သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ အမှုရင်ဆိုင်ဖို့ NUG ဥပေဒပညာရှင်အဖွဲ့ ဖွဲ့ 

နိုင်ငံတကာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ဥပဒေပညာရှင် Steven Powles (ဝဲ) နှင့် နိုင်ငံတကာဥပဒေပညာရှင် ပြင်သစ်နိုင်ငံသား ပါမောက္ခ Jean-Marc Thouvenin (ယာ)

[[Zawgyi/Unicode]]

နိုင်ငံတကာတရားရုံး (ICJ) မှာ ရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အတွက် ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းတဲ့ အကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့ကရက်စွဲနဲ့ ကြေညာထားပါတယ်။

နိုင်ငံတကာဥပဒေပညာရှင် ပြင်သစ်နိုင်ငံသား ပါမောက္ခ Jean-Marc Thouvenin ၊ နိုင်ငံတကာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေပညာရှင် Steven Powles တို့ပါဝင်တဲ့ ဥပဒေအဖွဲ့သစ်ကို ဖွဲ့စည်းတဲ့အကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG တို့နဲ အတူ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ရေးထားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ၂၈ ရက်နေ့အထိလုပ်မယ့် ICJ ကြားနာပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်းခွင့်အတွက် စစ်ကောင်စီကရော NUG ကပါ ICJ မှာ တင်သွင်းထားကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ICJ ဘက်က တရားဝင် အကြောင်းပြန်ကြား တာမျိုး၊ ထုတ်ပြန်တာမျိုး ခုချိန်ထိ မတွေ့ရသေးပေမယ့် နယ်သာလန်နိုင်ငံအခြေစိုက် စစ်ကောင်စီသံရုံးနဲ့ပဲ ICJ က ဆက်သွယ် ပြောဆိုနေတယ်ဆိုတဲ့သတင်းတွေ ထွက်ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ခုခံလျှောက်လဲခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလဆန်းမှာတော့ NUG က ICJ ရဲ့ တရားစီရင်မှုကို လက်ခံမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို စစ်ကောင်စီက လက်မခံဘဲ NUG ကတော့ တရားဝင် ခေါ်ဆိုသုံးစွဲနေပြီဖြစ်ပါတယ်။

ICJ အမှုရင်ဆိုင်ဖို့ NUG ဥပေဒပညာရှင်အဖွဲ့ ဖွဲ့
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]

XS
SM
MD
LG