သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံက ႏႈတ္ထြက္မယ္႔ Total ကုမၸဏီ ေလ်ာ္ေၾကးေတာင္းခံမည္မဟုတ္


The move by Total and Chevron is earning praise from pro-democracy activists for taking an important first step. PHOTO: REUTERS

ျပင္သစ္ Total စြမ္းအင္ကုမၸဏီက သူတို႔အေနနဲ႔ ျမန္မာႏိုင္ငံကေန ရင္းႏွီးႁမွဳပ္ႏွံမႈေတြကို ႐ုပ္သိမ္းရာမွာ ေလ်ာ္ေၾကးေပးဖို႔ ေတာင္းခံမွာ မဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ႏႈတ္ထြက္မယ္႔ Total ကုမၸဏီ ေလ်ာ္ေၾကးေတာင္းခံမည္မဟုတ္

{{Zawgyi/Unicode}}
ျပင္သစ္ Total စြမ္းအင္ကုမၸဏီက သူတို႔အေနနဲ႔ ျမန္မာႏိုင္ငံကေန ရင္းႏွီးႁမွဳပ္ႏွံမႈေတြကို ႐ုပ္သိမ္းရာမွာ ေလ်ာ္ေၾကးေပးဖို႔ ေတာင္းခံမွာ မဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ မႏွစ္က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအေပၚ စိုးရိမ္မႈေတြနဲ႕ အတူ ဖိအားေပးမႈေတြ မ်ားလာၿပီးတဲ့ေနာက္ ကမာၻ့ေရနံနဲ႔ သဘာ၀ဓါတ္ေငြ႔လုပ္ငန္းႀကီးျဖစ္တဲ့ Total စြမ္းအင္ကုမၸဏီကေန ျမန္မာကထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာပါ။

ႁခြင္းခ်က္အေျခအေနအရ ျမန္မာႏိုင္ငံကေန ႐ုပ္သိမ္းရာမွာ Total စြမ္းအင္ကုမၸဏီအေနနဲ႔ သူပိုင္ဆိုင္မႈေတြအတြက္ ေငြေၾကးအရ ေလ်ာ္ေၾကးေပးဖို႔ေတာင္းခံဖို႔ မရွိဘူးလို႔ ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ျပင္သစ္စြမ္းအင္ကုမၸဏီႀကီးနဲ႔ သူ႔ရဲ႕ လုပ္ေဖၚကိုင္ဖက္ အေမရိကန္ စြမ္းအင္ကုမၸဏီျဖစ္တဲ့ Chevron တို႔ ဇန္နဝါရီလက ပူးတဲြ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာ- ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရး အေျခအေန ဆိုးရြားလာေနတာကို ကိုးကားၿပီး ရတနာဓါတ္ေငြ႕ တူးေဖၚေရးလုပ္ငန္းကေန သူတို႔ ထြက္ခြာေတာ့မွာျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

ကပၸလီပင္လယ္ျပင္မွာရွိေနတဲ့ ဓါတ္ေငြ႕တူးေဖၚေရးလုပ္ငန္းဟာ ျမန္မာနဲ႔ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ ကို လွ်ပ္စစ္ဓါတ္အားေပးေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ခုႏွစ္ ေဖေဖၚဝါရီလက အရပ္သားအစိုးရဆီကေန စစ္တပ္က အာဏာသိမ္းၿပီးကတည္းက စစ္ေကာင္စီနဲ႔ ဘ႑ာေရး ခ်ိတ္ဆက္မႈေတြကို ျဖတ္ေတာက္ဖို႔ လူ႔အခြင့္အေရးအဖဲြ႕ေတြက Total စြမ္းအင္ကုမၸဏီကို ဝိုင္း၀န္းဖိအားေပးခဲ့ၾကတာပါ။

HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႕ႀကီးရဲ႕ အစီရင္ခံစာအရ သဘာ၀ဓါတ္ေငြစီမံကိန္းဟာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခားေငြရရွိမႈ တခုတည္းေသာ အႀကီးဆံုး အရင္းအျမစ္ျဖစ္ၿပီး ႏွစ္စဥ္ေဒၚလာ ၁ ဘီလီယံေက်ာ္ရရွိေနတာျဖစ္ပါတယ္။

Total စြမ္းအင္ကုမၸဏီအေနနဲ႔ ေပါင္းစပ္လုပ္ကိုင္ေနတဲ့ ရတနာပံုနဲ႔ MGTC ဓါတ္ေငြ႕ပိုက္လိုင္းကေန ႐ုပ္သိမ္းထြက္ခြာမယ့္အခ်ိန္ကို ဇူလိုင္လ ၂၀ ရက္ေန႔အျဖစ္သတ္မွတ္ထားေၾကာင္း ကုမၸဏီရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာနိုင်ငံက နှုတ်ထွက်မယ့် Total ကုမ္ပဏီ လျော်ကြေးတောင်းခံမည်မဟုတ်

{{Zawgyi/Unicode}}
ပြင်သစ် Total စွမ်းအင်ကုမ္ပဏီက သူတို့အနေနဲ့ မြန်မာနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းရာမှာ လျော်ကြေးပေးဖို့ တောင်းခံမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မနှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စိုးရိမ်မှုတွေနဲ့ အတူ ဖိအားပေးမှုတွေ များလာပြီးတဲ့နောက် ကမ္ဘာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကြီးဖြစ်တဲ့ Total စွမ်းအင်ကုမ္ပဏီကနေ မြန်မာကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

ခြွင်းချက်အခြေအနေအရ မြန်မာနိုင်ငံကနေ ရုပ်သိမ်းရာမှာ Total စွမ်းအင်ကုမ္ပဏီအနေနဲ့ သူပိုင်ဆိုင်မှုတွေအတွက် ငွေကြေးအရ လျော်ကြေးပေးဖို့တောင်းခံဖို့ မရှိဘူးလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးနဲ့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် အမေရိကန် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Chevron တို့ ဇန်နဝါရီလက ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ- မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေ ဆိုးရွားလာနေတာကို ကိုးကားပြီး ရတနာဓါတ်ငွေ့ တူးဖေါ်ရေးလုပ်ငန်းကနေ သူတို့ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာရှိနေတဲ့ ဓါတ်ငွေ့တူးဖေါ်ရေးလုပ်ငန်းဟာ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ကို လျှပ်စစ်ဓါတ်အားပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလက အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ ဘဏ္ဍာရေး ချိတ်ဆက်မှုတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက Total စွမ်းအင်ကုမ္ပဏီကို ဝိုင်းဝန်းဖိအားပေးခဲ့ကြတာပါ။

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ သဘာဝဓါတ်ငွေစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေရရှိမှု တခုတည်းသော အကြီးဆုံး အရင်းအမြစ်ဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိနေတာဖြစ်ပါတယ်။

Total စွမ်းအင်ကုမ္ပဏီအနေနဲ့ ပေါင်းစပ်လုပ်ကိုင်နေတဲ့ ရတနာပုံနဲ့ MGTC ဓါတ်ငွေ့ပိုက်လိုင်းကနေ ရုပ်သိမ်းထွက်ခွာမယ့်အချိန်ကို ဇူလိုင်လ ၂၀ ရက်နေ့အဖြစ်သတ်မှတ်ထားကြောင်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG