သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်းရင်းနှီးလုပ်ငန်း ရုပ်သိမ်းမယ်လို့ Kirin ကြေညာ 


ကီရင်ဘီယာ
ကီရင်ဘီယာ


[[Zawgyi/Unicode]]

မြန်မာနိုင်ငံကနေ ထွက်ခွါမယ်လို့ ဂျပန်ကုမ္ပဏီတခုဖြစ်တဲ့ Kirin က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

Kirin ဟာ စစ်တပ်ရဲ့ မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်နဲ့ မြန်မာဘီယာထုတ်လုပ်ရေးကို ဖက်စပ်လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကထွက်ခွါတဲ့ ပထမဆုံးဂျပန် ကုမ္ပဏီ ဖြစ်လာပါတယ်။ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ အငြင်းပွါးနေတာတွေကို ဖြေရှင်းနိုင်မယ့် မျှော်လင့်ချက်မရှိတော့တဲ့အတွက် ခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဖက်စပ်လုပ်ငန်းမှာ ကီရင်က အစုရှယ်ယာ ၅၁ ရာနှုန်း ပိုင်ဆိုင်ပြီး သူ့အစုရှယ်ယာကို ဇွန်လကုန် နောက်ဆုံးထားပြီး အပြီးဖြေရှင်းမယ်လို့ ကီရင်ရဲ့ အမှုဆောင်အရာရှိချုပ် Yoshinori Isozaki က ပြောပါတယ်။ စစ်တပ်နဲ့ ချိတ်ဆက်မှုမရှိတဲ့ကုမ္ပဏီကို ရောင်းချဖို့အတွက် ရှာဖွေနေပါတယ်။

ခုလို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဒေါ်လာ သန်းပေါင်း ၄၀၄.၃၇ သန်း ဆုံးရှုံးတယ်လို့ ကီရင်က ဆိုပါတယ်။

အာဏာမသိမ်းမီကနှစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ၂၀၂၁ မှာ မြန်မာဘီယာရဲ့ အရောင်း က ၃၉ ရာနှုန်း ကျဆင်းသွားတာကို စာရင်းတွေက ပြသနေပါတယ်။ မြန်မာဘီယာကို သပိတ်မှောက်ရာမှာ သန်းပေါင်းများစွာသော ပြည်သူတွေပါဝင်ခဲ့ပြီး ဒါဟာ စုပေါင်း အင်အားကို ပြသတာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ကြေညာချက်မှာ ပြောထားပါတယ်။

ကီရင်လိုပဲ Total၊ Chevron နဲ့ တောင်ကိုရီးယားနိုင်ငံက သံမဏိလုပ်ငန်းကြီးဖြစ်တဲ့ POSCO တို့ဟာလည်း မြန်မာနိုင်ငံက သူတို့ လုပ်ငန်းတွေကို ရုပ်သိမ်း ထွက်ခွါမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]








==========

XS
SM
MD
LG