သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ မွာ စစ္ေကာင္စီေျပာဆိုခ်က္ကြဲလြဲမႈရွိတယ္လို႔ ႐ိုဟင္ဂ်ာေတြတုံ႔ျပန္


ICJ အျပည္ျပည္ဆုိင္ရာ တရား႐ံုးမွာ အမႈ ၾကားနာပဲြ။ (ဓာတ္ပံု-ICJ)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ထဲက ပဋိပကၡေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းေနသလို ICJ ႏိုင္ငံတကာ တရား႐ုံးက ျမန္မာႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ ၾကားကာလစီမံဆုံးျဖတ္ထားတာေတြကို လိုက္နာေဆာင္႐ြက္ေနပါတယ္လို႔ စစ္ေကာင္စီကိုယ္စားလွယ္က တရား႐ုံးၾကားနာပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္း လက္ေတြ႕အေျခအေနမွာေတာ့ ထူးျခားတိုးတက္တယ္လို႔ မျမင္ဘူးလို႔ ႐ိုဟင္ဂ်ာေတြနဲ႔ လူ႔အခြင့္ေရးေလ့လာသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားတဲ့အမႈကို Netherlands ႏိုင္ငံ The Hague ၿမိဳ႕က ICJ ႏိုင္ငံတကာ တရား႐ုံးက တနလၤာေန႔က ျပန္လည္ၾကားနာမႈ စတင္ခဲ့ပါတယ္။ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲဆိုတဲ့အမႈကို ICJ တရား႐ုံးမွာ ၾကားနာသင့္ မသင့္၊ ျမန္မာဘက္က ေဖေဖာ္ဝါရီ ၂၁ ရက္ တနလၤာေန႔က ေလွ်ာက္ထားခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ကလုပ္ခဲ့တဲ့ ကနဦးၾကားနာပြဲအၿပီး တရား႐ုံးက သတ္မွတ္ခဲ့တဲ့ ျမန္မာႏိုင္ငံ လိုက္နာေဆာင္႐ြက္ရမယ့္ အစီအမံေတြအတိုင္း စစ္ေကာင္စီအေနနဲ႔ လိုက္နာေဆာင္႐ြက္ေနပါတယ္လို႔ စစ္ေကာင္စီကိုယ္စားလွယ္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္က တရား႐ုံးကို ေလွ်ာက္ထား တင္ျပခဲ့ပါတယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္ သက္ကယ္ျပင္ ဒုကၡသည္စခန္းမွာ ေနေနဆဲျဖစ္တဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တဦးကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးကိစၥအပါအဝင္ ICJ ခ်မွတ္ထားတဲ့ ၾကားကာလ အစီအမံေတြကို စစ္ေကာင္စီဘက္က လိုက္နာေဆာင္႐ြက္ေနတယ္ဆိုတဲ့ အေျခအေနမ်ိဳး ကိုယ္တိုင္ခံစား ႀကဳံေတြ႕ရတာ မရွိေသးဘူးလို႔ ခုလိုတုံ႔ျပန္ပါတယ္။

“အဲဒါက မရွိဘူးအမ။ အေကာင္အထည္မေပၚေသးဘူး။ က်ေနာ္တို႔မွာ ပညာမသင္ရ၊ တကၠသိုလ္တို႔ ဘာတို႔လည္း အရင္လိုပဲ တက္ေရာက္ခြင့္မရေသးဘူး။ က်ေနာ္တို႔႐ြာေတြမွာလည္း လြတ္လြတ္လပ္လပ္သြားလာခြင့္ မရဘူး။ က်ေနာ္တို႔ ဘယ္လိုအဆင္ေျပမလဲ။ ကန႔္သတ္တယ္။ ႏိုင္ငံသားျဖစ္ခြင့္ကိုလည္း က်ေနာ္တို႔ကို ေပးတာမရွိဘူး။ အေဖအေမမွာလည္းမွတ္ပုံတင္ရွိတယ္။ အဖိုးအဖြားမွာလည္း မွတ္ပုံတင္ရွိတယ္။ အဲဒါလည္း က်ေနာ္တို႔ကို မွတ္ပုံတင္မေပးဘူး။ ေနာက္ၿပီး ရခိုင္ျပည္နယ္ထဲလည္း လြတ္လြတ္လပ္လပ္က်ေနာ္တို႔သြားလို႔မရဘူး။ ICJ မွာေျပာတဲ့စကားေတြက က်ေနာ္တို႔နဲ႔တျခားစီျဖစ္တယ္။”

ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ေလဒါဒုကၡသည္စခန္းမွာ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္တဦးကလည္း ခုခ်ိန္ထိ ျမန္မာစစ္တပ္ ဘက္က ျပန္လည္လက္ခံေရးနဲ႔ လူ႔အခြင့္အေရး ကာကြယ္ေရးပိုင္း လုပ္ေနတာ မေတြ႔ရပါဘူးလို႔ ခုလိုေျပာပါတယ္။

“အခက္အခဲႀကဳံေနရတယ္။ ေတာ္ေတာ္စဥ္းစားစရာလည္း ျဖစ္ေနတယ္။ ဘယ္လိုေျပာရမလဲဆိုေတာ့ ျပန္လာဖို႔ ကေတာ့ ျပန္လာဖို႔ေမွ်ာ္ေနပါတယ္တဲ့။ ႀကိဳးစားေနတယ္တဲ့ ။ဒါေပမယ့္ စစ္ေကာင္စီဘက္က ေျပာေနတာကို။ ဒါေပမယ့္သူတို႔က ေျပာေနတာပဲ ရွိတယ္။ က်ေနာ္တို႔ကျပန္လာဖို႔စဥ္းစားေနတာ ရွိတယ္။ ဒါေပမယ့္ အခြင့္အေရးလူတိုင္းလိုေနၾကတာမလား။ အခြင့္အေရးမရတာလူတိုင္း ဘယ္လိုလာႏိုင္မလဲ။ သူတို႔ေျပာေနတယ္။ ဒါေပမယ့္ လုပ္မေပးဘူး။ လုံၿခဳံေရးလည္း မေပးဘူး။ UN ကလုံၿခဳံေရး ေပးမယ္ေျပာတာလည္း လက္မခံဘူး။ အမ်ိဳးသမီးေတြ ကေလးေတြ စားေရး ေနေရး ပညာေရး က်န္းမာေရး လုံးဝအဆင္မေျပဘူးျဖစ္ေနတယ္။”

အစၥလာမ္ဘာသာဝင္ လူနည္းစုေတြ လူ႔အခြင့္အေရး စံခ်ိန္စံႏႈန္းနဲ႔ ေနထိုင္ႏိုင္ေရးအပါအဝင္ ျမန္မာျပည္တြင္း အမ်ိဳးသမီးနဲ႔ ကေလးသူငယ္မ်ား လူ႔အခြင့္အေရးတန္းတူရဖို႔ လႈပ္ရွားေနတဲ့ အဖြဲ႕တခုျဖစ္တဲ့ Active Women Development Initiative တက္ႂကြႏိုးၾကားပ်ိဳေမမ်ားအဖြဲ႕ တည္ေထာင္သူတဦးျဖစ္တဲ့ မျဖဴျပာဝင္းလဲ့ရီကလည္း စစ္ေကာင္စီကိုယ္စားလွယ္ေတြကမေန႔က ICJ မွာတင္ျပခ်က္ေတြဟာ အေျပာသက္သက္ပဲ ျဖစ္ေနတယ္လို႔ တုံ႔ျပန္လိုက္ ပါတယ္။

“အဲဒါကေတာ့ပြင့္ပြင့္လင္းလင္းျမင္ေနေတြ႕ေနရတာပါပဲ။ သူတို႔ လုံးဝ ဒါေတြကိုမလုပ္ဘူး။ လူ႔အခြင့္အေရးအရလည္း မလုပ္ဘူး။ ခုခ်ိန္ထိကို အမ်ိဳးသမီးေတြေကာ ကေလးေတြေကာ ဖမ္းေနတာပဲေလ။ ရခိုင္ကေနထြက္လာတာနဲ႔ လမ္းမွာေတာက္ေလွ်ာက္ဖမ္းတာလည္း အမ်ားႀကီးပဲ။ ေထာင္ေတြလည္း ခ်ေနတာပဲ။ လက္ရွိ ေလာေလာလတ္လတ္ကို အဖမ္းခံရတာ ေတြ႕ေနရတာပဲ။ လူ႔အခြင့္အေရးေရွ႕ေနေတြ လိုက္ေပးတာပဲ။ ဒါေပမယ့္ေထာင္က်ၾကတာပဲ ။ ၂ ႏွစ္ထိက်တယ္ေလ။ ဒါက လူ႔အခြင့္အေရးစံခ်ိန္စံၫႊန္းနဲ႔လည္း မကိုက္ညီဘူး။ သူတို႔ေတြခုခ်ိန္ထိ လိမ္ေနတုန္းပဲလို႔ အမတို႔ ေတာ့သိတယ္။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၂ နဲ႔ ၂၀၁၇ ခုႏွစ္ကျဖစ္ခဲ့တဲ့ လူမ်ိဳးေရး၊ ဘာသာေရးအေျခခံတဲ့ ပဋိပကၡေတြမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ စစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ Genocide လူမ်ိဳးတုံးသတ္ျဖတ္တဲ့အထိျဖစ္ခဲ့တယ္လို႔ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက တရားစြဲထားတာပါ။ ၂၀၁၉ ခုႏွစ္မွာ စတင္ၾကားနာခဲ့တဲ့ အမႈကို ေနာက္ထပ္ၾကားနာမႈေတြ မဆက္ခင္ ၾကားကာလအတြင္း ျမန္မာႏိုင္ငံ လိုက္နာရမယ့္ ၾကားျဖတ္အစီအမံေတြကို ICJ က သတ္မွတ္ေပးခဲ့တာပါ။

အဲဒီအစီအမံေတြထဲမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တာေတြနဲ႔ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြ ထိန္းသိမ္းထားဖို႔ ဒုကၡသည္ေတြကို ေနရပ္ျပန္ႏိုက္ေရးေဆာင္႐ြက္ေပးဖို႔၊ လြတ္လပ္စြာသြားလာေနထိုင္ခြင့္နဲ႔လုံၿခဳံေရးအရအာမခံေပးဖို႔ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈံးကို စစ္တပ္က လက္မခံသလို စစ္ေကာင္စီကိုယ္စားလွယ္ကလည္း တနလၤာေန႔က တရား႐ုံးမွာ ေလ ွ်ာက္ထားစဥ္ ဒီအသုံးအႏႈန္းကို ေရွာင္ခဲ့ပါတယ္။

#MyanmarGenocide #MyanmarICJ #Rohingya #VOABurmese #႐ိုဟင္ဂ်ာ #လူမ်ိဳးတုံးသတ္ #ကိုကိုလႈိင္ #နယ္သာလန္ #ရခိုင္ေျမာက္ပိုင္း #လူမ်ိဳးေရးဘာသာေရး #ဗြီအိုေအ
=============

ICJ မှာ စစ်ကောင်စီပြောဆိုချက်ကွဲလွဲမှုရှိတယ်လို့ ရိုဟင်ဂျာတွေတုံ့ပြန်

ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနေသလို ICJ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လိုက်နာဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီကိုယ်စားလှယ်က တရားရုံးကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့အခြေအနေမှာတော့ ထူးခြားတိုးတက်တယ်လို့ မမြင်ဘူးလို့ ရိုဟင်ဂျာတွေနဲ့ လူ့အခွင့်ရေးလေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို Netherlands နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာ တရားရုံးက တနင်္လာနေ့က ပြန်လည်ကြားနာမှု စတင်ခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့အမှုကို ICJ တရားရုံးမှာ ကြားနာသင့် မသင့်၊ မြန်မာဘက်က ဖေဖော်ဝါရီ ၂၁ ရက် တနင်္လာနေ့က လျှောက်ထားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကလုပ်ခဲ့တဲ့ ကနဦးကြားနာပွဲအပြီး တရားရုံးက သတ်မှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လိုက်နာဆောင်ရွက်ရမယ့် အစီအမံတွေအတိုင်း စစ်ကောင်စီအနေနဲ့ လိုက်နာဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က တရားရုံးကို လျှောက်ထား တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စအပါအဝင် ICJ ချမှတ်ထားတဲ့ ကြားကာလ အစီအမံတွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်နေတယ်ဆိုတဲ့ အခြေအနေမျိုး ကိုယ်တိုင်ခံစား ကြုံတွေ့ရတာ မရှိသေးဘူးလို့ ခုလိုတုံ့ပြန်ပါတယ်။

“အဲဒါက မရှိဘူးအမ။ အကောင်အထည်မပေါ်သေးဘူး။ ကျနော်တို့မှာ ပညာမသင်ရ၊ တက္ကသိုလ်တို့ ဘာတို့လည်း အရင်လိုပဲ တက်ရောက်ခွင့်မရသေးဘူး။ ကျနော်တို့ရွာတွေမှာလည်း လွတ်လွတ်လပ်လပ်သွားလာခွင့် မရဘူး။ ကျနော်တို့ ဘယ်လိုအဆင်ပြေမလဲ။ ကန့်သတ်တယ်။ နိုင်ငံသားဖြစ်ခွင့်ကိုလည်း ကျနော်တို့ကို ပေးတာမရှိဘူး။ အဖေအမေမှာလည်းမှတ်ပုံတင်ရှိတယ်။ အဖိုးအဖွားမှာလည်း မှတ်ပုံတင်ရှိတယ်။ အဲဒါလည်း ကျနော်တို့ကို မှတ်ပုံတင်မပေးဘူး။ နောက်ပြီး ရခိုင်ပြည်နယ်ထဲလည်း လွတ်လွတ်လပ်လပ်ကျနော်တို့သွားလို့မရဘူး။ ICJ မှာပြောတဲ့စကားတွေက ကျနော်တို့နဲ့တခြားစီဖြစ်တယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေဒါဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း ခုချိန်ထိ မြန်မာစစ်တပ် ဘက်က ပြန်လည်လက်ခံရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးပိုင်း လုပ်နေတာ မတွေ့ရပါဘူးလို့ ခုလိုပြောပါတယ်။

“အခက်အခဲကြုံနေရတယ်။ တော်တော်စဉ်းစားစရာလည်း ဖြစ်နေတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ပြန်လာဖို့ ကတော့ ပြန်လာဖို့မျှော်နေပါတယ်တဲ့။ ကြိုးစားနေတယ်တဲ့ ။ဒါပေမယ့် စစ်ကောင်စီဘက်က ပြောနေတာကို။ ဒါပေမယ့်သူတို့က ပြောနေတာပဲ ရှိတယ်။ ကျနော်တို့ကပြန်လာဖို့စဉ်းစားနေတာ ရှိတယ်။ ဒါပေမယ့် အခွင့်အရေးလူတိုင်းလိုနေကြတာမလား။ အခွင့်အရေးမရတာလူတိုင်း ဘယ်လိုလာနိုင်မလဲ။ သူတို့ပြောနေတယ်။ ဒါပေမယ့် လုပ်မပေးဘူး။ လုံခြုံရေးလည်း မပေးဘူး။ UN ကလုံခြုံရေး ပေးမယ်ပြောတာလည်း လက်မခံဘူး။ အမျိုးသမီးတွေ ကလေးတွေ စားရေး နေရေး ပညာရေး ကျန်းမာရေး လုံးဝအဆင်မပြေဘူးဖြစ်နေတယ်။”

အစ္စလာမ်ဘာသာဝင် လူနည်းစုတွေ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ နေထိုင်နိုင်ရေးအပါအဝင် မြန်မာပြည်တွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ လူ့အခွင့်အရေးတန်းတူရဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တခုဖြစ်တဲ့ Active Women Development Initiative တက်ကြွနိုးကြားပျိုမေများအဖွဲ့ တည်ထောင်သူတဦးဖြစ်တဲ့ မဖြူပြာဝင်းလဲ့ရီကလည်း စစ်ကောင်စီကိုယ်စားလှယ်တွေကမနေ့က ICJ မှာတင်ပြချက်တွေဟာ အပြောသက်သက်ပဲ ဖြစ်နေတယ်လို့ တုံ့ပြန်လိုက် ပါတယ်။

“အဲဒါကတော့ပွင့်ပွင့်လင်းလင်းမြင်နေတွေ့နေရတာပါပဲ။ သူတို့ လုံးဝ ဒါတွေကိုမလုပ်ဘူး။ လူ့အခွင့်အရေးအရလည်း မလုပ်ဘူး။ ခုချိန်ထိကို အမျိုးသမီးတွေကော ကလေးတွေကော ဖမ်းနေတာပဲလေ။ ရခိုင်ကနေထွက်လာတာနဲ့ လမ်းမှာတောက်လျှောက်ဖမ်းတာလည်း အများကြီးပဲ။ ထောင်တွေလည်း ချနေတာပဲ။ လက်ရှိ လောလောလတ်လတ်ကို အဖမ်းခံရတာ တွေ့နေရတာပဲ။ လူ့အခွင့်အရေးရှေ့နေတွေ လိုက်ပေးတာပဲ။ ဒါပေမယ့်ထောင်ကျကြတာပဲ ။ ၂ နှစ်ထိကျတယ်လေ။ ဒါက လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့လည်း မကိုက်ညီဘူး။ သူတို့တွေခုချိန်ထိ လိမ်နေတုန်းပဲလို့ အမတို့ တော့သိတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ Genocide လူမျိုးတုံးသတ်ဖြတ်တဲ့အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာပါ။ ၂၀၁၉ ခုနှစ်မှာ စတင်ကြားနာခဲ့တဲ့ အမှုကို နောက်ထပ်ကြားနာမှုတွေ မဆက်ခင် ကြားကာလအတွင်း မြန်မာနိုင်ငံ လိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ICJ က သတ်မှတ်ပေးခဲ့တာပါ။

အဲဒီအစီအမံတွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ထိန်းသိမ်းထားဖို့ ဒုက္ခသည်တွေကို နေရပ်ပြန်နိုက်ရေးဆောင်ရွက်ပေးဖို့၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်နဲ့လုံခြုံရေးအရအာမခံပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို စစ်တပ်က လက်မခံသလို စစ်ကောင်စီကိုယ်စားလှယ်ကလည်း တနင်္လာနေ့က တရားရုံးမှာ လေ ျှာက်ထားစဉ် ဒီအသုံးအနှုန်းကို ရှောင်ခဲ့ပါတယ်။

#MyanmarGenocide #MyanmarICJ #Rohingya #VOABurmese #ရိုဟင်ဂျာ #လူမျိုးတုံးသတ် #ကိုကိုလှိုင် #နယ်သာလန် #ရခိုင်မြောက်ပိုင်း #လူမျိုးရေးဘာသာရေး #ဗွီအိုအေ
=============

XS
SM
MD
LG