သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Chevron ရွယ္ယာ​မ်ား စစ္တပ္ကိုမေရာင္းဖို႔ တက္ႂကြသူေတြေတာင္းဆို


ယခင္မွတ္တမ္းဓာတ္ပံု

[[Zawgyi/Unicode]]

အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron ဟာ ျမန္မာျပည္တြင္းပိုင္ဆိုင္ထားတဲ့ အစုရွယ္ယာေတြ ျပန္ေရာင္းဖို႔ရွိေနတာမို႔ ဒီပိုင္ဆိုင္မႈေတြ စစ္အုပ္စုဆီ ေရာက္မသြားေအာင္ ထိန္းသိမ္းထားေပးဖို႔ ျပည္တြင္းက ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားသူေတြက ေတာင္းဆိုလိုက္ပါတယ္။ စစ္တပ္ဟာ Chevron ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈကေန တႏွစ္ကို အေမရိကန္ေဒၚလာ သန္း ၁၅၀ ေလာက္ ရရွိေနတဲ့အတြက္ ဒီအက်ိဳးအျမတ္ေတြ ဆက္ၿပီးမရရွိေအာင္ ဆိုင္းငံ့ထားဖို႔ ျပည္တြင္းႏိုင္ငံေရး တက္ႂကြသူေတြက ေထာက္ခံလက္မွတ္ေတြ စုေဆာင္းေကာက္ယူၿပီး အေမရိကန္ကုမၸဏီကို ဖိအားေပးလိုက္တာပါ။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ရတနာ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းရဲ႕ အစုရွယ္ယာ အမ်ားဆုံးပိုင္ဆိုင္တဲ့ Chevron ဟာ စစ္ေကာင္စီအက်ိဳးျဖစ္ေစမယ့္ ရွယ္ယာေငြ ခြဲေဝမႈေတြ လက္တေလာ ရပ္တန႔္ထားမလား၊ မထားဘူးလားဆိုတာ အခုလာမယ့္ ေမလ ၂၅ရက္မွာ Chevron ရဲ႕ ရွယ္ယာရွင္ေတြ မဲခြဲဆုံးျဖတ္ၾကမွာပါ။ ဒါေၾကာင့္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြက Chevron ဖိအားေပးဖို႔အတြက္ ျပည္သူေတြရဲ႕လက္မွတ္ေပါင္း ၂၀၀,၀၀၀ ရေအာင္ ေကာက္ခံေနၿပီး ဒီေငြေတြစစ္တပ္ကို မေရာက္ေအာင္ လႈပ္ရွားေတာင္းဆိုေနတာ ျဖစ္ေၾကာင္း သယံဇာတအေရး တက္ႂကြလႈပ္ရွားသူ ကိုရဲက ဗြီအိုေအကို ေျပာပါတယ္။

"အခု Chevron တို႔ TOTAL တို႔က သန္း ၁၀၀၊ သန္း ၂၅၀။ အေမရိကန္ေဒၚလာ သန္းရာဂဏန္းေတြေပါ့ေလ- အဲဒါကို စစ္ေကာင္စီကိုမေပးဖို႔အတြက္ က်ေနာ္တို႔ ျပည္သူေတြ၊ ေတာ္လွန္ေရး အင္အားစုေတြ ဒီမိုကေရစီလိုလားတဲ့ အစုအဖြဲ႕ေတြ ဝိုင္းဝန္းေတာင္းဆိုၾကတယ္။ ဒီဟာသည္ ျပည္သူေတြပိုင္တဲ့ သယံဇာတေတြျဖစ္တယ္။ ဒါေတြကို သူတို႔ေပးဖို႔၊ မေပးဖို႔ သူတို႔ (Chevron) ရဲ႕သမိုင္းျဖစ္မယ္။ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြကို က်ဴးလြန္ထားတဲ့သူေတြနဲ႔ ဘယ္ေလာက္အထိ သူတို႔ပါဝင္ ပတ္သတ္မယ္ဆိုတဲ့ဟာ သူတို႔ရဲ႕သမိုင္းျဖစ္တယ္။ အဲဒါသည္ သူတို႔အေပၚမွာပဲ သက္ေရာက္မႈရွိမယ္။ က်ေနာ္တို႔ ျပည္သူေတြရဲ႕ ေတာ္လွန္ေရးနဲ႔ ေတာ္လွန္ေရးအေပၚမွာထားတဲ့ စိတ္ဓာတ္နဲ႔ပတ္သက္လို႔ သံသယလုံးဝမရွိဘူး။ ဘယ္သူကူကူ မကူကူ ျပည္သူလူထု ဆက္တိုက္မွာပဲ။ ဒီေတာ္လွန္ေရးမွာ ျပတ္ကိုျပတ္မယ္ဆိုတာ က်ေနာ္တို႔အားလုံး ယုံၾကည္ၿပီးသားျဖစ္တယ္။"

Chevron နဲ႔ စစ္တပ္ပိုင္ MOGE တို႔ ပူးေပါင္းလုပ္တဲ့ ရတနာလုပ္ကြက္က သဘာဝဓာတ္ေငြ႕ကို ထိုင္းႏိုင္ငံကို ေရာင္းခ်တာျဖစ္ၿပီး ၂၀၁၅ ကေန ၂၀၁၉ အထိ ငါးႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ သန္း ၆၀၀ ေလာက္ စစ္တပ္က ဝင္ေငြရထားပါတယ္။ ကနဦးမွာ Chevron ကုမၸဏီဟာ ရတနာသဘာဝဓာတ္ေငြ႔ စီမံကိန္းမွာ ရွယ္ယာ ၂၈.၂၆ ရာခိုင္ႏႈန္းပါဝင္ခဲ့ေပမယ့္ ျပင္သစ္ကုမၸဏီ TOTAL က ဒီစီမံကိန္းကေန ထြက္သြားတဲ့ေနာက္မွာ TOTAL ရဲ႕ရွယ္ယာကို Chevron၊ PTT နဲ႔ MOGE သုံးေယာက္က ခြဲယူခဲ့ၾကပါတယ္။ အဲဒီေနာက္မွာ Chevron က ၄၁.၁ ရာခိုင္ႏႈန္းနဲ႔ ပိုင္ဆိုင္မႈ အမ်ားဆုံးျဖစ္ခဲ့တာပါ။

Chevron နဲ႔ TOTAL ကေတာ့ စစ္ေကာင္စီနဲ႔ လက္မတြဲေတာ့ဘဲ လက္ရွိရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန ထြက္ ခြာသြားၿပီလို႔ တရားဝင္ေျပာထားေပမယ့္ ဘယ္လိုထြက္ခြာမလဲဆိုတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး တရားဝင္အေၾကာင္းၾကားစာ မရရွိေသးဘူးလို႔ စစ္ေကာင္စီဝန္ႀကီးဌာနေတြက တုံ႔ျပန္ထားတာ ရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ကိုရဲက အခုလိုဆက္ေျပာပါတယ္။

" ျမန္မာျပည္နဲ႔ပတ္သက္ၿပီး သူတို႔ဘယ္ေလာက္ေပးမယ္၊ ဘယ္လိုေပးမယ္၊ ဘယ္လိုထြက္ခြာမလဲဆိုတာ က်ေနာ္တို႔ျပည္သူေတြက ဒီသယံဇာတေတြရဲ႕ မူလပိုင္ရွင္ျဖစ္တဲ့အတြက္ က်ေနာ္တို႔ သိခြင့္လည္းရွိတယ္။ သိလည္းသိရမယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က အဆက္မျပတ္ ေတာင္းဆိုလႈပ္ရွားမႈေတြ လုပ္တာျဖစ္တယ္။ ဒီသန္း ၁၀၀ ဆိုတဲ့ပတ္ဝန္းက်င္ဆိုတဲ့ ပိုက္ဆံက နည္းတဲ့ပိုက္ဆံမွ မဟုတ္တာ။ ဒီေတာ္လွန္ေရးအတြက္ကို အမ်ားႀကီး သက္ေရာက္မႈရွိတယ္လို႔ ေျပာခ်င္ပါတယ္။"

လက္မွတ္ေပါင္း ၂၀၀,၀၀၀ စုေဆာင္းေကာက္ယူတာကို အခုလာမယ့္ ေမလ ၂၀ ရက္ ေနာက္ဆုံးထားၿပီး လုပ္ေဆာင္သြားမယ္လို႔ ဒီကမ္ပိန္းအတြက္ အဓိကလႈပ္ရွားေနတဲ့ ေသြးစြန္းေငြအဖြဲ႕က ေျပာပါတယ္။

ျပည္တြင္း၊ ျပည္ပ ႏိုင္ငံေရးလႈပ္ရွားသူေတြရဲ႕ ဖိအားေၾကာင့္ ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္း MOGE နဲ႔ ပူးေပါင္းလုပ္ကိုင္ခဲ့တဲ့ မေလးရွားက Petronas ကုမၸဏီ၊ ထိုင္းအစိုးရပိုင္ PTTEP ကုမၸဏီနဲ႔ ဂ်ပန္က ENEOS စတဲ့ စြမ္းအင္ကုမၸဏီေတြ ျမန္မာႏိုင္ငံကေန မၾကာေသးခင္က ထြက္သြားခဲ့ပါတယ္။ Chevron လိုပဲ ျပင္သစ္စြမ္းအင္ကုမၸဏီ TOTAL ဆီကေနလည္း စစ္ေကာင္စီက အေမရိကန္ေဒၚလာ သန္း ၂၅၀ ေလာက္ ထပ္ၿပီးရႏိုင္တဲ့အတြက္ ဒါကိုလည္း ပိတ္ဆို႔ဖို႔ႀကိဳးစားေနေၾကာင္း ႏိုင္ငံေရးတက္ႂကြသူေတြက ေျပာပါတယ္။

အေမရိကန္- အာဆီယံ ထိပ္သီးအစည္းအေဝးမတိုင္ခင္ ရက္ပိုင္းအလိုမွာလည္း ျမန္မာအရပ္ဘက္အဖြဲ႔ ၆၀၀ ေက်ာ္က သမၼတဂ်ိဳးဘိုင္ဒန္ကို အိတ္ဖြင့္ေပးစာေပးပို႔ခဲ့ၿပီး စစ္ေကာင္စီလက္ေအာက္ခံ MOGE ကို ပိတ္ဆို႔အေရးယူတာဟာ အေမရိကန္ရဲ႕ မူဝါဒနဲ႔လည္း ကိုက္ညီလိမ့္မယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

Chevron ရှယ်ယာများ စစ်တပ်ကိုမရောင်းဖို့ တက်ကြွသူတွေတောင်းဆို


အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ဟာ မြန်မာပြည်တွင်းပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေ ပြန်ရောင်းဖို့ရှိနေတာမို့ ဒီပိုင်ဆိုင်မှုတွေ စစ်အုပ်စုဆီ ရောက်မသွားအောင် ထိန်းသိမ်းထားပေးဖို့ ပြည်တွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ဟာ Chevron ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက် ရရှိနေတဲ့အတွက် ဒီအကျိုးအမြတ်တွေ ဆက်ပြီးမရရှိအောင် ဆိုင်းငံ့ထားဖို့ ပြည်တွင်းနိုင်ငံရေး တက်ကြွသူတွေက ထောက်ခံလက်မှတ်တွေ စုဆောင်းကောက်ယူပြီး အမေရိကန်ကုမ္ပဏီကို ဖိအားပေးလိုက်တာပါ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်တဲ့ Chevron ဟာ စစ်ကောင်စီအကျိုးဖြစ်စေမယ့် ရှယ်ယာငွေ ခွဲဝေမှုတွေ လက်တလော ရပ်တန့်ထားမလား၊ မထားဘူးလားဆိုတာ အခုလာမယ့် မေလ ၂၅ရက်မှာ Chevron ရဲ့ ရှယ်ယာရှင်တွေ မဲခွဲဆုံးဖြတ်ကြမှာပါ။ ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက Chevron ဖိအားပေးဖို့အတွက် ပြည်သူတွေရဲ့လက်မှတ်ပေါင်း ၂၀၀,၀၀၀ ရအောင် ကောက်ခံနေပြီး ဒီငွေတွေစစ်တပ်ကို မရောက်အောင် လှုပ်ရှားတောင်းဆိုနေတာ ဖြစ်ကြောင်း သယံဇာတအရေး တက်ကြွလှုပ်ရှားသူ ကိုရဲက ဗွီအိုအေကို ပြောပါတယ်။

"အခု Chevron တို့ TOTAL တို့က သန်း ၁၀၀၊ သန်း ၂၅၀။ အမေရိကန်ဒေါ်လာ သန်းရာဂဏန်းတွေပေါ့လေ- အဲဒါကို စစ်ကောင်စီကိုမပေးဖို့အတွက် ကျနော်တို့ ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေ ဝိုင်းဝန်းတောင်းဆိုကြတယ်။ ဒီဟာသည် ပြည်သူတွေပိုင်တဲ့ သယံဇာတတွေဖြစ်တယ်။ ဒါတွေကို သူတို့ပေးဖို့၊ မပေးဖို့ သူတို့ (Chevron) ရဲ့သမိုင်းဖြစ်မယ်။ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ထားတဲ့သူတွေနဲ့ ဘယ်လောက်အထိ သူတို့ပါဝင် ပတ်သတ်မယ်ဆိုတဲ့ဟာ သူတို့ရဲ့သမိုင်းဖြစ်တယ်။ အဲဒါသည် သူတို့အပေါ်မှာပဲ သက်ရောက်မှုရှိမယ်။ ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ သံသယလုံးဝမရှိဘူး။ ဘယ်သူကူကူ မကူကူ ပြည်သူလူထု ဆက်တိုက်မှာပဲ။ ဒီတော်လှန်ရေးမှာ ပြတ်ကိုပြတ်မယ်ဆိုတာ ကျနော်တို့အားလုံး ယုံကြည်ပြီးသားဖြစ်တယ်။"

Chevron နဲ့ စစ်တပ်ပိုင် MOGE တို့ ပူးပေါင်းလုပ်တဲ့ ရတနာလုပ်ကွက်က သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကို ရောင်းချတာဖြစ်ပြီး ၂၀၁၅ ကနေ ၂၀၁၉ အထိ ငါးနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ လောက် စစ်တပ်က ဝင်ငွေရထားပါတယ်။ ကနဦးမှာ Chevron ကုမ္ပဏီဟာ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ရှယ်ယာ ၂၈.၂၆ ရာခိုင်နှုန်းပါဝင်ခဲ့ပေမယ့် ပြင်သစ်ကုမ္ပဏီ TOTAL က ဒီစီမံကိန်းကနေ ထွက်သွားတဲ့နောက်မှာ TOTAL ရဲ့ရှယ်ယာကို Chevron၊ PTT နဲ့ MOGE သုံးယောက်က ခွဲယူခဲ့ကြပါတယ်။ အဲဒီနောက်မှာ Chevron က ၄၁.၁ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှု အများဆုံးဖြစ်ခဲ့တာပါ။

Chevron နဲ့ TOTAL ကတော့ စစ်ကောင်စီနဲ့ လက်မတွဲတော့ဘဲ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေကနေ ထွက် ခွာသွားပြီလို့ တရားဝင်ပြောထားပေမယ့် ဘယ်လိုထွက်ခွာမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားဝင်အကြောင်းကြားစာ မရရှိသေးဘူးလို့ စစ်ကောင်စီဝန်ကြီးဌာနတွေက တုံ့ပြန်ထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုရဲက အခုလိုဆက်ပြောပါတယ်။

" မြန်မာပြည်နဲ့ပတ်သက်ပြီး သူတို့ဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ်၊ ဘယ်လိုထွက်ခွာမလဲဆိုတာ ကျနော်တို့ပြည်သူတွေက ဒီသယံဇာတတွေရဲ့ မူလပိုင်ရှင်ဖြစ်တဲ့အတွက် ကျနော်တို့ သိခွင့်လည်းရှိတယ်။ သိလည်းသိရမယ်။ အဲဒါကြောင့်မို့ ကျနော်တို့က အဆက်မပြတ် တောင်းဆိုလှုပ်ရှားမှုတွေ လုပ်တာဖြစ်တယ်။ ဒီသန်း ၁၀၀ ဆိုတဲ့ပတ်ဝန်းကျင်ဆိုတဲ့ ပိုက်ဆံက နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ။ ဒီတော်လှန်ရေးအတွက်ကို အများကြီး သက်ရောက်မှုရှိတယ်လို့ ပြောချင်ပါတယ်။"

လက်မှတ်ပေါင်း ၂၀၀,၀၀၀ စုဆောင်းကောက်ယူတာကို အခုလာမယ့် မေလ ၂၀ ရက် နောက်ဆုံးထားပြီး လုပ်ဆောင်သွားမယ်လို့ ဒီကမ်ပိန်းအတွက် အဓိကလှုပ်ရှားနေတဲ့ သွေးစွန်းငွေအဖွဲ့က ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဖိအားကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ မလေးရှားက Petronas ကုမ္ပဏီ၊ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီနဲ့ ဂျပန်က ENEOS စတဲ့ စွမ်းအင်ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ မကြာသေးခင်က ထွက်သွားခဲ့ပါတယ်။ Chevron လိုပဲ ပြင်သစ်စွမ်းအင်ကုမ္ပဏီ TOTAL ဆီကနေလည်း စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် ထပ်ပြီးရနိုင်တဲ့အတွက် ဒါကိုလည်း ပိတ်ဆို့ဖို့ကြိုးစားနေကြောင်း နိုင်ငံရေးတက်ကြွသူတွေက ပြောပါတယ်။

အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာလည်း မြန်မာအရပ်ဘက်အဖွဲ့ ၆၀၀ ကျော်က သမ္မတဂျိုးဘိုင်ဒန်ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ MOGE ကို ပိတ်ဆို့အရေးယူတာဟာ အမေရိကန်ရဲ့ မူဝါဒနဲ့လည်း ကိုက်ညီလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။
================

XS
SM
MD
LG