(Zawgyi/Unicode)
Italian-Thai ကုမၸဏီ Italian-Thai Development (ITD) နဲ႔ ခ်ဳပ္ဆိုထားတဲ့ အျငင္းပြားဖြယ္ ထားဝယ္ ေရနက္ဆိပ္ကမ္း စီမံကိန္းစာခ်ဳပ္ေတြကို ရပ္ဆိုင္း လိုက္ၿပီျဖစ္ေၾကာင္း ျမန္မာအစိုးရက ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ေျပာပါတယ္။ ဇန္နဝါရီ(၁၈)ရက္ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပဲြမွာ ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံခန္႔ခဲြမႈ ေကာ္မတီက ေၾကညာသြားတာပါ။
ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အားေပးတဲ့အေနနဲ႔ ထားဝယ္ ေရနက္ဆိပ္ကမ္း စီမံကိန္းႀကီးကို အရင္ စစ္အစိုးရ လက္ထက္ကတည္းက အေကာင္အထည္ေဖၚလာတာ ျဖစ္ေပမဲ့ စီမံကိန္းရဲ႕ ကနဦးအဆင့္ စီမံကိန္း(၉)ခုကို အေကာင္အထည္ေဖၚဖို႔ Italian-Thai ကုမၸဏီက အႀကိမ္ႀကိမ္ ပ်က္ကြက္ေနတဲ့ အတြက္ ယုံၾကည္မႈေပ်ာက္ဆုံးလာရၿပီး အခုလို ရပ္ဆိုင္းလိုက္တာ ျဖစ္တယ္လို႔ ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံခန္႔ခဲြမႈ ေကာ္မတီဥကၠဌ ေဒါက္တာ ထြန္းႏိုင္က ေျပာပါတယ္။
" သက္ဆိုင္ရာ ကုမၸဏီအေနနဲ႔ ပ်က္ကြက္ခဲ့တဲ့ တာဝန္ ၊ ဝတၱရား အခ်က္အလက္ေတြကို က်ေနာ္တို႔လက္ထဲမွာ ခိုင္ခုိင္မာမာ အေထာက္အထားေတြ ရွိပါတယ္။ ယခင္ကလည္း သက္ဆုိင္ရာ ကုမၸဏီထံ စာခ်ဳပ္ပါ စည္းမ်ည္း စည္းကမ္းေတြနဲ႔ မကိုက္ညီဘူးဆိုတဲ့အေၾကာင္း အႀကိမ္ႀကိမ္ အေၾကာင္းၾကားထားတဲ့ အေထာက္အထားေတြ ရွိပါတယ္။"
Italian-Thai ကုမၸဏီ အီတာလ်ံ-ထုိင္း ကုမၸဏီက ပ်က္ကြက္မႈေတြထဲမွာ စီမံကိန္း အေကာင္အထည္ေဖၚဖို႔ ၾကန္႔ၾကာေနတာ၊ စာခ်ဳပ္ပါ ဘ႑ာေရးတာဝန္ေတြကို ျဖည့္ဆည္းဖုိ႔ ပ်က္ကြက္တာ၊ ဘ႑ေရးဆုိင္ရာ အေထာက္အထား ျပန္လည္ မတင္ျပႏိုင္တာေတြေၾကာင့္ စာခ်ဳပ္ေတြကို ရပ္ဆုိင္းခဲ့တာလို႔ အထူးစီးပြားေရးဇုန္ စီမံခန္႔ခဲြမႈ ေကာ္မတီက အေၾကာင္းျပခ်က္ေပးပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ Italian-Thai ကုမၸဏီ ဘက္က တစုံတရာ တုန္႔ျပန္ေျပာဆိုျခင္း မရွိေသးပါဘူး။
ထားဝယ္ ေရနက္ဆိပ္ကမ္း စီးပြားေရးဇုန္စီမံကိန္း အက်ယ္အဝန္းဟာ စတုန္ရန္း ကီလိုမီတာ (၂၀၀)နီးပါးရွိၿပီး ခုေတာ့ ေနာက္ထပ္လာမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူ အသစ္ကို ရွာေဖြေနတယ္လို႔ စီမံခန္႔ခဲြမႈ ေကာ္မတီက ေျပာပါတယ္။
ဒီစီမံကိန္းကို အေကာင္ထည္ေဖၚဖို႔ ဂ်ပန္ႏိုင္ငံက စိတ္ဝင္စားၿပီး စီမံကိန္းလုပ္လိုေၾကာင္း ဂ်ပန္အစိုးရဘက္က အဆိုျပဳထားတာကို ျမန္မာအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလေလာက္မွာ အေၾကာင္းျပန္ၾကား ထားတယ္လို႔ သိရပါတယ္။
.............
Italian-Thai ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ ထားဝယ်ရေနက်စီမံကိန်း မြန်မာအစိုးရ ရပ်ဆိုင်း
(Unicode)
Italian-Thai ကုမ္ပဏီ Italian-Thai Development (ITD) နဲ့ ချုပ်ဆိုထားတဲ့ အငြင်းပွားဖွယ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းစာချုပ်တွေကို ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောပါတယ်။ ဇန်နဝါရီ(၁၈)ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ကြေညာသွားတာပါ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့အနေနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အရင် စစ်အစိုးရ လက်ထက်ကတည်းက အကောင်အထည်ဖေါ်လာတာ ဖြစ်ပေမဲ့ စီမံကိန်းရဲ့ ကနဦးအဆင့် စီမံကိန်း(၉)ခုကို အကောင်အထည်ဖေါ်ဖို့ Italian-Thai ကုမ္ပဏီက အကြိမ်ကြိမ် ပျက်ကွက်နေတဲ့ အတွက် ယုံကြည်မှုပျောက်ဆုံးလာရပြီး အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။
" သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ ပျက်ကွက်ခဲ့တဲ့ တာဝန် ၊ ဝတ္တရား အချက်အလက်တွေကို ကျနော်တို့လက်ထဲမှာ ခိုင်ခိုင်မာမာ အထောက်အထားတွေ ရှိပါတယ်။ ယခင်ကလည်း သက်ဆိုင်ရာ ကုမ္ပဏီထံ စာချုပ်ပါ စည်းမျည်း စည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့အကြောင်းအကြိမ်ကြိမ် အကြောင်းကြားထားတဲ့ အထောက်အထားတွေ ရှိပါတယ်။"
Italian-Thai ကုမ္ပဏီ အီတာလျံ-ထိုင်း ကုမ္ပဏီက ပျက်ကွက်မှုတွေထဲမှာ စီမံကိန်း အကောင်အထည်ဖေါ်ဖို့ ကြန့်ကြာနေတာ၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်တာ၊ ဘဏ္ဍရေးဆိုင်ရာ အထောက်အထား ပြန်လည် မတင်ပြနိုင်တာတွေကြောင့် စာချုပ်တွေကို ရပ်ဆိုင်းခဲ့တာလို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက အကြောင်းပြချက်ပေးပါတယ်။ ဒါနဲ့ပတ်သက်လို့ Italian-Thai ကုမ္ပဏီ ဘက်က တစုံတရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်စီမံကိန်း အကျယ်အဝန်းဟာ စတုန်ရန်း ကီလိုမီတာ (၂၀၀)နီးပါးရှိပြီး ခုတော့ နောက်ထပ်လာမယ့် ရင်းနှီးမြှုပ်နှံသူ အသစ်ကို ရှာဖွေနေတယ်လို့ စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။
ဒီစီမံကိန်းကို အကောင်ထည်ဖေါ်ဖို့ ဂျပန်နိုင်ငံက စိတ်ဝင်စားပြီး စီမံကိန်းလုပ်လိုကြောင်း ဂျပန်အစိုးရဘက်က အဆိုပြုထားတာကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှာ အကြောင်းပြန်ကြား ထားတယ်လို့ သိရပါတယ်။