သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း Prachin Buri ခရိုင်မှာ မြန်မာလုပ်သားတွေဆန္ဒပြ


ထိုင်းနိုင်ငံ၊ Prachin Buri ခရိုင် Rojana စက်မှုဇုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ၂ လစာလုပ်အားခမရလို့ ဆန္ဒပြနေကြတဲ့ မြန်မာအလုပ်သမားများ။ (သြဂုတ်လ ၁၆၊ ၂၀၂၄/ Crd: CJ)
ထိုင်းနိုင်ငံ၊ Prachin Buri ခရိုင် Rojana စက်မှုဇုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ၂ လစာလုပ်အားခမရလို့ ဆန္ဒပြနေကြတဲ့ မြန်မာအလုပ်သမားများ။ (သြဂုတ်လ ၁၆၊ ၂၀၂၄/ Crd: CJ)

ထိုင်းနိုင်ငံ၊ Prachin Buri ခရိုင် Rojana စက်မှုဇုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်အလုပ်နေကြတဲ့ မြန်မာအလုပ်သမား ၇၀၀ ခန့်ဟာ လုပ်အားခ ၂ လစာမရကြသေးတဲ့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံပိုင်တဲ့ တရုတ်လုပ်ငန်းရှင်နဲ့အလုပ်သမားတွေကြားမှာ ထိုင်းအလုပ် သမား ဝန်ကြီးဌာနက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လက်ရှိမှာ ဆန္ဒပြမှုတွေကို ခေတ္တ ရပ်နားထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီး ဖီဖက်ရက်ချာကီပရာကန်က ထိုင်းနိုင်ငံ၊ Prachin Buri ခရိုင်မှာရှိတဲ့လုပ်အားခ ၂ လစာမရတဲ့ မြန်မာဆောက်လုပ်ရေး အလုပ်သမား ၇၀၀ ခန့်ရဲ့ဆန္ဒပြမူတွေကိုဖြေရှင်းပေးဖို့နဲ့ သူ့ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို တရုတ်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စေခဲ့တာပါ။ လာမယ့် ဩဂုတ်လ ၂၁ ရက်နေ့မှာ လုပ်အားခတွေပြန်ပေးဖို့တော့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့အမှုဆောင်ဒါရိုက်တာဦးထူးချစ်က အခုလိုပြောပါတယ်။

“အခုလောလောယ် ကျနော်တို့ကြားသိရသလောက်ကတော့ ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြားဝင်ဖြေရှင်းပေးတယ်။ ကြားသိ သလောက်တော့ အလုပ်သမားတွေ လတ်တလော စားဝတ်နေရေးအဆင်ပြေအောင် ဘတ် ၅၀၀ ပေးမယ်။ အရင်ကလည်း တပတ်တခါ၊ ၁၅ ရက်တခါ၊ နှစ်ပတ်တခါလောက်တော့ ၅၀၀ လောက်ပေးတယ်။ ကျန်တဲ့ငွေကိုတော့ လာမယ့် ၂၁ ရက်နေ့တော့ ပေးမယ်လို့ သိရပါတယ်။”

အလုပ်သမားတွေဆန္ဒထုတ်ဖော်မှုတွေကိုတော့ ရပ်နားထားတယ်လို့လည်းပြောပါတယ်။

“ကျနော်တို့နောက်ဆုံးသိရတာက ဆန္ဒပြမှုကိုတော့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ညှိနှိုင်းပြီး ခေတ္တရပ်နားထားတယ်လို့သိရပါတယ်။”

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေမှာ အလုပ်သမားတွေကိုလုပ်အားခလစာ ၂ လစာပေးဖို့ ကြန့်ကြာနေတဲ့ အကြောင်း ဟာ တရုတ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီက ထိုင်းနိုင်ငံကိုငွေလွှဲပြောင်းရာမှာ ကြန့်ကြာမှုရှိနေတာကြောင့် ဇွန်လကစပြီး အလုပ်သမားတွေကို လစာ မပေးနိုင်ခဲ့တာလို့ဆိုပါတယ်။ ဒီအတွက်ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး တရုတ်ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ အလုပ်သမားကြီးကြပ်သူ တွေကို ဝင်ပေါက်ထွက်ပေါက်တွေပိတ်ပြီး မြန်မာအလုပ်သမား ၇၀၀ ဝန်းကျင်က ဆန္ဒပြခဲ့တာဖြစ်ပါတယ် ။လုပ်အားခ ၂ လစာ မပေးထားပေမယ့် ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ အလုပ်တွေကတော့ ၇၀ ရာခိုင်နှုံးအထိ ပြီးမြောက်အောင်လုပ်ပြီးခဲ့ပြီလို့လည်း အလုပ်သမားတွေကဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေဟာ လုပ်အားခလစာတွေမမှန်တာ၊ အလုပ်ရှင်က မပေးတာတွေကြောင့် အလုပ်ရှင်ကိုတွေကို ဆန္ဒပြတာမျိုး မကြာခဏ ဖြစ်လေ့ရှိပါတယ်ရှင်။

ထိုင်း Prachin Buri ခရိုင်မှာ မြန်မာလုပ်သားတွေဆန္ဒပြ
 
please wait

No media source currently available

0:00 0:02:48 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG