သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သုံးဆီေတြ ခြဲတမ္းနဲ႔ေရာင္းေပးလို႔ လက္လီဆိုင္အမ်ားအျပား ပိတ္ထားရ 


[[Zawgyi/Unicode]]

စက္သုံးဆီတင္သြင္း ျဖန႔္ျဖဴးေရးအသင္းကေန သိုေလွာင္ထားတဲ့ ဓါတ္ဆီေတြကို ဆီပန႔္လိုင္စင္ရွိတဲ့ဆိုင္ေတြကိုပဲ ခြဲတမ္းခ် ေရာင္းခ်ေပးေတာ့တာေၾကာင့္ သာမန္ လက္လီဆီဆိုင္အမ်ားအျပား ပိတ္လိုက္ရပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္ ေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္း ျဖန႔္ျဖဴးေရးအသင္းကေရာင္းခ်ေပးတဲ့ဓာတ္ဆီကို ခြဲတမ္းရတဲ့ဆိုင္ေတြမွာ ဓာတ္ဆီကို လိုသေလာက္ရေပမယ့္ ခြဲတမ္းမရတဲ့ လက္လီဆိုင္အမ်ားအျပားကေတာ့ ဆီျပတ္ၿပီး အေရာင္းပိတ္ထားရပါတယ္။ ရန္ကုန္က ဆိုင္အမ်ားစုမွာ ဓာတ္ဆီဝယ္မရေတာ့ဘူးလို႔ ရန္ကုန္ၿမိဳ႕တြင္း အငွားယာဥ္ေမာင္းမ်ားအသင္းက ကိုပါႀကီးက ဗြီအိုေအကို ေျပာပါတယ္။

"ၿမိဳ႕ထဲကဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ 92/95 ဆိုရင္ မရွိဘူးေျပာတယ္။ ဝင္သြားတာနဲ႔ မရပါဘူးခင္ဗ်ာ အဲလိုေျပာတာ။ က်န္တဲ့႐ိုး႐ိုး ဒီဇယ္ရမယ္၊ ပရီမီယံရမယ္၊ အဲလိုေျပာတယ္၊ က်ေနာ္တို႔သြားထည့္တာ က်ေနာ္တို႔နဲ႔ ႀကဳံတဲ့ဆိုင္ေတြေပါ့ေနာ္။"

မႏၲေလးတိုင္းမွာလည္း ခြဲတမ္းအလုံအေလာက္ရတဲ့ ဆိုင္ႀကီးေတြမွာပဲ ဓာတ္ဆီရၿပီး ဆိုင္အမ်ားစုက ပိတ္ထားရတယ္လို႔ မႏၲေလးတိုင္း စက္သုံးဆီလက္လီ ေရာင္းခ်သူမ်ားအသင္းက ဦးေက်ာ္စြာျမင့္က ေျပာပါတယ္။ လက္လီဆိုင္ေတြဟာ စက္ သုံးတင္သြင္းျဖန႔္ျဖဴးတဲ့ လုပ္ငန္းႀကီးေတြဆီကေန ခြဲတမ္းမရေတာ့လို႔ ျပင္ပမွာဝယ္မယ္ဆိုရင္ အဆမတန္ေပးဝယ္ရသလို လိုသေလာက္ရဖို႔လည္း မေသခ်ာဘူးလို႔ သူကေျပာပါတယ္။

"မႏၲေလးမွာလည္း ဆိုင္ႀကီးေတြေလာက္ပဲရတာ၊ BOC တို႔ Denko တို႔ေလာက္ပဲ၊ Asia Energy တို႔ ေ႐ႊဗ်ိဳင္းျဖဴတို႔။ တခ်ိဳ႕ဆိုင္ ေတာ္ေတာ္မ်ားမ်ားက ဆီျပတ္တယ္။ ပုဂၢလိကက ၾကားနာမည္နဲ႔ ဆိုင္ေတြေတာင္ ဆီျပတ္ေသးတာေလ။ ဆီေစ်းကတလုံး (တပီပါ) ကို ၅၇၀,၀၀၀၊ ၅၈၀,၀၀၀ အထိ ေပးဝယ္ေနရတာေပါ့။ အဲဒါ ေအာက္ တိန္းတို႔ 92 တို႔ေပါ့။ တကယ္လိုအပ္တဲ့သူဆို ၆၀၀,၀၀၀ ေလာက္အထိ ေပးဝယ္ရတယ္။ အဲဒါအမ်ားႀကီးမရဘူးေလ ဂါလံ ၅,၀၀၀၊ ၆,၀၀၀ ယူတဲ့သူေတြေတာင္မွ ၅၀၀ ေလာက္ပဲရေတာ့တာ။ အဲဒါေတာင္ ေလးငါးရက္ေလာက္ ေစာင့္ေနရတာ။ ခြဲတမ္းရတဲ့ဆိုင္ေတြက် ေစ်းသက္သာတယ္ေလ။ လက္လီအေသးေလးေတြ ေတာ္ေတာ္မ်ားမ်ားဆိုရင္ ပိတ္ေတာင္ပိတ္ထားရတယ္ ပိတ္ကုန္ၿပီ။"

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္က ဆီဆိုင္ ၃၂၄ ဆိုင္ကို ခြဲတမ္းနဲ႔ေရာင္းခ်ေပးမယ္လို႔ ဆီတင္သြင္းတဲ့ လုပ္ငန္းရွင္ေတြက ေမလ၂၁. ရက္က ထုတ္ျပန္ပါတယ္။ ဒီေန႔ ေမလ ၂၆ ရက္မွာေတာ့ ဆီဆိုင္ေပါင္း ၃၂၄ ဆိုင္မကဘဲ ဆိုင္အမ်ားအျပားကိုလည္း ခြဲတမ္းနဲ႔ေရာင္းေပးေနၿပီလို႔ ဗြီအိုေအကို ေျပာပါတယ္။

ျပည္တြင္းမွာ ဆီလက္က်န္နည္းေနတဲ့အတြက္ အေရာင္းခဏရပ္ထားဖို႔ စက္သုံးဆီလုပ္ငန္းရွင္ေတြက ေမလ ၁၉ ရက္ မနက္ပိုင္းမွာ ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ဓာတ္ဆီေစ်း အေျပာင္းအလဲေတြ ျဖစ္ေပၚခဲ့သလို တခ်ိဳ႕ေဒသေတြမွာ ဓာတ္ဆီဝယ္မရလို႔ အေရာင္းပိတ္ခဲ့ရတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ ဒီအေျခအေနေတြကို စိုးရိမ္စရာမလိုေၾကာင္း ဆီတင္သြင္းတဲ့ လုပ္ငန္းႀကီးတခုက ဗြီအိုေအကို ေျပာပါတယ္။ စကၤာပူက ဆီတင္သေဘၤာသုံးစီးလည္း သီလဝါဆိပ္ကမ္းကို မၾကာခင္ေရာက္ဖို႔ရွိေၾကာင္း သူကေျပာပါတယ္။

"ခြဲတမ္းခ်တာေတာ့ အရမ္းမ်ားတယ္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ အဲလို SME ဆိုင္ေတြေလ။ အခုလည္း ဒီတပတ္ထဲမွာလည္း အမ်ားႀကီးေပးဖို႔ ရွိတယ္ဗ်။ အကန႔္ အသတ္ေတြေတာ့ ဘာမွမရွိဘူး၊ ဒါေပမဲ့ (ဆီပန႔္) လိုင္စင္နံပါတ္ေတာ့ ရွိရမွာေပါ့ေနာ္။ အခုလက္ရွိက သုံးစီးဝင္မယ္။ ဇြန္လထဲမွာလည္း သေဘၤာေတြဝင္လာဖို႔ အမ်ားႀကီးရွိတယ္။ အနည္းဆုံးတန္ခ်ိန္ကေတာ့ ၆၀,၀၀၀ အထက္မွာပဲရွိတယ္။ လက္ရွိဆိုရင္ discharge လုပ္ေနတာ တိတိက်က်ေျပာမယ္ဆိုရင္ ၂စီး discharge လုပ္ေနတယ္၊ ေနာက္ထပ္ ၂စီးလည္း stand-by အေနအထားေပါ့ေနာ္ ဆက္ၿပီးခ်ဖို႔ အဲလိုေတာ့ရွိတယ္။"

ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနကေတာ့ 92 တလီတာကို ၁,၈၄၄ က်ပ္၊ 95 တလီတာကို ၁,၉၄၉.၃၃ က်ပ္၊ ပရီမီယံဒီဇယ္ တလီတာကို ၁,၉၆၆.၂၁ က်ပ္ဆိုၿပီး ရည္ၫႊန္းေစ်းႏႈန္းကို ဒီၾကာသပေတးေန႔မွာ ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ လက္လီေစ်းကြက္မွာေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းထဲမွာ ဓာတ္ဆီ 92 တလီတာကို က်ပ္ ၂,၇၀၀ ေလာက္အထိတက္ခဲ့ၿပီး ဒီေန႔မွာေတာ့ ေနရာေဒသအေပၚမူတည္ၿပီး 92 တလီတာကို က်ပ္ ၂,၀၈၀ ကေန ၂,၃၃၀ ၾကားရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စက်သုံးဆီတွေ ခွဲတမ်းနဲ့ရောင်းပေးလို့ လက်လီဆိုင်အများအပြား ပိတ်ထားရ

စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရေးအသင်းကနေ သိုလှောင်ထားတဲ့ ဓါတ်ဆီတွေကို ဆီပန့်လိုင်စင်ရှိတဲ့ဆိုင်တွေကိုပဲ ခွဲတမ်းချ ရောင်းချပေးတော့တာကြောင့် သာမန် လက်လီဆီဆိုင်အများအပြား ပိတ်လိုက်ရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန် ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရေးအသင်းကရောင်းချပေးတဲ့ဓာတ်ဆီကို ခွဲတမ်းရတဲ့ဆိုင်တွေမှာ ဓာတ်ဆီကို လိုသလောက်ရပေမယ့် ခွဲတမ်းမရတဲ့ လက်လီဆိုင်အများအပြားကတော့ ဆီပြတ်ပြီး အရောင်းပိတ်ထားရပါတယ်။ ရန်ကုန်က ဆိုင်အများစုမှာ ဓာတ်ဆီဝယ်မရတော့ဘူးလို့ ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းများအသင်းက ကိုပါကြီးက ဗွီအိုအေကို ပြောပါတယ်။

"မြို့ထဲကဆိုင်တွေ တော်တော်များများကတော့ 92/95 ဆိုရင် မရှိဘူးပြောတယ်။ ဝင်သွားတာနဲ့ မရပါဘူးခင်ဗျာ အဲလိုပြောတာ။ ကျန်တဲ့ရိုးရိုး ဒီဇယ်ရမယ်၊ ပရီမီယံရမယ်၊ အဲလိုပြောတယ်၊ ကျနော်တို့သွားထည့်တာ ကျနော်တို့နဲ့ ကြုံတဲ့ဆိုင်တွေပေါ့နော်။"

မန္တလေးတိုင်းမှာလည်း ခွဲတမ်းအလုံအလောက်ရတဲ့ ဆိုင်ကြီးတွေမှာပဲ ဓာတ်ဆီရပြီး ဆိုင်အများစုက ပိတ်ထားရတယ်လို့ မန္တလေးတိုင်း စက်သုံးဆီလက်လီ ရောင်းချသူများအသင်းက ဦးကျော်စွာမြင့်က ပြောပါတယ်။ လက်လီဆိုင်တွေဟာ စက် သုံးတင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းကြီးတွေဆီကနေ ခွဲတမ်းမရတော့လို့ ပြင်ပမှာဝယ်မယ်ဆိုရင် အဆမတန်ပေးဝယ်ရသလို လိုသလောက်ရဖို့လည်း မသေချာဘူးလို့ သူကပြောပါတယ်။

"မန္တလေးမှာလည်း ဆိုင်ကြီးတွေလောက်ပဲရတာ၊ BOC တို့ Denko တို့လောက်ပဲ၊ Asia Energy တို့ ရွှေဗျိုင်းဖြူတို့။ တချို့ဆိုင် တော်တော်များများက ဆီပြတ်တယ်။ ပုဂ္ဂလိကက ကြားနာမည်နဲ့ ဆိုင်တွေတောင် ဆီပြတ်သေးတာလေ။ ဆီဈေးကတလုံး (တပီပါ) ကို ၅၇၀,၀၀၀၊ ၅၈၀,၀၀၀ အထိ ပေးဝယ်နေရတာပေါ့။ အဲဒါ အောက် တိန်းတို့ 92 တို့ပေါ့။ တကယ်လိုအပ်တဲ့သူဆို ၆၀၀,၀၀၀ လောက်အထိ ပေးဝယ်ရတယ်။ အဲဒါအများကြီးမရဘူးလေ ဂါလံ ၅,၀၀၀၊ ၆,၀၀၀ ယူတဲ့သူတွေတောင်မှ ၅၀၀ လောက်ပဲရတော့တာ။ အဲဒါတောင် လေးငါးရက်လောက် စောင့်နေရတာ။ ခွဲတမ်းရတဲ့ဆိုင်တွေကျ ဈေးသက်သာတယ်လေ။ လက်လီအသေးလေးတွေ တော်တော်များများဆိုရင် ပိတ်တောင်ပိတ်ထားရတယ် ပိတ်ကုန်ပြီ။"

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ဆီဆိုင် ၃၂၄ ဆိုင်ကို ခွဲတမ်းနဲ့ရောင်းချပေးမယ်လို့ ဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေက မေလ၂၁. ရက်က ထုတ်ပြန်ပါတယ်။ ဒီနေ့ မေလ ၂၆ ရက်မှာတော့ ဆီဆိုင်ပေါင်း ၃၂၄ ဆိုင်မကဘဲ ဆိုင်အများအပြားကိုလည်း ခွဲတမ်းနဲ့ရောင်းပေးနေပြီလို့ ဗွီအိုအေကို ပြောပါတယ်။

ပြည်တွင်းမှာ ဆီလက်ကျန်နည်းနေတဲ့အတွက် အရောင်းခဏရပ်ထားဖို့ စက်သုံးဆီလုပ်ငန်းရှင်တွေက မေလ ၁၉ ရက် မနက်ပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဓာတ်ဆီဈေး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့သလို တချို့ဒေသတွေမှာ ဓာတ်ဆီဝယ်မရလို့ အရောင်းပိတ်ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကို စိုးရိမ်စရာမလိုကြောင်း ဆီတင်သွင်းတဲ့ လုပ်ငန်းကြီးတခုက ဗွီအိုအေကို ပြောပါတယ်။ စင်္ကာပူက ဆီတင်သင်္ဘောသုံးစီးလည်း သီလဝါဆိပ်ကမ်းကို မကြာခင်ရောက်ဖို့ရှိကြောင်း သူကပြောပါတယ်။

"ခွဲတမ်းချတာတော့ အရမ်းများတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဲလို SME ဆိုင်တွေလေ။ အခုလည်း ဒီတပတ်ထဲမှာလည်း အများကြီးပေးဖို့ ရှိတယ်ဗျ။ အကန့် အသတ်တွေတော့ ဘာမှမရှိဘူး၊ ဒါပေမဲ့ (ဆီပန့်) လိုင်စင်နံပါတ်တော့ ရှိရမှာပေါ့နော်။ အခုလက်ရှိက သုံးစီးဝင်မယ်။ ဇွန်လထဲမှာလည်း သင်္ဘောတွေဝင်လာဖို့ အများကြီးရှိတယ်။ အနည်းဆုံးတန်ချိန်ကတော့ ၆၀,၀၀၀ အထက်မှာပဲရှိတယ်။ လက်ရှိဆိုရင် discharge လုပ်နေတာ တိတိကျကျပြောမယ်ဆိုရင် ၂စီး discharge လုပ်နေတယ်၊ နောက်ထပ် ၂စီးလည်း stand-by အနေအထားပေါ့နော် ဆက်ပြီးချဖို့ အဲလိုတော့ရှိတယ်။"

ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနကတော့ 92 တလီတာကို ၁,၈၄၄ ကျပ်၊ 95 တလီတာကို ၁,၉၄၉.၃၃ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၁,၉၆၆.၂၁ ကျပ်ဆိုပြီး ရည်ညွှန်းဈေးနှုန်းကို ဒီကြာသပတေးနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လက်လီဈေးကွက်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ဓာတ်ဆီ 92 တလီတာကို ကျပ် ၂,၇၀၀ လောက်အထိတက်ခဲ့ပြီး ဒီနေ့မှာတော့ နေရာဒေသအပေါ်မူတည်ပြီး 92 တလီတာကို ကျပ် ၂,၀၈၀ ကနေ ၂,၃၃၀ ကြားရှိပါတယ်။

================

XS
SM
MD
LG