သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခ်ဳပ္က်ေနတဲ့ ျမန္မာမိန္းကေလးကုိ အဓမၼျပဳက်င့္မႈနဲ႔ ထုိင္းရဲအရာရွိ တရားစြဲခံရ


Photo- police CCTV မွတ္တမ္း

(Zawgyi/Unicode)

ထိုင္းႏိုင္ငံက အခ်ဳပ္ခန္းတခုမွာ အခ်ဳပ္က်ေနတဲ့ ျမန္မာမိန္းကေလးကုိအျပင္ထုတ္ျပီး အဓမၼျပဳက်င့္တဲ့ တာ၀န္က် ရဲအရာရွိတဦးကို ရာထူးက ယာယီရပ္ဆုိင္းထားၿပီး တရားစဲြထားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္း-ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ စူရတ္ဌာနီခရိုင္၊ ေကာ့စေမြကြၽန္းက ဘိုဖြတ္အခ်ဳပ္ခန္းမွာ အခ်ဳပ္က်ခံေနရတဲ့ ျမန္မာမိန္းကေလးတဦးကုိ ဇန္န၀ါရီလ ၁၃ ရက္ေန႔ ညသန္းေခါင္အခ်ိန္မွာ အခ်ဳပ္အခန္း အျပင္ကိုေခၚထုတ္ျပီး အဓမၼျပဳက်င့္တဲ့ျဖစ္စဥ္ေႀကာင့္ ထုိင္းရဲအရာရိိွတဦးကို ရာထူးက ဖယ္ရွားၿပီး တရားစဲြဆုိထားေႀကာင္း AAC အလုပ္သမားကူညီေရးအဖဲြ႕က အလုပ္သမားေရးလွဳပ္ရွားသူ ဦးရဲမင္းက အခုလိုေျပာျပပါတယ္။

"ည တနာရီ မိနစ္ ငါးဆယ္ေလာက္မွာ လာေခၚျပီးေတာ့ မိနစ္ ၂၀ ၾကာေလာက္ အဓမၼျပဳက်င့္တာေပါ့ ရဲေတြအမူ စစ္ေဆးတဲ့အခန္းထဲကိုေခၚၿပီး ဆုိဖာခံုမွာပဲ လက္ထိပ္တန္းလန္းနဲ႔ မတရားျပဳက်င့္တာေပါ့။ အဲဒီရဲကို ရာထူးကေန ဖယ္ရွားလိုက္တယ္ဆိုတာ ထုိင္းတီဗြီ သတင္းေတြမွာလည္း တက္တယ္။ ဒီရဲက မိန္းကေလးကုိ ေခၚထုတ္သြားတဲ့ CCTV သတင္းေတြလည္းတက္ေနတယ္။ အခုထုိင္းရဲကေတာ့ အာမခံရသြားျပီလို႔ သိရတယ္ ျမန္မာမိန္းကေလးကိုေတာ့ ေကာ့စေမြ ေဆးရံုကုိပုိ႔ၿပီးစစ္ေဆးတယ္။ ၿပီးေတာ့ အဲဒီအခ်ဳပ္ခန္းထဲမွာပဲျပန္ထည့္ထားတယ္။ ဒီရဲက အာမခံရသင့္သလား မရသင့္ဘူလား ဆုိတာေတာ့ သူတို႔ ဥပေဒအေပၚ မူတည္တာေပါ့"

အသက္ ၂၁ ႏွစ္အရြယ္ ရွိတဲ့ျမန္မာမိန္းကေလးဟာ မူးယစ္ေဆး၀ါးမႈ သံသယနဲ့ ၂ႏွစ္ၾကာ ထုိင္းေထာင္ထဲမွာ က်ခံရၿပီး ေနရပ္ျပန္ပို႔ဖို႔ အတြက္ အခ်ဳပ္ခန္းထဲမွာ ေနရစဥ္ကာလမွာပဲ အခုလို အဓမၼျပဳက်င့္ခံရတာပါ။

ျမန္မာမိန္းကေလးရဲ႕ မိသားစု၀င္ေတြက က်ဴးလြန္သူကုိ အေရးယူႏိုင္ဖို႕ ရဲစခန္းမွာ အမူဖြင့္ခဲ့တာျဖစ္ပါတယ္။ ဒီကိစၥနဲ႕ ပတ္သက္လိုျမန္မာသံရံုးကုိလည္း အလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ဆက္သြယ္အေၾကာင္းၾကားေပးခဲ့တယ္လို႔ ဆုိပါတယ္။

အခ်ဳပ္က်ေနစဥ္ လိင္ပိုင္းဆုိင္ရာအၾကမ္းဖက္ခံရတဲ့ ဒီလိုအလားတူျဖစ္ရပ္ေတြက ထုိင္းႏိုင္ငံသူေတြ ၾကားမွာေရာ၊ ျမန္မာႏိုင္ငံသူေတြၾကားမွာပါ ျဖစ္တာေတြရွိခဲ့ေပမယ့္ က်ဴးလြန္ခံရသူေတြ ကုိယ္တိုင္က မေျပာရဲတာ မတိုင္ၾကားရဲတာေတြေၾကာင့္ အမူမွန္ေတြ မေပၚေပါက္ခဲ့ဘူးလို႔လည္း ထုိင္းသတင္းေတြမွာ ေရးသားေဖာ္ျပပါတယ္။ ဒီအမႈမွာေတာ့ တရားစဲြဆိုခံထားရတဲ့ ရဲ၀န္ထမ္းဟာ မိန္းကေလးကုိ အလိုမတူပဲ အဓမၼျပဳက်င့္ခဲ့တာကုိ စံုစမ္းေတြ ့ရွိခဲ့မယ္ဆုိရင္ေတာ့ ေထာင္ဒဏ္ ၁၀ႏွစ္အထိ အျမင့္ဆံုးျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲအရာရှိ တရားစွဲခံရ

(Unicode)

ထိုင်းနိုင်ငံက အချုပ်ခန်းတခုမှာ အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကိုအပြင်ထုတ်ပြီး အဓမ္မပြုကျင့်တဲ့ တာဝန်ကျ ရဲအရာရှိတဦးကို ရာထူးက ယာယီရပ်ဆိုင်းထားပြီး တရားစွဲထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းက ဘိုဖွတ်အချုပ်ခန်းမှာ အချုပ်ကျခံနေရတဲ့ မြန်မာမိန်းကလေးတဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညသန်းခေါင်အချိန်မှာ အချုပ်အခန်း အပြင်ကိုခေါ်ထုတ်ပြီး အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ကြောင့် ထိုင်းရဲအရာရှိတဦးကို ရာထူးက ဖယ်ရှားပြီး တရားစွဲဆိုထားကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ က အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းက အခုလိုပြောပြပါတယ်။

"ည တနာရီ မိနစ် ငါးဆယ်လောက်မှာ လာခေါ်ပြီးတော့ မိနစ် ၂၀ ကြာလောက် အဓမ္မပြုကျင့်တာပေါ့ ရဲတွေအမူ စစ်ဆေးတဲ့အခန်းထဲကိုခေါ်ပြီး ဆိုဖာခုံမှာပဲ လက်ထိပ်တန်းလန်းနဲ့ မတရားပြုကျင့်တာပေါ့။ အဲဒီရဲကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထိုင်းတီဗွီ သတင်းတွေမှာလည်း တက်တယ်။ ဒီရဲက မိန်းကလေးကို ခေါ်ထုတ်သွားတဲ့ CCTV သတင်းတွေလည်းတက်နေတယ်။ အခုထိုင်းရဲကတော့ အာမခံရသွားပြီလို့ သိရတယ် မြန်မာမိန်းကလေးကိုတော့ ကော့စမွေ ဆေးရုံကိုပို့ပြီးစစ်ဆေးတယ်။ ပြီးတော့ အဲဒီအချုပ်ခန်းထဲမှာပဲပြန်ထည့်ထားတယ်။ ဒီရဲက အာမခံရသင့်သလား မရသင့်ဘူလား ဆိုတာတော့ သူတို့ ဥပဒေအပေါ် မူတည်တာပေါ့"

အသက် ၂၁ နှစ်အရွယ် ရှိတဲ့မြန်မာမိန်းကလေးဟာ မူးယစ်ဆေးဝါးမှု သံသယနဲ့ ၂နှစ်ကြာ ထိုင်းထောင်ထဲမှာ ကျခံရပြီး နေရပ်ပြန်ပို့ဖို့ အတွက် အချုပ်ခန်းထဲမှာ နေရစဉ်ကာလမှာပဲ အခုလို အဓမ္မပြုကျင့်ခံရတာပါ။

မြန်မာမိန်းကလေးရဲ့ မိသားစုဝင်တွေက ကျူးလွန်သူကို အရေးယူနိုင်ဖို့ ရဲစခန်းမှာ အမူဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လိုမြန်မာသံရုံးကိုလည်း အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆက်သွယ်အကြောင်းကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အချုပ်ကျနေစဉ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ဒီလိုအလားတူဖြစ်ရပ်တွေက ထိုင်းနိုင်ငံသူတွေ ကြားမှာရော၊ မြန်မာနိုင်ငံသူတွေကြားမှာပါ ဖြစ်တာတွေရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေ ကိုယ်တိုင်က မပြောရဲတာ မတိုင်ကြားရဲတာတွေကြောင့် အမူမှန်တွေ မပေါ်ပေါက်ခဲ့ဘူးလို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။ ဒီအမှုမှာတော့ တရားစွဲဆိုခံထားရတဲ့ ရဲဝန်ထမ်းဟာ မိန်းကလေးကို အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG