သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂမ္ဘီယာစြဲဆိုမႈ ICJ မွာ ၾကားနာပိ္ုင္ခြင့္မရွိဟု စစ္ေကာင္စီေခ်ပ  


Ko Ko Hlaing at ICJ hearing


[[Zawgyi/Unicode]]


ျမန္မာႏိ္ုင္ငံနဲ႔ပတ္သက္လို႔ အျပည္ျပည္ဆိုင္ရာတရားရံုး ICJ မွာ ဂမ္ဘီယာဘက္က စြပ္စြဲတင္ျပလာခ်က္ေတြကို ၾကားနာ စစ္ေဆးပိုင္ခြင့္မရွိဘူးလို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႔ေခါင္းေဆာင္က ICJ တရားရံုးမွာ ဒီကေန႔ ေလွ်ာက္ထားပါတယ္။ ဒါေပမယ့္ တဘက္မွာေတာ့ ျမန္မာႏိ္ုင္ငံအေနာက္ျခမ္းကပဋိပကၡေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းႏိုင္ဖို႔ ပိုင္းျဖတ္ ႀကိဳးစားေနတယ္လို႔ တုံ႔ျပန္ပါတယ္။ ဒီအေၾကာင္း ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ICJ မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာအေပၚ စြဲခ်က္တင္လာတဲ့အမႈကို ဒီကေန႔ တေက်ာ့ျပန္ၾကားနာစစ္ေဆးပါတယ္။ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ICJ မွာ ေလွ်ာက္လဲခ်က္ေပးဖို႔ကိစၥမွာ အျငင္း ပြားမႈေတြရွိခဲ့ၿပီးတဲ့ေနာက္ ICJ ကေတာ့ ျမန္မာစစ္ေကာင္စီကို ဖိတ္ၾကားခဲ့ပါတယ္။ ျမန္မာစစ္ေကာင္စီဘက္က ကိုယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္အျဖစ္ အျပည္ျပည္ဆိုင္ရာဆက္ဆံေရးဝန္ႀကီး ဦးကိုကိုလိႈင္တက္ရာက္ၿပီး ဒုအဖြဲ႔ ေခါင္းဆာင္ကေတာ့ ေရွ႕ေနခ်ပ္ေဒၚသီတာဦး ျဖစ္ပါတယ္။ ျမန္မာဘက္က ကနဦးေခ်ပခ်က္ေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္တယ္ဆိုတဲ့ Gambia ရဲ႕ စြဲဆိုခ်က္နဲ႔ပတ္သက္လို႔ ဘယ္လို ေမးခြန္းမ်ိဳးကိုမဆို ေခ်ပထားတဲ့ လုံးဝ သီးျခား လြတ္လပ္စြာ ပယ္ခ်ထားတဲ့ ပဏာမထြက္ဆိုခ်က္ေတြပဲျဖစ္တယ္လို႔ ဦးကိုကိုလွိုင္က တရား႐ံုးကို ေလွ်ာက္ထားပါတယ္။ အဓိက အခ်က္ကေတာ့ ဒီအမႈကို ICJ အေနနဲ႔ ၾကားနာစစ္ေဆးပိုင္ခြင့္မရွိဘူး ဆိုတာ ဦးကိုကိုလွိုင္က ေလွ်ာက္ထားတာျဖစ္ပါတယ္။

“အထင္ရွားဆံုးအခ်က္ကေတာ့ အျပည္ျပည္ဆိုင္ရာတရားရံုးအေနနဲ႔ ဒီအမႈကို ၾကားနာစစ္ေဆးပိုင္ခြင့္မရွိဘူး၊ ဒီအမႈဟာ တရားရံုးနဲ႔အက်ံဳးဝင္ သက္ေရာက္မႈမရွိဘူး”...လို႔ ျမန္မာဘက္က ျငင္းဆိုေနတာပါ။ ဂမ္ဘီယာဘက္က တင္ျပလာတာေတြအေပၚ ေျဖစရာမရွိပါဘူး။”

ေနာက္ၿပီး ဒီျပႆနာအတြက္ ျမန္မာႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ သံတမန္ေရးအနည္းအရ ႀကိဳးပမ္းေျဖရွင္းေနတယ္လို႔လည္း တရားရံုးကို ဦးကိုကိုလွိုင္က တင္ျပပါတယ္။

“ဒီျပႆနာေတြဟာ အိႏၵိယနဲ႔ျမန္မာအေပၚ ကိုလိုနီျပဳခဲ့တဲ့ေနာက္ဆက္တြဲကိစၥ ရႈပ္ေထြးလြန္းပါတယ္။ ျမန္မာအစိုးရအေနနဲ႔ကေတာ့ ဒီျပႆနာေတြကို သံုးပြင့္ဆိုင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေစ့စပ္ ရင္ၾကားေစ့မႈနည္းလမ္းေတြကေန ေျဖရွင္းသြားမယ္လို႔ ပိုင္းျဖတ္ထားတာပါ။ ဘဂၤလားေဒ့ရွ္က ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္လည္း ျမန္မာ ဘဂၤလားေဒ့ရွ္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔က သံတမန္ေရးအရေဆြးေႏြးမႈေတြလုပ္ေနပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႕ျမန္မာ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ထားခ်က္အရ ကိုယ့္စိတ္ဆႏၵအရျပန္လိုသူေတြ ျပန္ႏိုင္ေအာင္လို႔ ႏွစ္ႏိုင္ငံအၾကား နီးနီးကပ္ကပ္စီစစ္ေဆာင္ရြက္မႈေတြလုပ္ေနပါတယ္။”

ျမန္မာႏိုင္ငံအေနာက္ျခမ္းမွာ ၂၀၁၂ နဲ႔ ၂၀၁၇ ခုႏွစ္အတြင္း ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈဟာ Genocide လူမ်ိဳးတံုးသတ္ျဖတ္မႈတားဆီးေရးစာခ်ဳပ္ကို ျမန္မာဘက္က က်ဴးလြန္တာဆိုၿပီး ဂမ္ဘီယာဘက္က ICJ ကို အမႈတင္ခဲ့တာပါ။ ၂၀၁၉ ခုႏွစ္ ပထမဆံုးၾကားနာစစ္ေဆးမႈမွာေတာ့ အဲဒီတုန္းက ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တက္ေရာက္ၿပီး ခုခံေခ်ပခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ စစ္ေဆးဆဲၾကားကာလမွာ ျမန္မာဘက္က လိုက္နာဖို႔ ဆိုၿပီး ၾကားျဖတ္အစီအမံေတြကို ICJ က သတ္မွတ္ေပးခဲ့ပါတယ္။ အဓိကကေတာ့ အျဖစ္အပ်က္မွာ အခ်က္အလက္ ေတြကို မေဖ်ာက္ဖ်က္ဖို႔နဲ႔ ဒုကၡသည္ေတြကို ေနရပ္ျပန္ေရးကိစၥပါ။ လက္ရွိ စစ္ေကာင္စီအေနနဲ႔ ဒီၾကားကာလ အစီအမံေတြကို လိုက္နာမွာျဖစ္တယ္လို႔လည္း ဦးကိုကိုလိႈင္က ေျပာပါတယ္။

ယာယီအစိုးရသစ္အေနနဲ႔ တာဝန္ရွိမႈနဲ႔အညီ ၾကားကာလစီမံဆံုးျဖတ္ထားတာေတြကို ေလးစားလိုက္နာသြားဖို႔ ပိုင္းျဖတ္ ထားပါတယ္။ ဒီ အစီအမံေတြကိုလည္း လိုက္နာေဆာင္ရြက္ေနပါတယ္။ ​ၾကားကာလအစီအမံကို လိုက္နာမယ္ ဆိုေပမယ့္ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏံႈးကို ျမန္မာစစ္ေကာင္စီကလက္မခံသလို ဒီအသံုးအႏံႈးကိုလည္းတရားရံုးကို ေရွာင္သံုးတာ ေတြ႔ရပါတယ္။

ဦးကိုကိုလိႈင္ ေလွ်ာက္ထားၿပီးတဲ့ေနာက္ ျမန္မာစစ္ေကာင္စီ ကိုယ္စားလွယ္အဖြဲ႔ထဲက ႏိုင္ငံတကာဥပေဒကြ်မ္းက်င္ သူေတြျဖစ္တဲ့ Dr. Staker, professor Twellman နဲ႔ ပေရာဖက္ဆာ ကြတ္တို႔က ဥပေဒေၾကာင္းအရ ေခ်ပခ်က္ေတြ ေလ်ာက္လဲခဲ့ၾကပါတယ္။ အရင္တုန္းက ျမန္မာဘက္က ဥပေဒအက်ိဳးေဆာင္အဖြဲ႔ေခါင္းေဆာင္ မစၥတာ ရွာဗက္ ကေတာ့ ျပန္ပါမလာေတာ့ပါဘူး။ ဒီေန႔ ၾကားနာမႈကေတာ့ ျမန္မာဘက္က ပထမအေက်ာ့ အဓိက ေလွ်ာက္လဲခ်က္ေပးတာျဖစ္ၿပီး မနက္ျဖန္မွာေတာ့ ဂန္ဘီယာဘက္က ေလွ်ာက္လဲခ်က္ေပးမွာပါ။

အခု ၾကားနာပြဲမတုိင္ခင္ေလးမွာေတာ့ ၾကားကာလအမ်ိဳးသားညီညြတ္ေရး ညြန္႔ေပါင္းအစိုးရ NUG အေနနဲ႔ သတင္းစာရွင္းလင္းပြဲတရပ္ျပဳလုပ္ၿပီး ျမန္မာစစ္ေကာင္စီအေနနဲ႔ ကိုယ္စားျပဳတက္ေရာက္တာကို ဘာေၾကာင့္ ကန္႔ကြက္သလဲ ဆိုတာ ရွင္းလင္းပါတယ္။ ျမန္မာစစ္ေကာင္စီဟာ ဒီျပႆနာေတြကို ျမန္မာႏိုင္ငံကိုယ္စားျပဳ ေျဖရွင္းႏိုင္မယ့္သူ မဟုတ္ဘူးလို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္ေမာေအာင္က ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

ဂမ်ဘီယာစွဲဆိုမှု ICJ မှာ ကြားနာပိုင်ခွင့်မရှိဟု စစ်ကောင်စီချေပ


မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြလာချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ ဒီကနေ့ လျှောက်ထားပါတယ်။ ဒါပေမယ့် တဘက်မှာတော့ မြန်မာနိုင်ငံအနောက်ခြမ်းကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ ပိုင်းဖြတ် ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် စွဲချက်တင်လာတဲ့အမှုကို ဒီကနေ့ တကျော့ပြန်ကြားနာစစ်ဆေးပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ လျှောက်လဲချက်ပေးဖို့ကိစ္စမှာ အငြင်း ပွားမှုတွေရှိခဲ့ပြီးတဲ့နောက် ICJ ကတော့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်တက်ရာက်ပြီး ဒုအဖွဲ့ ခေါင်းဆာင်ကတော့ ရှေ့နေချပ်ဒေါ်သီတာဦး ဖြစ်ပါတယ်။ မြန်မာဘက်က ကနဦးချေပချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ Gambia ရဲ့ စွဲဆိုချက်နဲ့ပတ်သက်လို့ ဘယ်လို မေးခွန်းမျိုးကိုမဆို ချေပထားတဲ့ လုံးဝ သီးခြား လွတ်လပ်စွာ ပယ်ချထားတဲ့ ပဏာမထွက်ဆိုချက်တွေပဲဖြစ်တယ်လို့ ဦးကိုကိုလှိုင်က တရားရုံးကို လျှောက်ထားပါတယ်။ အဓိက အချက်ကတော့ ဒီအမှုကို ICJ အနေနဲ့ ကြားနာစစ်ဆေးပိုင်ခွင့်မရှိဘူး ဆိုတာ ဦးကိုကိုလှိုင်က လျှောက်ထားတာဖြစ်ပါတယ်။

“အထင်ရှားဆုံးအချက်ကတော့ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးပိုင်ခွင့်မရှိဘူး၊ ဒီအမှုဟာ တရားရုံးနဲ့အကျုံးဝင် သက်ရောက်မှုမရှိဘူး”...လို့ မြန်မာဘက်က ငြင်းဆိုနေတာပါ။ ဂမ်ဘီယာဘက်က တင်ပြလာတာတွေအပေါ် ဖြေစရာမရှိပါဘူး။”

နောက်ပြီး ဒီပြဿနာအတွက် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ရေးအနည်းအရ ကြိုးပမ်းဖြေရှင်းနေတယ်လို့လည်း တရားရုံးကို ဦးကိုကိုလှိုင်က တင်ပြပါတယ်။

“ဒီပြဿနာတွေဟာ အိန္ဒိယနဲ့မြန်မာအပေါ် ကိုလိုနီပြုခဲ့တဲ့နောက်ဆက်တွဲကိစ္စ ရှုပ်ထွေးလွန်းပါတယ်။ မြန်မာအစိုးရအနေနဲ့ကတော့ ဒီပြဿနာတွေကို သုံးပွင့်ဆိုင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ် ရင်ကြားစေ့မှုနည်းလမ်းတွေကနေ ဖြေရှင်းသွားမယ်လို့ ပိုင်းဖြတ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်လည်း မြန်မာ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့က သံတမန်ရေးအရဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ထားချက်အရ ကိုယ့်စိတ်ဆန္ဒအရပြန်လိုသူတွေ ပြန်နိုင်အောင်လို့ နှစ်နိုင်ငံအကြား နီးနီးကပ်ကပ်စီစစ်ဆောင်ရွက်မှုတွေလုပ်နေပါတယ်။”

မြန်မာနိုင်ငံအနောက်ခြမ်းမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ်ကို မြန်မာဘက်က ကျူးလွန်တာဆိုပြီး ဂမ်ဘီယာဘက်က ICJ ကို အမှုတင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ပထမဆုံးကြားနာစစ်ဆေးမှုမှာတော့ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ပြီး ခုခံချေပခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ စစ်ဆေးဆဲကြားကာလမှာ မြန်မာဘက်က လိုက်နာဖို့ ဆိုပြီး ကြားဖြတ်အစီအမံတွေကို ICJ က သတ်မှတ်ပေးခဲ့ပါတယ်။ အဓိကကတော့ အဖြစ်အပျက်မှာ အချက်အလက် တွေကို မဖျောက်ဖျက်ဖို့နဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးကိစ္စပါ။ လက်ရှိ စစ်ကောင်စီအနေနဲ့ ဒီကြားကာလ အစီအမံတွေကို လိုက်နာမှာဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

ယာယီအစိုးရသစ်အနေနဲ့ တာဝန်ရှိမှုနဲ့အညီ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လေးစားလိုက်နာသွားဖို့ ပိုင်းဖြတ် ထားပါတယ်။ ဒီ အစီအမံတွေကိုလည်း လိုက်နာဆောင်ရွက်နေပါတယ်။ ကြားကာလအစီအမံကို လိုက်နာမယ် ဆိုပေမယ့် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို မြန်မာစစ်ကောင်စီကလက်မခံသလို ဒီအသုံးအနှုံးကိုလည်းတရားရုံးကို ရှောင်သုံးတာ တွေ့ရပါတယ်။

ဦးကိုကိုလှိုင် လျှောက်ထားပြီးတဲ့နောက် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ထဲက နိုင်ငံတကာဥပဒေကျွမ်းကျင် သူတွေဖြစ်တဲ့ Dr. Staker, professor Twellman နဲ့ ပရောဖက်ဆာ ကွတ်တို့က ဥပဒေကြောင်းအရ ချေပချက်တွေ လျောက်လဲခဲ့ကြပါတယ်။ အရင်တုန်းက မြန်မာဘက်က ဥပဒေအကျိုးဆောင်အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာဗက် ကတော့ ပြန်ပါမလာတော့ပါဘူး။ ဒီနေ့ ကြားနာမှုကတော့ မြန်မာဘက်က ပထမအကျော့ အဓိက လျှောက်လဲချက်ပေးတာဖြစ်ပြီး မနက်ဖြန်မှာတော့ ဂန်ဘီယာဘက်က လျှောက်လဲချက်ပေးမှာပါ။

အခု ကြားနာပွဲမတိုင်ခင်လေးမှာတော့ ကြားကာလအမျိုးသားညီညွတ်ရေး ညွန့်ပေါင်းအစိုးရ NUG အနေနဲ့ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ ကိုယ်စားပြုတက်ရောက်တာကို ဘာကြောင့် ကန့်ကွက်သလဲ ဆိုတာ ရှင်းလင်းပါတယ်။ မြန်မာစစ်ကောင်စီဟာ ဒီပြဿနာတွေကို မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်းနိုင်မယ့်သူ မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မောအောင်က ပြောခဲ့ပါတယ်။
=============

XS
SM
MD
LG