သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့အရေးဖြေရှင်းဖို့ အချိန်ယူရမည်၊ လက်ရှိ ဥက္ကဋ္ဌ သက်တမ်းမဖြစ်နိုင်" အာဆီယံကိုယ်စားလှယ်


CAMBODIA-MYANMAR-DIPLOMACY
CAMBODIA-MYANMAR-DIPLOMACY

[[Zawgyi/Unicode]]


မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်ကြာလိမ့်မယ်လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် Prak Sokhonn ကပြောပါတယ်။

နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံ ပြန်ရောက်ပြီးတဲ့နောက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Prak Sokhonn က အဲဒီလိုပြောတာပ ါ။ မြန်မာ့အကျပ်အတည်းကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းတခုထဲအတွင်း ဒါမှမဟုတ် လက်ရှိ အလှည့်ကျဥက္ကဋ္ဌသက်တမ်းအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့အခုခရီးစဉ်အတွင်း ကနဦး တိုးတက်မှုလေးတချို့ ရခဲ့တယ်လို့တော့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ Prak Sokhonn က သတင်းထောက်တွေကို ပြောပါတယ်။

သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အပါအဝင် ထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ Prak Sokhonn ကပြောသလို စစ်ကောင်စီက ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားထိန်းသိမ်းထားသူတွေကို တွေ့ခွင့်ပေးဖို့ သူ့ရဲ့ပန်ကြားချက်ကို နောင်မှာစဉ်းစားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ တယ်လို့လည်း Prak Sokhonn ကပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံတကာဆက်ဆံရေးအင်စတီကျူရဲ့ ညွှန်ကြားရေးမှူးချုပ် Kin Phea က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရေးမှာ အရေးပါတဲ့ကိစ္စတရပ်ဖြစ်တယ်လို့ ဗွီအိုအေ (ခမာဌာန) ကိုပြောပါတယ်။

Asian Vision အင်စတီကျူရဲ့ ညွှန်ကြားရေးမှူး Chheang Vannarith ကတော့ Prak Sokhonn ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သက်ဆိုင်သူအားလုံးကြား နောက်ထပ် ဆွေးနွေးပြောဆိုမှုတွေနဲ့ ထိစပ်မှုတွေကို လမ်းဖွင့်ပေးတဲ့ လုပ်ဆောင်ချက် တခုဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်မလွှတ်ဘူးဆိုတာကတော့ စစ်ကောင်စီရဲ့ စိတ်ဆန္ဒအပေါ် မူတည်တယ်လို့ သူကသုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်အတွင်း စစ်ဆင်ရေးတွေမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးဟာ လက်ရှိအချိန်မှာ စေ့စပ်ညှိနှိုင်းချင်ကြပုံမရဘဲ ဆက်ပြီး တိုက်ခိုက်ချင်ကြပုံပဲရတယ်လို့ Prak Sokhonn ကပြောပါတယ်။

လူသားစာနာမှုအကူအညီတွေ မြန်မာနိုင်ငံမှာ အများကြီးရောက်နေပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ပေးပို့လို့မရဘဲ ဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ်ကပြောပါတယ်။ အကူအညီတွေကို မျှမျှတတဖြန့်ဝေပေးနိုင်ရေး ဆွေးနွေးဖို့ သက်ဆိုင်သူ တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ဒါမှမဟုတ် မေလမှာလုပ်ဖို့ သူအဆိုပြုထားတယ်လို့လည်း ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် ပထမဆုံးအကြိမ် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အထူးကိုယ်စားလှယ် Prak Sokhonn ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်နဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေအပြင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------

[[Unicode]]











XS
SM
MD
LG