(Zawgyi / Unicode)
ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားတဲ့ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာ တရား႐ုံးက တနလၤာေန႔က စတင္ၿပီး ၄ ရက္ၾကာ ၾကားနာစစ္ေဆးမွာ ျဖစ္ပါတယ္။ စစ္ေကာင္စီကို ႏိုင္ငံကိုယ္စားျပဳအျဖစ္ လာေရာက္ ေလွ်ာက္ထားပိုင္ခြင့္ ေပးသင့္မသင့္ကလည္း အျငင္းပြားစရာကိစၥ ျဖစ္ေနပါတယ္။
စစ္ေကာင္စီရဲ႕ ဥပေဒအဖြဲ႔ကို အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္က အဖြဲ႔ေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္မွာျဖစ္ၿပီး ေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးက အဖြဲ႔ဝင္အျဖစ္ ပါဝင္ပါတယ္။
၂၀၁၂ ခုႏွစ္ေနာက္ပိုင္း အထူးသျဖင့္ ၂၀၁၇ ခုႏွစ္မွာ ျမန္မာႏိုင္ငံ အေနာက္ျခမ္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ျမန္မာအာဏာပိုင္ေတြရဲ႕ က်ဴးလြန္မႈဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားျမစ္ေရးဆိုင္ရာ ႏိုင္ငံတကာ ဥပေဒကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲထားတာပါ။
၂၀၁၉ ခုႏွစ္က ၾကားနာမႈမွာေတာ့ ျမန္မာဘက္က ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ခုခံေခ်ပခဲ့ပါတယ္။ အခုၾကားနာမႈမွာလည္း ICJ ႏိုင္ငံတကာတရား႐ုံးအေနနဲ႔ ဒီအမႈကို လက္ခံစစ္ေဆးဖို႔ သင့္မသင့္ကို ပဏမအဆင့္အေနနဲ႔ ၾကားနာမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၾကားနာပြဲမွာ အျပည္ျပည္ဆိုင္ရာ တရား႐ုံးက ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္ ၫႊန္ၾကားခ်က္ေတြ ခ်မွတ္ခဲ့ပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ သတ္ျဖတ္တာေတြကို ကာကြယ္ဖို႔၊ ႐ိုဟင္ဂ်ာအုပ္စုအျဖစ္ တည္ရွိေနမႈအေပၚ ၿခိမ္းေျခာက္ေနတာေတြကို ကာကြယ္ဖို႔၊ စြဲဆိုထားတဲ့အမႈနဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြကို မဖ်က္ဆီးဖို႔နဲ႔ ဒီၫႊန္ၾကားခ်က္ေတြနဲ႔ ပတ္သက္ၿပီး အေကာင္အထည္ေဖာ္ပုံကို ပုံမွန္အစီရင္ခံဖို႔ ၫႊန္ၾကားခဲ့တာပါ။
ဒီအမႈနဲ႔ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲဆိုႏိုင္မႏိုင္ ေလွ်ာက္ထားေနၾကတဲ့ အဆင့္မွာပဲ ရွိပါေသးတယ္။
အမ်ိဳးသားညီၫြတ္ေရး အစိုးရကေတာ့ ယခင္ NLD အစိုးရလက္ထက္က ခုခံ ကန႔္ကြက္ခဲ့တာေတြကို ႐ုပ္သိမ္းလိုက္ၿပီး ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကိုယ္စားလွယ္အျဖစ္ တာဝန္ေပးထားပါတယ္။ ဒါေပမယ့္လည္း ICJ တရား႐ုံးကေန နယ္သာလန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးကတဆင့္ စစ္ေကာင္စီထံကို ဆက္သြယ္ဖိတ္ၾကားထားတယ္လို႔ သိရပါတယ္။
ဒီအမႈမွာ စစ္ေကာင္စီကို တရားဝင္အသိအမွတ္ျပဳရာ မေရာက္ဖို႔က အေရးႀကီးတယ္လို႔ Global Justice Center ရဲ႕ ဥကၠ႒ Akila Radhakrishnan က ဆိုပါတယ္။
---------------------------
(Unicode)
မြန်မာ ICJ အမှု တနင်္လာနေ့ ပြန်လည်ကြားနာမည်
မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးက တနင်္လာနေ့က စတင်ပြီး ၄ ရက်ကြာ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကို နိုင်ငံကိုယ်စားပြုအဖြစ် လာရောက် လျှောက်ထားပိုင်ခွင့် ပေးသင့်မသင့်ကလည်း အငြင်းပွားစရာကိစ္စ ဖြစ်နေပါတယ်။
စစ်ကောင်စီရဲ့ ဥပဒေအဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ရှေ့နေချုပ် ဒေါ်သီတာဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်း အထူးသဖြင့် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ အနောက်ခြမ်းက ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာအာဏာပိုင်တွေရဲ့ ကျူးလွန်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာပါ။
၂၀၁၉ ခုနှစ်က ကြားနာမှုမှာတော့ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ခုခံချေပခဲ့ပါတယ်။ အခုကြားနာမှုမှာလည်း ICJ နိုင်ငံတကာတရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစစ်ဆေးဖို့ သင့်မသင့်ကို ပဏမအဆင့်အနေနဲ့ ကြားနာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားနာပွဲမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ် ညွှန်ကြားချက်တွေ ချမှတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာတွေကို ကာကွယ်ဖို့၊ ရိုဟင်ဂျာအုပ်စုအဖြစ် တည်ရှိနေမှုအပေါ် ခြိမ်းခြောက်နေတာတွေကို ကာကွယ်ဖို့၊ စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို မဖျက်ဆီးဖို့နဲ့ ဒီညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ပုံကို ပုံမှန်အစီရင်ခံဖို့ ညွှန်ကြားခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုနိုင်မနိုင် လျှောက်ထားနေကြတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
အမျိုးသားညီညွတ်ရေး အစိုးရကတော့ ယခင် NLD အစိုးရလက်ထက်က ခုခံ ကန့်ကွက်ခဲ့တာတွေကို ရုပ်သိမ်းလိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားပါတယ်။ ဒါပေမယ့်လည်း ICJ တရားရုံးကနေ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကတဆင့် စစ်ကောင်စီထံကို ဆက်သွယ်ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒီအမှုမှာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာ မရောက်ဖို့က အရေးကြီးတယ်လို့ Global Justice Center ရဲ့ ဥက္ကဋ္ဌ Akila Radhakrishnan က ဆိုပါတယ်။