သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဥကၠ႒နဲ႔ အာဆီယံအထူးသံ ေတြ႔ဆုံ


ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ဒီေန႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံ ( ဇြန္ ၃၀၊ ၂၀၂၂/ဓာတ္ပံု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကို ေရာက္ေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ဒီေန႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ပါတယ္။

အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျမန္မာႏိုင္ငံက အေကာင္အထည္ေဖာ္မႈအေျခအေနနဲ႔ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္လုပ္ေဆာင္မႈေတြကို စစ္ေကာင္စီဥကၠ႒က ရွင္းလင္းခဲ့တယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ ဒါ့အျပင္ အာဆီယံ အထူးကိုယ္စားလွယ္ဟာ စစ္ေကာင္စီ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ဦးေဆာင္တဲ့အဖြဲ႕နဲ႔ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံအတြက္ အာဆီယံလူသားခ်င္းစာနာကူညီမႈေပးေရးကိစၥရပ္ေတြကိုလည္း ေဆြးေႏြးခဲ့ပါတယ္။ လူသားခ်င္းစာနာမႈအကူအညီေပးေရး ဒုတိယအဆင့္ စတင္လုပ္ေဆာင္ႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ဒီေန႔ အေစာပိုင္းကေတာ့ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆး ၂ သန္း လႉဒါန္းတဲ့ အခမ္းအနားကို ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ တက္ေရာက္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ညႇိႏႈိင္း အစည္းအေဝးမွာ ကမာၻဒီးယားႏိုင္ငံဘက္က အစပ်ိဳးခ်မွတ္ခဲ့တဲ့ အစီအစဥ္အရ တ႐ုတ္ႏိုင္ငံက ကာကြယ္ေဆးေတြ ေပးအပ္လႉဒါန္းတာျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္းက အတိဒုကၡေရာက္ေနတဲ့ အလိုအပ္ဆုံးသူေတြကို ဦးစားေပး ေပးအပ္မွာျဖစ္တဲ့အေၾကာင္း Prak Sokhonn ကသူ႔ရဲ႕ Facebook လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္ဟာ ေနျပည္ေတာ္မွာ စစ္ေကာင္စီ ေခါင္းေဆာင္ေတြ၊ အပစ္ရပ္ထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕က တာဝန္ရွိသူေတြ၊ ႏိုင္ငံေရးပါတီေတြကို ေတြ႕ဆုံဖို႔ စီစဥ္ထားပါတယ္။ သူ႔ရဲ႕ခရီးစဥ္ဟာ သက္ဆိုင္ရာ အဖြဲ႕အစည္းေပါင္းစုံနဲ႔ ႏိုင္ငံေရးအရ ေဆြးေႏြးမႈေတြ အေျဖရွာႏိုင္မယ့္ အေျခအေနေတြ ဖန္တီးႏိုင္ဖို႔ ျဖစ္တယ္လို႔ ေၾကညာထားေပမဲ့ ေဒသတြင္း လူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ အကဲခတ္ေတြကေတာ့ အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္ကေန ထူးထူးျခားျခား ရလာဒ္ေတြ ရလာမွာ မဟုတ္ဘူးလို႔ သုံးသပ္ေနၾကပါတယ္။

ဇူလိုင္ ၃ ရက္ေန႔ အထိ သြားေရာက္မယ့္ သူ႔ရဲ႕ ခရီးစဥ္မတိုင္ခင္ေလးမွာပဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္ အက်ဥ္းေထာင္ထဲမွာ စစ္ေကာင္စီက ေျပာင္းေ႐ႊ႕ထားခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္အ႐ြယ္နဲ႔ က်န္းမာေရးအရ အက်ဥ္းေထာင္ထဲမွာ မထားဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ Prak Sokhonn က ေတာင္းဆိုေပမဲ့ စစ္ေကာင္စီဘက္က ဒီ ေတာင္းဆိုခ်က္ကို ျငင္းပယ္ထားပါတယ္။


စစ္ေကာင္စီဥကၠ႒နဲ႔ အာဆီယံအထူးသံ ေတြ႕ဆုံ.mp3
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီဥက္ကဋ္ဌနဲ့ အာဆီယံအထူးသံ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်မှုအခြေအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဆောင်မှုတွေကို စစ်ကောင်စီဥက္ကဋ္ဌက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် အာဆီယံလူသားချင်းစာနာကူညီမှုပေးရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေး ဒုတိယအဆင့် စတင်လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ အစောပိုင်းကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၂ သန်း လှူဒါန်းတဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီနေ့ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်း အစည်းအဝေးမှာ ကမ္ဘာဒီးယားနိုင်ငံဘက်က အစပျိုးချမှတ်ခဲ့တဲ့ အစီအစဉ်အရ တရုတ်နိုင်ငံက ကာကွယ်ဆေးတွေ ပေးအပ်လှူဒါန်းတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက အတိဒုက္ခရောက်နေတဲ့ အလိုအပ်ဆုံးသူတွေကို ဦးစားပေး ပေးအပ်မှာဖြစ်တဲ့အကြောင်း Prak Sokhonn ကသူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်မှာ စစ်ကောင်စီ ခေါင်းဆောင်တွေ၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အဖြေရှာနိုင်မယ့် အခြေအနေတွေ ဖန်တီးနိုင်ဖို့ ဖြစ်တယ်လို့ ကြေညာထားပေမဲ့ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကဲခတ်တွေကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကနေ ထူးထူးခြားခြား ရလာဒ်တွေ ရလာမှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

ဇူလိုင် ၃ ရက်နေ့ အထိ သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်မတိုင်ခင်လေးမှာပဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ထဲမှာ စစ်ကောင်စီက ပြောင်းရွှေ့ထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ အကျဉ်းထောင်ထဲမှာ မထားဖို့ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က တောင်းဆိုပေမဲ့ စစ်ကောင်စီဘက်က ဒီ တောင်းဆိုချက်ကို ငြင်းပယ်ထားပါတယ်။

XS
SM
MD
LG