သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ေအာက္ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရမႈ ပိုမ်ား


stop violence against women1

Zawgyi

စစ္ေကာင္စီလက္ေအာက္ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရမႈ ပိုမ်ား

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပိုတိုးလာသလို အမ်ိဳးသမီးေတြအေနနဲ႔ လံုၿခံဳမႈ မရွိသေလာက္နည္းပါးလာေနတယ္လို႔ အမ်ိဳသမီးအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္း ေထာင္နဲ႔ခ်ီတဲ့ အမ်ိဳသမီးေတြ ဖမ္းဆီးခံထားရၿပီး စစ္ေၾကာေရးေတြမွာ အၾကမ္းဖက္မ်ိဳးစံုခံေနရတဲ့သတင္းေတြရ႐ွိတယ္လုိ႔ သူတို႔ကေျပာပါတယ္။ ကမၻာတဝန္း အမ်ိဳးသမီးအၾကမ္းဖက္မွုေတြ ပတ္ေပ်ာက္ေရးအတြက္ ၁၆ ရက္တာ လွုပ္ရွားမႈကိုလည္း ဒီကေန႔စၿပီး လုပ္ေဆာင္ေနၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ရဲမြန္ က တင္ျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အမ်ိဳးသမီးေတြအပၚ စစ္တပ္က သတ္ျဖတ္တာေတြ ဖမ္းဆီးေထာင္ခ်တာေတြနဲ႔ရွိေနသလို အမ်ိဳးသမီးအၾကမ္းဖက္မႈေတြလည္း သိသိသာသာ တိုးလာေနတယ္လို႔အမ်ိဳးသမီးအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ စစ္အာဏာရွင္ဆန္႔က်င္ လွုပ္ရွားမႈမွာပါတယ္ဆိုၿပီး ဖမ္းဆီးခံထားရတဲ့ အမ်ိဳးသမီးေတြဟာ စစ္ေၾကာေရးအတြင္း နည္းမ်ိဳးစံုနဲ႔ အၾကမ္းဖက္ ခံေနရတာေတြရွိတယ္လို႔ အမ်ိဳးသမီးအဖြဲ႔ခ်ဳပ္ျမန္မာႏိုင္ငံရဲ႕ အတြင္းေရးမွဴး ေဒၚနန္းမို႔မုိ႔က ေျပာပါတယ္။

“ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသမီးေတြက နည္းမ်ိဳးစံုနဲ႔ အၾကမ္းဖက္ တာေတြ ခံေနရတယ္။ ပဋိပကၡအတြင္းမွာျဖစ္တဲ့လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွုေတြအျပင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့အခါ သတ္ျဖတ္ခံရတာ ၈၉ ေယာက္ ရွိတယ္။ ဒါက က်မတို႔ စာရင္းျပဳစုထားတဲ့ အရေပါ့ေနာ္ ေနာက္လူမသိသူမသိ ဘယ္လိုေတြ ေသေနၾကလဲ ဘယ္လိုအသတ္ခံေနရလည္းဆိုတာေတာ့ က်မတို႔ က်မတို႔ စဥ္းစားလို႔ေတာင္မရဘူး အဲလိုပဲ ဖမ္းဆီးထိန္းသိမ္းခံရတဲ့ အမ်ိဳးသမီးေတြ ဆိုလို႔ရွိရင္လည္း သူတို႔ေတြကို စစ္ေၾကာေရးေတြမွာ ထိန္းသိမ္းေရးစခန္းေတြမွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွုနဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေတြ ၾကားသိရတာရွိတယ္။”

စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပသူေတြအေပၚ လံုၿခံဳေရးေတြ ပစ္ခတ္လို႔ ပထမဆံုး ေသဆံုးခဲ့သူဟာ ေနျပည္ေတာ္က အမ်ဳိးသမီးတေယာက္ျဖစ္တဲ့ မျမသြဲ႔သြဲ႔ခိုင္ျဖစ္ပါတယ္။ ခုလိုပစ္ခတ္မႈေတြ ဖမ္းဆီးမႈေတြအတြင္း အမ်ဳိးသမီးေတြ ထိခိုက္ေသဆံုးရသလုိ လက္ရွိတိုက္ပြဲေတြ ျပင္းထန္ေနတဲ့ စစ္ကိုင္း ခ်င္းနဲ႔ ကရင္ျပည္နယ္ စတဲ့ေဒသေတြမွာ ကေလးသူငယ္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ အျပင္သက္ႀကီးရြယ္အို ေတြအထိ ပဋိပကၡအတြင္း အဓမၼျပဳက်င့္ခံေနရတာရွိတယ္လို႔လည္း ေဒၚနန္းမုိ႔မို႔က ေျပာပါတယ္။

“ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းပဋိပကၡအတြင္းမွာျဖစ္တဲ့လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွု အုပ္စုလိုက္ မုဒိမ္းက်င့္မွု က်ယ္က်ယ္ျပန္႔ျပန္႔ကို ပိုၿပီးေတာ့ ျဖစ္လာတာကို က်မတို႔ေတြ႔ရတယ္ေပါ့ေနာ္။ က်မတို႔ ၁၃မွုေလာက္ေတြ႔တယ္။ အသက္မျပည့္တဲ့ ကေလးေတြအသက္ႀကီးတဲ့ အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ မီးဖြားခါစ အမ်ိဳးသမီးေတြ တကယ္ဦးတည္ၿပီးေတာ့ ဒါက ေက်းရြာေတြမွာ အမ်ဳိးသမီးေတြကို မုဒိမ္းက်င့္ေနတာက က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္လာတာကို က်မတို႔ေတြ႔ရပါတယ္။”

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ထဲမွာ မီးဖြားၿပီးစ မီးေနသည္အမ်ဳိးသမီးတေယာက္ကို သူ႔ရဲ႕ ခင္ပြန္းျဖစ္သူေ႐ွ႕မွာပဲ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြ အုပ္စုဖြဲ႔ မုဒိမ္းျပဳက်င့္ခဲ့ပါတယ္။ အဲဒီတညတည္းမွာပဲ အနီးနားက ေနအိမ္တလုံးကိုလည္း ဒီစစ္သားေတြက ဝင္ေရာက္ရွာေဖြခဲ့ၿပီး ေနာက္ထပ္ အမ်ိဳးသမီးတေယာက္ကို ထပ္ၿပီး အဓမၼျပဳက်င္္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီကိစၥတိုင္ၾကားမႈအေပၚ စံုစမ္းၿပီး အျပစ္႐ွိရင္ ဥပေဒအတုိင္းအေရးယူမယ္လို႔ စစ္ေကာင္စီက ဆိုထားပါတယ္။

လက္ရွိစစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနခ်ိန္ျဖစ္တာမို႔ အၾကမ္းဖက္ခံရတဲ့ အမ်ဳိး သမီးေတြကို ကူညီေဆာင္ ရြက္ေရးအတြက္လည္း အခက္အခဲရွိေနသလို အမ်ိဳးသမီးေတြအေနနဲ႔လည္း လံုၿခံဳမွု မရွိဘူးလို႔ လည္း အမ်ိဳးသမီးအဖြဲ႔ခ်ဳပ္ ျမန္မာႏိုင္ငံက အတြင္းေရးမွူး ေဒၚနန္းမုိ႔မုိ႔က ေျပာပါတယ္။

“ ဒီအခ်ိန္မွာက တစ္ဦးခ်င္းစီရဲ႕ လံုၿခံဳေရးကလည္း အရမ္းကို ခက္ခဲသလိုမ်ိဳး အကုန္လံုးရဲ႕ လံုၿခံဳေရးကလည္း အရမ္းကို ခက္ခဲေနတဲ့ အေနအထားျဖစ္ေနတယ္။ ၿပီးေတာ့ သြားရဲလာ ေရးကလည္း အရမ္းကို အခက္အခဲျဖစ္တယ္ေပါ့ေနာ္။ က်န္းမာေရးနဲ႔ပတ္သတ္တဲ့ ဝန္ေဆာင္ မွုေတြ ေပးဖို႔ ဆိုရင္ေတာင္မွ အဲဒီေနရာကို လိုအပ္တဲ့ အကူအညီေတြ ခ်က္ခ်က္း မေရာက္ႏိုင္ တဲ့ အခက္အခဲအေနအထားေတြလည္း အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ ”

ႏိုင္ဝင္ဘာ ၂၅ ရက္ေန႔က်ေရာက္တဲ့ ႏိုင္ငံတကာ အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရးေန႔အထိမ္းအမွတ္နဲ႔ ၁၆ ရက္တာ လွုပ္ရွားမွုေတြကိုလည္း ျမန္မာႏိုင္ငံမွာ လုပ္ေနၾကပါတယ္။ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ အမ်ဳိးသမီး အခြင့္အေရးလႈပ္႐ွားတဲ့အဖဲြ႔ စုေပါင္းၿပီး

စက္ဘီးစီးကမ္ပိန္း လုပ္ခဲ့ၾကတာပါ။ တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္မွာလည္း အမ်ိဳးသမီး ေတြအေပၚ အၾကမ္းဖက္မွု တိုးလာေနတယ္လို႔ မ်ိဳးဆက္သစ္အမ်ိဳးသမီးမ်ားအဖြဲ႔ (Women Generation) ရဲ႕ ဒါရိုက္တာ မခင္ျမင့္ေဇာ္ ကေျပာပါတယ္။

“ရခိုင္ျပည္နယ္မွာ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မွု တိုးလာတာကို ျမင္ရတယ္။ အထူးသျဖင့္ တိုက္ပြဲေတြအတြင္း စစ္ေဘးေရွာင္ေတြ ၾကားထဲမွာ ေတာ္ေတာ္မ်ားမ်ား အၾကမ္းဖက္မူရွိလာတာက ရခိုင္ျပည္နယ္မွာ သိသာထင္ရွားလာတယ္ဟုတ္။”

အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရးေန႔မွာ စစ္တပ္အာဏာသိမ္းခ်ိန္ကစလုိ႔ အသက္ဆုံးရႈံးခဲ့တဲ့ အမ်ိဳးသမီးေတြနဲ႔မိန္းကေလးငယ္မ်ားအားလုံးကို ဂုဏ္ျပဳတယ္လို႔ ၿဗိတိန္သံ႐ံုးက ထုတ္ျပန္ပါတယ္။ အာဏာသိမ္းခ်ိန္ထဲက လံုၿခံဳေရးေတြရဲ႕လက္ခ်က္နဲ႔

အနည္းဆုံး အမ်ိဳးသမီးႏွင့္ မိန္းကေလးငယ္ ၈၅ ေယာက္သတ္ျဖတ္ျခင္းခံရတယ္လို႔ သံ႐ံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အမ်ိဳးသမီးမ်ားအေပၚ ညႇဥ္းပန္းႏွိပ္စက္မႈ၊ အဓမၼျပဳက်င့္မႈႏွင့္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ ကိစၥေတြမွာက်ဴးလြန္သူမ်ားကို အေရးယူသြားႏိုင္ဖို႔ ၿဗိတိန္ႏိုင္ငံက ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ၿဗိတိသွ်သံရံုးရန္ကုန္က ထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္နယ္အတြင္း လက္နက္ကိုင္အဖဲြ႔အစည္းေတြၾကား တိုက္ခိုက္မႈေတြကို ရပ္ဖုိ႔လည္း ႐ွမ္းအမ်ိဳးသမီးေရးရာ ဆက္သြယ္လွုပ္ရွားမွုအသင္း SWAN ကလည္း အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုပါတယ္။

မၾကာခဏျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ လက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ တပ္သားစုေဆာင္းမွုေတြေၾကာင့္ ၂၀၂၁ ခုနွစ္အတြင္း ရွမ္းျပည္သူတစ္ေသာင္းနီးပါး အိုးအိမ္ စြန္႔ခြာထြက္ေျပးရတဲ့ စစ္ေဘးဒုကၡသည္ဘဝကို ေရာက္ရွိခဲ့ၾကၿပီး စစ္ေရးပဋိ ပကၡျဖစ္ပြားေနတဲ့ ေနရာေတြမွာ အမ်ိဳးသမီးေတြအေပၚ စစ္သားေတြက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွု ေတြ လည္း ပိုမိုတုိးလာတယ္လို႔ SWAN အဖဲြ႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

###

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ကောင်စီလက်အောက် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပိုတိုးလာသလို အမျိုးသမီးတွေအနေနဲ့ လုံခြုံမှု မရှိသလောက်နည်းပါးလာနေတယ်လို့ အမျိုသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်နဲ့ချီတဲ့ အမျိုသမီးတွေ ဖမ်းဆီးခံထားရပြီး စစ်ကြောရေးတွေမှာ အကြမ်းဖက်မျိုးစုံခံနေရတဲ့သတင်းတွေရရှိတယ်လို့ သူတို့ကပြောပါတယ်။ ကမ္ဘာတဝန်း အမျိုးသမီးအကြမ်းဖက်မှုတွေ ပတ်ပျောက်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုကိုလည်း ဒီကနေ့စပြီး လုပ်ဆောင်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ရဲမွန် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပါ် စစ်တပ်က သတ်ဖြတ်တာတွေ ဖမ်းဆီးထောင်ချတာတွေနဲ့ရှိနေသလို အမျိုးသမီးအကြမ်းဖက်မှုတွေလည်း သိသိသာသာ တိုးလာနေတယ်လို့အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှုမှာပါတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေဟာ စစ်ကြောရေးအတွင်း နည်းမျိုးစုံနဲ့ အကြမ်းဖက် ခံနေရတာတွေရှိတယ်လို့ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဒေါ်နန်းမို့မို့က ပြောပါတယ်။

“ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ အကြမ်းဖက် တာတွေ ခံနေရတယ်။ ပဋိပက္ခအတွင်းမှာဖြစ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အခါ သတ်ဖြတ်ခံရတာ ၈၉ ယောက် ရှိတယ်။ ဒါက ကျမတို့ စာရင်းပြုစုထားတဲ့ အရပေါ့နော် နောက်လူမသိသူမသိ ဘယ်လိုတွေ သေနေကြလဲ ဘယ်လိုအသတ်ခံနေရလည်းဆိုတာတော့ ကျမတို့ ကျမတို့ စဉ်းစားလို့တောင်မရဘူး အဲလိုပဲ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေ ဆိုလို့ရှိရင်လည်း သူတို့တွေကို စစ်ကြောရေးတွေမှာ ထိန်းသိမ်းရေးစခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ကြားသိရတာရှိတယ်။”

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတွေ ပစ်ခတ်လို့ ပထမဆုံး သေဆုံးခဲ့သူဟာ နေပြည်တော်က အမျိုးသမီးတယောက်ဖြစ်တဲ့ မမြသွဲ့သွဲ့ခိုင်ဖြစ်ပါတယ်။ ခုလိုပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေအတွင်း အမျိုးသမီးတွေ ထိခိုက်သေဆုံးရသလို လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်း ချင်းနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပြင်သက်ကြီးရွယ်အို တွေအထိ ပဋိပက္ခအတွင်း အဓမ္မပြုကျင့်ခံနေရတာရှိတယ်လို့လည်း ဒေါ်နန်းမို့မို့က ပြောပါတယ်။

“ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းပဋိပက္ခအတွင်းမှာဖြစ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အုပ်စုလိုက် မုဒိမ်းကျင့်မှု ကျယ်ကျယ်ပြန့်ပြန့်ကို ပိုပြီးတော့ ဖြစ်လာတာကို ကျမတို့တွေ့ရတယ်ပေါ့နော်။ ကျမတို့ ၁၃မှုလောက်တွေ့တယ်။ အသက်မပြည့်တဲ့ ကလေးတွေအသက်ကြီးတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားခါစ အမျိုးသမီးတွေ တကယ်ဦးတည်ပြီးတော့ ဒါက ကျေးရွာတွေမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကို ကျမတို့တွေ့ရပါတယ်။”

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲမှာ မီးဖွားပြီးစ မီးနေသည်အမျိုးသမီးတယောက်ကို သူ့ရဲ့ ခင်ပွန်းဖြစ်သူရှေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ပါတယ်။ အဲဒီတညတည်းမှာပဲ အနီးနားက နေအိမ်တလုံးကိုလည်း ဒီစစ်သားတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး နောက်ထပ် အမျိုးသမီးတယောက်ကို ထပ်ပြီး အဓမ္မပြုကျင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စတိုင်ကြားမှုအပေါ် စုံစမ်းပြီး အပြစ်ရှိရင် ဥပဒေအတိုင်းအရေးယူမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

လက်ရှိစစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေချိန်ဖြစ်တာမို့ အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေကို ကူညီဆောင် ရွက်ရေးအတွက်လည်း အခက်အခဲရှိနေသလို အမျိုးသမီးတွေအနေနဲ့လည်း လုံခြုံမှု မရှိဘူးလို့ လည်း အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံက အတွင်းရေးမှူး ဒေါ်နန်းမို့မို့က ပြောပါတယ်။

“ ဒီအချိန်မှာက တစ်ဦးချင်းစီရဲ့ လုံခြုံရေးကလည်း အရမ်းကို ခက်ခဲသလိုမျိုး အကုန်လုံးရဲ့ လုံခြုံရေးကလည်း အရမ်းကို ခက်ခဲနေတဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့ သွားရဲလာ ရေးကလည်း အရမ်းကို အခက်အခဲဖြစ်တယ်ပေါ့နော်။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဝန်ဆောင် မှုတွေ ပေးဖို့ ဆိုရင်တောင်မှ အဲဒီနေရာကို လိုအပ်တဲ့ အကူအညီတွေ ချက်ချက်း မရောက်နိုင် တဲ့ အခက်အခဲအနေအထားတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ”

နိုင်ဝင်ဘာ ၂၅ ရက်နေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ်နဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေကိုလည်း မြန်မာနိုင်ငံမှာ လုပ်နေကြပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီး အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ စုပေါင်းပြီး

စက်ဘီးစီးကမ်ပိန်း လုပ်ခဲ့ကြတာပါ။ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု တိုးလာနေတယ်လို့ မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့ (Women Generation) ရဲ့ ဒါရိုက်တာ မခင်မြင့်ဇော် ကပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုးလာတာကို မြင်ရတယ်။ အထူးသဖြင့် တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်တွေ ကြားထဲမှာ တော်တော်များများ အကြမ်းဖက်မူရှိလာတာက ရခိုင်ပြည်နယ်မှာ သိသာထင်ရှားလာတယ်ဟုတ်။”

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးတွေနဲ့မိန်းကလေးငယ်များအားလုံးကို ဂုဏ်ပြုတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ထဲက လုံခြုံရေးတွေရဲ့လက်ချက်နဲ့

အနည်းဆုံး အမျိုးသမီးနှင့် မိန်းကလေးငယ် ၈၅ ယောက်သတ်ဖြတ်ခြင်းခံရတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့များက အမျိုးသမီးများအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေမှာကျူးလွန်သူများကို အရေးယူသွားနိုင်ဖို့ ဗြိတိန်နိုင်ငံက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗြိတိသျှသံရုံးရန်ကုန်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား တိုက်ခိုက်မှုတွေကို ရပ်ဖို့လည်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားမှုအသင်း SWAN ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။

မကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားစုဆောင်းမှုတွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်သူတစ်သောင်းနီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ဘဝကို ရောက်ရှိခဲ့ကြပြီး စစ်ရေးပဋိ ပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အမျိုးသမီးတွေအပေါ် စစ်သားတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ လည်း ပိုမိုတိုးလာတယ်လို့ SWAN အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG