သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အမေရိကန်၊ ကနေဒါ၊ ဗြိတိန် ဒဏ်ခတ်အရေးယူ


Dep. Tesoro USA
Dep. Tesoro USA

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အမေရိကန်၊ ကနေဒါ၊ ဗြိတိန် ဒဏ်ခတ်အရေးယူ
{{Zawgyi/Unicode}}

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်း တချို့နဲ့ အရပ်ဖက်အာဏာပိုင် တချို့ကို အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

သောကြာနေ့က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူဖို့ ကြေညာလိုက်တဲ့ အထဲမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခန့်အပ်ထားတဲ့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမောင်ကို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့ ပါဝင်ပါတယ်။

အဆိုပါဒေသတွေ မှာ ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ အခြေခံ လွတ်လပ်ခွင့်တွေ ကို ပိတ်ပင် ဖိနှိပ် ခဲ့တဲ့အတွက် ခုလို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။

စစ်မှုထမ်းဟောင်းများအဖွဲ့ ဟာ စစ်တပ် ရဲ့ အရံ အင်အားစု ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန အောက် မှာ ရှိတဲ့ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဌာန နဲ့ တပ်ထောက်ချုပ် ရုံး တို့ ဟာ အာဏာသိမ်း အပြီး ပြည်သူရာပေါင်းများစွာ ကို သတ်ဖြတ်ခဲ့တဲ့ လက်နက်တွေ ကို ထုတ်လုပ် ဝယ်ယူ ဖြန့်ချိခဲ့ရာမှာ တာဝန်ရှိတယ်ဆိုပြီးတော့လည်း အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ရာမှာ ဗြိတိန်နဲ့ ကနေဒါတို့ ပူးပေါင်းပါဝင်တဲ့အပေါ် ဝမ်းမြောက်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာနိုင်ငံအပြင်၊ တရုတ်၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် က လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို တိုးမြှင့် ပိတ်ဆို့ အရေးယူလိုက်တာ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေအတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK နဲ့ Global Witness အဖွဲ့တွေက ကြိုဆိုလိုက်ကြပေမဲ့ မြန်မာစစ်တပ်အတွက် အဓိက ဝင်ငွေရနေတဲ့ စွမ်းအင်ကဏ္ဍကို အရေးမယူသေးတဲ့အတွက် ထိရောက်မှုတွေ အားနည်းနေသေးတယ်လို့လည်း ထောက်ပြထားပါတယ်။

.......................................

{{Unicode}}








XS
SM
MD
LG