သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Kirin လုပ္ငန္းအားလုံး တပ္ပိုင္ စီးပြားေရးလုပ္ငန္းကိုေရာင္းခ်မည္


ကီရင္န္ဘီယာ

[[Zawgyi/Unicode]]

ဂ်ပန္ ဘီယာကုမၸဏီ Kirin က ျမန္မာႏိုင္ငံတြင္း သူ႔ရဲ႕စီးပြားေရးလုပ္ငန္းအားလုံး ကို စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီ လိမိတက္ကို ေရာင္းခဲ့မယ့္အေၾကာင္း ဒီကေန႔ ေျပာပါတယ္။ စစ္တပ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္အၾကာမွာ Kirin ရဲ႕ လုပ္ငန္းေတြ အၿပီးျပန္႐ုပ္သိမ္းတာ ျဖစ္ပါတယ္။

ဦးပိုင္ကုမၸဏီနဲ႔ ဖက္စပ္ထုတ္ခဲ့တဲ့ ျမန္မာ့ဘီယာထုတ္လုပ္ေရးလုပ္ငန္းမွာ အစုရွယ္ယာ ၅၁ % ထည့္ဝင္ထားတာကို ဂ်ပန္ယန္းေငြ ၂၂ ဘီလံေက်ာ္ (ေဒၚလာ ၁၆၄ သန္း) နဲ႔ ဦးပိုင္ကို ေရာင္းခ်ခဲ့မယ့္အေၾကာင္း ဒီကေန႔ ထုတ္ျပန္တဲ့ Kirin ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္အာဏာသိမ္းၿပီး မၾကာခင္မွာပဲ ျမန္မာႏိုင္ငံတြင္းက သူ႔ရဲ႕လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း Kirin က ေၾကညာခဲ့ေပမဲ့ လုပ္ငန္းေတြ အၿပီးသတ္ျပန္႐ုပ္သိမ္းဖို႔ တႏွစ္ေက်ာ္ ၾကာခဲ့တာပါ။

အစပိုင္းမွာတုန္းကေတာ့ Kirin အမႈေဆာင္ အရာရွိေတြက ျမန္မာႏိုင္ငံတြင္း လုပ္ငန္းတခ်ိဳ႕ ဆက္ထားဖို႔ ဆႏၵရွိတယ္လို႔ ေျပာခဲ့ၾကေပမဲ့ တႏွစ္ေက်ာ္ၾကာ ႏွစ္ဘက္ ညႇိႏႈိင္းမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ လုပ္ငန္းေတြအၿပီးရပ္ဖို႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲမွာ သေဘာတူခဲ့ၾကပါတယ္။

စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံထဲက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းလာတာမွာ Kirin အျပင္ ရဲတံခြန္ ဓာတ္ေငြ႕စီမံကိန္း မွာ ပါဝင္လုပ္ကိုင္ေနတဲ့ ဂ်ပန္စြမ္းအင္ကုမၸဏီ Eneos လည္း ပါ ပါတယ္။ အလားတူ အေမရိကန္ Cheveron ကုမၸဏီ၊ ျပင္သစ္ TOTAL စြမ္းအင္လုပ္ငန္း နဲ႔ ေတာင္ကိုရီးယား သံမဏိလုပ္ငန္း POSCO တို႔လည္း ျမန္မာႏိုင္ငံကေန လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ေၾကညာထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

Kirin လုပ်ငန်းအားလုံး တပ်ပိုင် စီးပွားရေးလုပ်ငန်းကိုရောင်းချမည်

ဂျပန် ဘီယာကုမ္ပဏီ Kirin က မြန်မာနိုင်ငံတွင်း သူ့ရဲ့စီးပွားရေးလုပ်ငန်းအားလုံး ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်ကို ရောင်းခဲ့မယ့်အကြောင်း ဒီကနေ့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာ Kirin ရဲ့ လုပ်ငန်းတွေ အပြီးပြန်ရုပ်သိမ်းတာ ဖြစ်ပါတယ်။

ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်ထုတ်ခဲ့တဲ့ မြန်မာ့ဘီယာထုတ်လုပ်ရေးလုပ်ငန်းမှာ အစုရှယ်ယာ ၅၁ % ထည့်ဝင်ထားတာကို ဂျပန်ယန်းငွေ ၂၂ ဘီလံကျော် (ဒေါ်လာ ၁၆၄ သန်း) နဲ့ ဦးပိုင်ကို ရောင်းချခဲ့မယ့်အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ Kirin ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံတွင်းက သူ့ရဲ့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း Kirin က ကြေညာခဲ့ပေမဲ့ လုပ်ငန်းတွေ အပြီးသတ်ပြန်ရုပ်သိမ်းဖို့ တနှစ်ကျော် ကြာခဲ့တာပါ။

အစပိုင်းမှာတုန်းကတော့ Kirin အမှုဆောင် အရာရှိတွေက မြန်မာနိုင်ငံတွင်း လုပ်ငန်းတချို့ ဆက်ထားဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပေမဲ့ တနှစ်ကျော်ကြာ နှစ်ဘက် ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် လုပ်ငန်းတွေအပြီးရပ်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ သဘောတူခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပြန်ရုပ်သိမ်းလာတာမှာ Kirin အပြင် ရဲတံခွန် ဓာတ်ငွေ့စီမံကိန်း မှာ ပါဝင်လုပ်ကိုင်နေတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos လည်း ပါ ပါတယ်။ အလားတူ အမေရိကန် Cheveron ကုမ္ပဏီ၊ ပြင်သစ် TOTAL စွမ်းအင်လုပ်ငန်း နဲ့ တောင်ကိုရီးယား သံမဏိလုပ်ငန်း POSCO တို့လည်း မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း ကြေညာထားကြပါတယ်။

XS
SM
MD
LG