သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံနဲ႔ ျမန္မာႏိုင္ငံေရးပါတီတခ်ိဳ႕ေတြ႔ဆုံမည္


ျမန္မာႏိုင္ငံကိုေရာက္ေနတဲ့ ျမန္မာႏုိင္ငံဆိုင္ရာအာဆီယံအထူးသံ၊ ကေမၻာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ျမန္မာႏုိင္ငံအတြက္ တ႐ုတ္ႏုိင္ငံက အာဆီယံကတဆင့္ ကိုဗစ္ကာကြယ္ေဆး လႉဒါန္းတဲ့အခမ္းအနားတက္ေရာက္စဥ္။ (ဓာတ္ပံု Prak Sokhonn social media)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ ျမန္မာ့အေရးဆိုင္ရာ အာဆီယံ အထူးသံတမန္နဲ႔ တိုင္းရင္းသား ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ ေတြ႕ဆုံဖို႔ရွိေနပါတယ္။ ဒီေတြ႕ဆုံပြဲမွာ တိုင္းရင္းသားပါတီေတြဘက္က ဘယ္အခ်က္ေတြကို အေလးထားတင္ျပဖို႔ ရွိေနပါသလဲ။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

လက္ရိွ ျမန္မာႏိုင္ငံကို ၅ ရက္ၾကာ ခရီးစဥ္အျဖစ္ေရာက္ရိွေနတဲ့ ျမန္မာ့အေရးဆိုင္ ရာ အာဆီယံအထူးသံတမန္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ ဇူလိုင္လ ၂ ရက္ေန႔မွာ တုိင္းရင္းသားႏိုင္ငံေရးပါတီတခ်ိဳ႔နဲ႔ ရန္ကုန္ၿမိဳ႔မွာ ေတြ႔ဆံုဖုိ႔ ရိွေနပါတယ္။

ေလာေလာဆယ္ေတြ႔ဆံုမယ့္ ပါတီေတြထဲမွာ ရခိုင့္ဦးေဆာင္ပါတီ AFP ၊ မြန္ညီညြတ္ေရးပါတီ MUP နဲ႔ ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO ပါတီေတြနဲ႔ ေတြ႔ဆံုသြားဖုိ႔ ရိွေနေၾကာင္း ကနဦး သတင္းရရိွထားပါတယ္။

ရခိုင့္ဦးေဆာင္ပါတီ AFP အေနနဲ႔ အာဆီယံ အထူးသံတမန္နဲ႔ေတြ႔ဆံုတဲ့အခ်ိန္မွာ အခ်က္ ၄ ခ်က္ေပၚ အေျခခံ ေဆြးေႏြးသြားမယ္လုိ႔ ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က VOA ကို ေျပာပါတယ္။

“အၾကမ္းဖ်ဥ္း က်ေနာ္တို႔ ၄ ခုေလာက္ စဥ္းစားထားတာေပါ့။ တစ္ အခ်က္က လက္ရိွ ဖဲြ႔စည္းပံုအေျခခံ ဥပေဒနဲ႔ပတ္သက္တဲ့အျမင္ေပါ့ဗ်ာ။ ေနာက္တခ်က္က လက္ရိွအေနာက္ႏိုင္ငံမ်ားရဲ့ SAC အေပၚမွာ ခ်ဥ္းကပ္ပံုနဲ႔ သူတုိ႔ရဲ့ရည္မွန္းခ်က္ အေပၚမွာ က်ေနာ္တုိ႔ သံုးသပ္ခ်က္ေပ့ါ။ တတိယအခ်က္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပတ္သက္တဲ့က႑ေပါ့။ လက္ရိွ တုိင္းျပည္မွာ ေသြးသံတရဲရဲနဲ႔ ျဖစ္ေနတဲ့ဟာအေပၚမွာ သူ႔ရဲ့အျမင္သေဘာထား ဘာရိွတယ္ဆုိတာကို သံုးသပ္ဖုိ႔ လုိတာေပါ့။ ေနာက္တခ်က္ကေတာ့ လက္ရိွ တုိင္းရင္းသားလက္နက္ကိုင္ပဋိပကၡနဲ႔ SAC သြားေနတဲ့ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေပါ့။ NCA စာခ်ဳပ္ေပ့ါ။ အဲဒီအေပၚမွာ က်ေနာ္တုိ႔ရဲ့ အျမင္ေပါ့။ အေသးစိတ္ကေတာ့ ေျပာဖုိ႔ ေစာပါေသးတယ္။”

မြန္ညီညြတ္ေရးပါတီ MUP ကေတာ့ အာဆီယံအထူးသံတမန္နဲ႔ေတြ႔ဆံုခ်ိန္ ေဆြးေႏြးမယ့္အခ်က္ေတြကို ညိွႏိႈင္းေနဆဲျဖစ္ေၾကာင္း ပါတီေျပာေရးဆုိခြင့္ရိွသူ ႏိုင္သန္းေရႊက ေျပာပါတယ္။

“ေလာေလာဆယ္က က်ေနာ္တုိ႔ ဒီ အစည္းအေဝးထိုင္ေနတုန္းပဲေနာ္။ အစည္းအေဝးထုိင္တယ္။ အစည္းအေဝးမွာ ဘာေတြ ထြက္မလဲေတာ့ မသိဘူး။ အဲဒါက်ေတာ့ က်ေနာ္ မေျပာႏိုင္ေသးဘူး ေပါ့ေနာ္။”

တက္ေရာက္မယ့္ ကိုယ္စားလွယ္ကိုလည္း ေရြးျခယ္ေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO ပါတီကေတာ့ အေထြအထူးတင္ျပစရာမရိွေၾကာင္းနဲ႔ ေဆြးေႏြးပဲြမွာ ေတာ့ ပါတီအေရးထက္ တိုင္းျပည္အေရးကို ဦးစားေပး ေဆြးေႏြးဖို႔ ျပင္ဆင္ထားတာရိွေၾကာင္း ပါတီတဲြဘက္အတြင္းေရးမႉး ၂ ခြန္ထြန္းေရႊက ေျပာပါတယ္။

“သူတို႔ေမးတဲ့အေပၚ မူတည္တာပါ။ သူတို႔ ေမးတဲ့အေပၚ က်ေနာ္တုိ႔က ဦးစားေပးတာပါခင္ဗ်။ က်ေနာ္တုိ႔ကေတာ့ ေမးဖုိ႔၊ျမန္းဖုိ႔ ထူးထူးေထြေထြသိပ္မရိွဘူးခင္ဗ်။ က်ေနာ္တုိ႔က ပါတီကိုယ္စား မေျပာပါဘူး။ တိုင္းျပည္ရဲ့ ကိုယ္စားပဲေျပာသြားမွာပါ။ က်ေနာ္တုိ႔အားလံုး ေကာင္းဖို႔၊ လုပ္ဖုိ႔ပဲ။ ခ်ဴခ်ာေနတဲ့ တုိင္းျပည္ကို ျပန္ၿပီးေတာ့မွ က်န္းမာေအာင္လုိ႔ အားလံုး တာဝန္ရိွတယ္ေပါ့ေနာ္။”

အာဆီယံအထူးသံတမန္နဲ႔ ေတြ႔ဆံုမယ့္အထဲမွာ ေရြးေကာက္ပဲြေကာ္မရွင္က အျခားဘယ္ပါတီေတြကို ဖိတ္ၾကားထားတယ္ဆုိတာ အတိအက် မသိရေၾကာင္းလည္း ခြန္ထြန္းေရႊက ေျပာပါတယ္။

“ ဒီမုိကရက္တစ္ပါတီ-ျမန္မာျပည္ DPM လည္း က်ေနာ္ေမးၾကည့္တယ္။ မပါဘူးတဲ့။ မပါဘူးဆုိေတာ့ က်ေနာ္လည္း တုိင္းရင္းသားပါတီ ဥပမာ ကခ်င္တုိ႔ဘာတုိ႔။ လီဆူတို႔၊ လားဟူတုိ႔၊ အာခါတို႔ ေမးၾကည့္လည္း သူတုိ႔ မသိရဘူးဆုိေတာ့၊ ဓႏုေတြလည္း မသိရဘူးဆုိေတာ့ ဒါ UEC ရဲ့ အေပၚမွာ မူတည္တာကို။ UEC ဖိတ္မွပဲ က်ေနာ္တုိ႔ သြားရတာကိုး။ ”

က်ားျဖဴပါတီေခၚ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီ SNDP ကိုလည္း ဖိတ္ၾကားတာ မရိွပါဘူး။

ဇူလိုင္လ ၂ ရက္ေန႔ ေတြ႔ဆံုပဲြမွာေတာ့ တပါတီကို ႏွစ္ဦးစီ ဖိတ္ၾကားထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လက ပထမဆံုးအၾကိမ္လာေရာက္တဲ့ခရီးစဥ္မွာေတာ့ အာဆီယံ အထူးသံတမန္ဟာ ျပည္သူ႔ပါတီက ပါတီဥကၠ႒ ဦးကိုကိုၾကီးအပါအဝင္ ကိုယ္စားလွယ္အဖဲြ႔နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ အမ်ိဳးသား ဒီမုိကေရစီအဖဲြ႔ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစုစုလြင္နဲ႔ ေတြ႔ဆံုဖုိ႔ စီစဥ္တာ ရိွခဲ့ေပမယ့္ မျဖစ္ေျမာက္ခဲ့ပါဘူး။

အာဆီယံရဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္မွာ ျမန္မာ့အေရးၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ဖို႔ သက္ဆိုင္ရာ ပါဝင္ပတ္သက္သူေတြအားလုံးနဲ႔ေတြ႕ဆုံခြင့္ရႏိုင္ေရးလည္း အခ်က္ တခ်က္အေနနဲ႔ ပါဝင္ပါတယ္။ ဒါေၾကာင့္ အာဆီယံ အထူးသံတမန္က သူ႔ခရီးစဥ္ေတြမွာ ျမန္မာ့ဒီမိုကေရစီေခါင္း ေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံႏိုင္ဖို႔ ေတာင္းဆိုတာေတြ ရိွခဲ့ေပမယ့္ စစ္ေကာင္စီဘက္က လက္မခံခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အာဆီယံအထူးသံနဲ့ မြန်မာနိုင်ငံရေးပါတီတချို့တွေ့ဆုံမည်


မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားပါတီတွေဘက်က ဘယ်အချက်တွေကို အလေးထားတင်ပြဖို့ ရှိနေပါသလဲ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ မြန်မာ့အရေးဆိုင် ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ ဇူလိုင်လ ၂ ရက်နေ့မှာ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

လောလောဆယ်တွေ့ဆုံမယ့် ပါတီတွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ AFP ၊ မွန်ညီညွတ်ရေးပါတီ MUP နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေကြောင်း ကနဦး သတင်းရရှိထားပါတယ်။

ရခိုင့်ဦးဆောင်ပါတီ AFP အနေနဲ့ အာဆီယံ အထူးသံတမန်နဲ့တွေ့ဆုံတဲ့အချိန်မှာ အချက် ၄ ချက်ပေါ် အခြေခံ ဆွေးနွေးသွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က VOA ကို ပြောပါတယ်။

“အကြမ်းဖျဉ်း ကျနော်တို့ ၄ ခုလောက် စဉ်းစားထားတာပေါ့။ တစ် အချက်က လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်တဲ့အမြင်ပေါ့ဗျာ။ နောက်တချက်က လက်ရှိအနောက်နိုင်ငံများရဲ့ SAC အပေါ်မှာ ချဉ်းကပ်ပုံနဲ့ သူတို့ရဲ့ရည်မှန်းချက် အပေါ်မှာ ကျနော်တို့ သုံးသပ်ချက်ပေ့ါ။ တတိယအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကဏ္ဍပေါ့။ လက်ရှိ တိုင်းပြည်မှာ သွေးသံတရဲရဲနဲ့ ဖြစ်နေတဲ့ဟာအပေါ်မှာ သူ့ရဲ့အမြင်သဘောထား ဘာရှိတယ်ဆိုတာကို သုံးသပ်ဖို့ လိုတာပေါ့။ နောက်တချက်ကတော့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခနဲ့ SAC သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့။ NCA စာချုပ်ပေ့ါ။ အဲဒီအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့။ အသေးစိတ်ကတော့ ပြောဖို့ စောပါသေးတယ်။”

မွန်ညီညွတ်ရေးပါတီ MUP ကတော့ အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံချိန် ဆွေးနွေးမယ့်အချက်တွေကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောပါတယ်။

“လောလောဆယ်က ကျနော်တို့ ဒီ အစည်းအဝေးထိုင်နေတုန်းပဲနော်။ အစည်းအဝေးထိုင်တယ်။ အစည်းအဝေးမှာ ဘာတွေ ထွက်မလဲတော့ မသိဘူး။ အဲဒါကျတော့ ကျနော် မပြောနိုင်သေးဘူး ပေါ့နော်။”

တက်ရောက်မယ့် ကိုယ်စားလှယ်ကိုလည်း ရွေးခြယ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီကတော့ အထွေအထူးတင်ပြစရာမရှိကြောင်းနဲ့ ဆွေးနွေးပွဲမှာ တော့ ပါတီအရေးထက် တိုင်းပြည်အရေးကို ဦးစားပေး ဆွေးနွေးဖို့ ပြင်ဆင်ထားတာရှိကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး ၂ ခွန်ထွန်းရွှေက ပြောပါတယ်။

“သူတို့မေးတဲ့အပေါ် မူတည်တာပါ။ သူတို့ မေးတဲ့အပေါ် ကျနော်တို့က ဦးစားပေးတာပါခင်ဗျ။ ကျနော်တို့ကတော့ မေးဖို့၊မြန်းဖို့ ထူးထူးထွေထွေသိပ်မရှိဘူးခင်ဗျ။ ကျနော်တို့က ပါတီကိုယ်စား မပြောပါဘူး။ တိုင်းပြည်ရဲ့ ကိုယ်စားပဲပြောသွားမှာပါ။ ကျနော်တို့အားလုံး ကောင်းဖို့၊ လုပ်ဖို့ပဲ။ ချူချာနေတဲ့ တိုင်းပြည်ကို ပြန်ပြီးတော့မှ ကျန်းမာအောင်လို့ အားလုံး တာဝန်ရှိတယ်ပေါ့နော်။”

အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံမယ့်အထဲမှာ ရွေးကောက်ပွဲကော်မရှင်က အခြားဘယ်ပါတီတွေကို ဖိတ်ကြားထားတယ်ဆိုတာ အတိအကျ မသိရကြောင်းလည်း ခွန်ထွန်းရွှေက ပြောပါတယ်။

“ ဒီမိုကရက်တစ်ပါတီ-မြန်မာပြည် DPM လည်း ကျနော်မေးကြည့်တယ်။ မပါဘူးတဲ့။ မပါဘူးဆိုတော့ ကျနော်လည်း တိုင်းရင်းသားပါတီ ဥပမာ ကချင်တို့ဘာတို့။ လီဆူတို့၊ လားဟူတို့၊ အာခါတို့ မေးကြည့်လည်း သူတို့ မသိရဘူးဆိုတော့၊ ဓနုတွေလည်း မသိရဘူးဆိုတော့ ဒါ UEC ရဲ့ အပေါ်မှာ မူတည်တာကို။ UEC ဖိတ်မှပဲ ကျနော်တို့ သွားရတာကိုး။ ”

ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကိုလည်း ဖိတ်ကြားတာ မရှိပါဘူး။

ဇူလိုင်လ ၂ ရက်နေ့ တွေ့ဆုံပွဲမှာတော့ တပါတီကို နှစ်ဦးစီ ဖိတ်ကြားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ပထမဆုံးအကြိမ်လာရောက်တဲ့ခရီးစဉ်မှာတော့ အာဆီယံ အထူးသံတမန်ဟာ ပြည်သူ့ပါတီက ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ စီစဉ်တာ ရှိခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ မြန်မာ့အရေးငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရနိုင်ရေးလည်း အချက် တချက်အနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် အာဆီယံ အထူးသံတမန်က သူ့ခရီးစဉ်တွေမှာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံခဲ့ပါဘူး။

XS
SM
MD
LG