သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရုရွား ဂ်က္တိုက္ေလယာဥ္ေတြ ျမန္မာကိုေရာက္ရွိ (Myanmar Witness)


FILE - Sukhoi Su-35 jet fighters of the "Sokoly Rossii" (Falcons of Russia) aerobatic team fly in formation during a rehearsal for the airshow in Krasnoyarsk, Russia, Aug. 1, 2019.

႐ုရွားႏိုင္ငံကေန မွာယူထားတဲ့ ဂ်က္တိုက္ေလယဥ္ေတြ ျမန္မာႏိုင္ငံကို ေရာက္ရွိလာၿပီလို႔ ျမန္မာႏိုင္ငံကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Myanmar Witness အဖဲြ႔က ေသာၾကာေန႔က ေျပာဆိုေၾကာင္း AFP သတင္းမွာေဖၚျပထားပါတယ္။

ရုရွား ဂ်က္တိုက္ေလယာဥ္ေတြ ျမန္မာကိုေရာက္ရွိ (Myanmar Witness)

{{Zawgyi/Unicode}}
႐ုရွားႏိုင္ငံကေန မွာယူထားတဲ့ ဂ်က္တိုက္ေလယဥ္ေတြ ျမန္မာႏိုင္ငံကို ေရာက္ရွိလာၿပီလို႔ ျမန္မာႏိုင္ငံကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Myanmar Witness အဖဲြ႔က ေသာၾကာေန႔က ေျပာဆိုေၾကာင္း AFP သတင္းမွာေဖၚျပထားပါတယ္။

၂၀၁၈ ခုႏွစ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သား အစိုးရ လက္ထက္တုန္း က ႐ုရွားကေန Sukhoi Su-30s အမ်ိဳးအစား ဂ်က္တိုက္ေလယဥ္ ၆ စင္း ၀ယ္ယူခဲ့တယ္လို႔ ႐ုရွားအစိုးရ သတင္းဌာနက ေျပာခဲ့ေၾကာင္း AFP သတင္းမွာ ေဖၚျပပါတယ္။

Sattleite ၿဂိဳလ္တု က ရရွိတဲ့အခ်က္လက္ေတြ၊ ေကာင္းကင္ကေန စူးစမ္းေထာက္လွမ္းခ်က္ေတြ၊ နီးစပ္သူေတြရဲ႔ ေျပာဆိုခ်က္ေတြအရ အနည္းဆုံး ဂ်က္တိုက္ေလယာဥ္ ၁ စင္း ေနျပည္ေတာ္ ေရာက္ရွိေနတာကိုေတာ့ အခိုင္အမာ ေျပာႏိုင္တယ္လုိ႔ Myanmar Witness အဖဲြ႔ ကေျပာဆိုပါတယ္။

ေဒသဆိုင္ရာ သတင္းဌာနေတြကေတာ့ ႐ုရွားသင္တန္းဆရာေတြနဲ႔ နည္းပညာရွင္ေတြ အပါအ၀င္ ဂ်က္တိုက္ေလယဥ္ ၄ စင္း ဒါမွမဟုတ္ ၆ စင္း ျမန္မာႏိုင္ငံကို ေရာက္ရွိေနၿပီလို႔ အေစာပိုင္း က ေဖၚျပခဲ႔ၾကပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ ထုတ္ေဖၚေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

Amnesty International အပါအ၀င္ လူ႔အခြင့္အေရးအဖဲြ႔ေတြကေတာ့ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းေန တိုက္ခိုက္ခဲ့တဲ့အတြက္ အရပ္သားေတြ ထိခိုက္ေသဆုံးမႈရွိေၾကာင္းနဲ႔ ျမန္မာစစ္တပ္က ေလေၾကာင္းကေန မတိ္ုက္ခိုက္ႏိ္ုင္ေအာင္ ျမန္မာႏိုင္ငံကို ေလယာဥ္ဆီ မေရာင္းၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

ရုရှား ဂျက်တိုက်လေယာဉ်တွေ မြန်မာကိုရောက်ရှိ (Myanmar Witness)

{{Zawgyi/Unicode}}
ရုရှားနိုင်ငံကနေ မှာယူထားတဲ့ ဂျက်တိုက်လေယဉ်တွေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာနေတဲ့ Myanmar Witness အဖွဲ့က သောကြာနေ့က ပြောဆိုကြောင်း AFP သတင်းမှာဖေါ်ပြထားပါတယ်။

၂၀၁၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်တုန်း က ရုရှားကနေ Sukhoi Su-30s အမျိုးအစား ဂျက်တိုက်လေယဉ် ၆ စင်း ဝယ်ယူခဲ့တယ်လို့ ရုရှားအစိုးရ သတင်းဌာနက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖေါ်ပြပါတယ်။

Sattleite ဂြိုလ်တု က ရရှိတဲ့အချက်လက်တွေ၊ ကောင်းကင်ကနေ စူးစမ်းထောက်လှမ်းချက်တွေ၊ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ အနည်းဆုံး ဂျက်တိုက်လေယာဉ် ၁ စင်း နေပြည်တော် ရောက်ရှိနေတာကိုတော့ အခိုင်အမာ ပြောနိုင်တယ်လို့ Myanmar Witness အဖွဲ့ ကပြောဆိုပါတယ်။

ဒေသဆိုင်ရာ သတင်းဌာနတွေကတော့ ရုရှားသင်တန်းဆရာတွေနဲ့ နည်းပညာရှင်တွေ အပါအဝင် ဂျက်တိုက်လေယဉ် ၄ စင်း ဒါမှမဟုတ် ၆ စင်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ အစောပိုင်း က ဖေါ်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Amnesty International အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာစစ်ကောင်စီက လေကြောင်းနေ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိကြောင်းနဲ့ မြန်မာစစ်တပ်က လေကြောင်းကနေ မတိုက်ခိုက်နိုင်အောင် မြန်မာနိုင်ငံကို လေယာဉ်ဆီ မရောင်းကြဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG