သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း


အမျိုးသမီးကဏ္ဍအတွက်ပုံ
အမျိုးသမီးကဏ္ဍအတွက်ပုံ

Zawgyi

မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကာအကွယ်ပေးဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအတွက် တိကျခိုင်မာတဲ့ကာကွယ်စောင့်ရှောက်မှုတွေပေးနိုင်ဖို့ ဒီထက်ပိုပြီးလုပ်ဆောင်သွားကြဖို့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) နဲ့ကုလသမဂ္ဂအမျိုးသမီးဌာနမြန်မာနိုင်ငံ UN Women in Myanmar တို့က သောကြာနေ့မှာ ပူးတွဲကြေငြာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးအခြေအနေ သို့မဟုတ် လုံခြုံရေးအခြေအနေအရ ခြွင်းချက်မရှိစေဘဲ၊ အန္တရယ်ကနေအသက်ရှင်လွတ်မြောက်လာသူအမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ ကာကွယ်စောင့်ရှောက်မှုစတာတွေအပါအဝင်၊ အမျိုးသမီးတွေအတွက် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေ ရရှိနိုင်ဖို့ နဲ့ ဒီစောင့်ရှောက်မှုတွေကို အမျိုးသမီးတွေအနေနဲ့ ဆက်သွယ်ရရယူနိုင်ဖို့တွေကိုလည်း သေခြာအောင် ပြုလုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

အခုလိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကိုစောင့်ရှောက်မှုတွေပေးနေတဲ့ အမျိုးသမီးနဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင် အရပ်ဖက်အဖွဲ့ အစည်းတွေကို ပံပိုးအားပေးဖို့လိုတယ်လို့လည်းတိုက်တွန်းထားပါတယ်။

ကိုဗစ် ၁၉ ကြောင့်ဖြစ်စေ၊ ဖေဖေါ်ဝါရီ ၁ ရက်ကစတင်တဲ့အာဏာသိမ်းမှုကြောင့်ဖြစ်စေ အရေးပေါ်အခြေအနေကြေငြာထားတာတွေနဲ့ ကန့်သတ်ချုပ်ချယ်ထားတာတွေဟာ အမျိုးသမီးတွေအပေါ်အကြမ်းမှုတွေကျူးလွန်တာတွေအတွက် အကြောင်းပြဆင်ခြေပေးစရာတွေ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးနေ့ နဲ့ လိမ်ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်ကြာလှုပ်ရှားမှုစတဲ့အထိမ်းအမှတ်အနေနဲ့ ဒီ ကုလသမဂ္ဂဆိုင်ရာအဖွဲ့နှစ်ဖွဲ့က ပူးတွဲကြေငြချက်ထုတ်ပြန်ခဲ့တာပါ။

ပဋိပက္ခတွေ၊ ရာသီဥတုဆိုင်ရာ ဘေးဒုက္ခတွေ၊ လူသားခြင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ၊ ကိုဗစ် ကပ်ရောဂါကျရောက်မှုတွေ ကြောင့် လိင်ကွဲပြားမှုအပေါ်မှာအခြေခံတဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြန့်နှံလာတယ်လို့ ကုလသမဂ္ဂပြောဆိုထားပါတယ်။ နိုင်ငံ ၁၃ နိုင်ငံက အမျိုးသမီး ၃ ယောက်မှာ ၂ ယောက်က သူကိုယ်တိုင်ဖြစ်စေ၊ သူ့မိတ်ဆွေသူငယ်ချင်းဖြစ်စေ လိမ်ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်တိုက်ခိုက်မှုခံရတယ်လို့ တိုင်တန်းခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာအစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

####

တိုက်ရိုက် လင့်ခ်


Unicode








XS
SM
MD
LG