သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သိမ်းသွားတဲ့ဂျပန်ဘီယာလုပ်ငန်းဟာ အစားထိုးလွယ်တဲ့လုပ်ငန်းလို့ စစ်ကောင်စီတုံ့ပြန်


Kirin ဂျပန်ဘီယာ။
Kirin ဂျပန်ဘီယာ။

[[Zawgyi/Unicode]]

ဂျပန် ဘီယာကုမ္ပဏီ Kirin က စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ ဖက်စပ်လုပ်ငန်းကရော မြန်မာနိုင်ငံကပါ ထွက်သွားတာဟာ အစားထိုးရလွယ်တဲ့လုပ်ငန်းဖြစ်ပါတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ခုလို ပြောထားတာပါ။

ကီရင်ရဲ့အစုရှယ်ယာ “မည်မျှကို ရောင်းချမည်၊ မည်သူက အစုရှယ်ယာလွှဲပြောင်းရယူမည် စသည့် အချက်အလက်များ အပါအဝင် အစုရှယ်ယာ လွှဲပြောင်းရောင်းချရန် တရားဝင် တင်ပြလျှောက်ထားလာခြင်း မရှိသေးပါ” လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကီရင်ရဲ့အစုရှယ်ယာ ၅၁ ရာနှုန်းကို ရောင်းချဖို့ရှာဖွေနေကြောင်း ကီရင်က ပြောပါတယ်။ ခုလို မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဒေါ်လာသန်းပေါင်း ၄၀၄.၃၇ သန်း ဆုံးရှုံးတယ်လို့ ကီရင် က ဆိုပါတယ်။

အာဏာမသိမ်းမီကနှစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ၂၀၂၁ ဘီယာ အရောင်းဝင်ငွေက ၃၉ % ကျဆင်းသွားခဲ့တာ ကို Kirin ရဲ့ စာရင်းဇယားတွေက ပြသနေပါတယ်။

မြန်မာဘီယာကို သပိတ်မှောက်ရာမှာ သန်းပေါင်းများစွာသော ပြည်သူတွေပါဝင်ခဲ့ပြီး ဒါဟာ အစုအပေါင်း အင်အားကို ပြသတာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ကြေညာချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကတော့ “ပြောရမယ်ဆိုရင် ဘီယာ သောက်သုံးမှုကိုတောင် discourage ဖြစ်သွားတဲ့အတွက် လျော့ကျစေနိုင်ပါတယ်။” လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]






==========

XS
SM
MD
LG