကူညီမှူအသင်း ပြန်ကြားရေးတာဝန်ခံ ကို G3က ပြောပါတယ်။

“သူနာပြုအရေးပေါ်ဌာနပေါ့အကို၊ ဒီနှစ်မှာဆိုရင် ကျနော်တို့ သင်္ကြန် Point ၄ ခု အသင့်စောင့်နေတယ်၊ နောက်ပြီးတော့ ရုံးမှာလည်း စောင့်နေပါတယ်။ Point ၄ ခုကတော့ ဆူးလေဘုရားမှာ ၁ Point ၊ အင်းယားကန်ဘောင်မှာ ၁ Point ၊ မျှော်စင်ကျွန်းမှာ ၁ Point ၊ မြကျွန်းသာမှာ ၁ Point ပေါ့ အားလုံး ၄ ပိုင့် အဲဒီကြားထဲမှာမှ ခိုက်ရန်ဖြစ်တာကတော့ သိပ်မတွေ့ရပါဘူး။ car accident တွေတော့ ရှိမယ် ၊ ပြီးတော့ ချော်လဲပြီးတော့ လက်ကွဲသွားတာတို့ တော့ရှိပါတယ်။ ဒုစရိုက်မှုတွေကတော့ သိပ်မရှိပါဘူး ဒီနှစ်မှာတော့ မတွေ့ပါဘူးခင်ဗျ။”

ဒီကနေ့ထုတ်တဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ သင်္ကြန်အကြို၊အကျ၊အကြတ်သုံးရက်အတွင်း ပြစ်မှူပေါင်း ၁၄၇မှူဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၁၄ဦးနဲ့ ဒဏ်ရာရရှိသူ ၁၅၂ဦးရှိခဲ့ကြောင်း ဖော်ပြထားပါတယ်

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သင်္ကြန်နှင့်ပတ်သက်သော ပြစ်မှုပေါင်း (၁၂၀၀) ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၈၅)ဦးနှင့် ဒဏ်ရာရရှိသူ (၁၀၇၃)ဦးရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG