သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ခုနှစ် ရန်ကုန် အတာသင်္ကြန် အကြိုနေ့

စီးပွားဖြစ်မဏ္ဍပ်တွေကို ပြန်လုပ်ခွင့်ပြုလိုက်တာအပြင် လမ်းလျှောက်သင်္ကြန်ပါ ကျင်းပခွင့် ပြုလိုက် တာကြောင့် ရန်ကုန်မြို့ခံတွေဟာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်၊ စည်ကားစွာ ဆင်နွဲကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနှစ်က ရန်ကုန် အတာ သင်္ကြန်ပွဲမှာ စီးပွားဖြစ်မဏ္ဍပ်တွေ တည်ဆောက်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ရန်ကုန် သင်္ကြန်ဟာ သိပ်မစည်ခဲ့ဘူးဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာပြီးနောက် ဒီနှစ်မှာတော့ အဲဒီ စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေကို အရေအတွက် တိုးပြီး ခွင့်ပြုပေးခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့ မြို့တော်ဝန်ခမ်းမမှာ ကျင်းပတဲ့ ဖွင့်ပွဲကို တက်ရောက်လာကြတဲ့ ပရိတ်သတ် အရေအတွှက်နဲ့ အဲဒီလူတွေရဲ့ ပျော်ရွှင် ကြည်နူးနေကြတဲ့ စိတ်သဘောထားတွေကို ခန့်မှန်း ကြည့်ခြင်းအားဖြင့် ဒီနှစ် ရန်ကုန်သင်္ကြန်ဟာ မနှစ်ကထက် ပိုပြီး စည်ကားမယ့် အလားအလာ ရှိနေပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG