သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုံးကိုးၿမိဳ႕ စစ္ေျပးဒုကၡသည္ ၇၀၀ ေက်ာ္ ရိကၡာျပတ္လပ္


mone koe မုံးကိုး


[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္၊ မုံးကိုးၿမိဳ႕ဘက္ကို ဆန္နဲ႔ အစားအေသာက္ရိကၡာေျခာက္ေတြ သယ္ေဆာင္တာ စစ္ေကာင္စီက တားျမစ္ပိတ္ပင္ေနတာေၾကာင့္ စစ္ေျပးဒုကၡသည္ ၇၀၀ ေက်ာ္ ရိကၡာျပတ္ေနၾကရပါတယ္။ ပရဟိတ လႉသူေတြလည္း မရွိတာေၾကာင့္ မုံးကိုးဘက္က ဒုကၡသည္ေတြ အေတာ္ေလး ဒုကၡေရာက္ ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ မုံးကိုးစစ္ေျပးဒုကၡသည္ေတြရဲ႕ အေျခအေနကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္နဲ႔ ကိုးကန႔္တိုင္းရင္းသားလက္နက္ကိုင္ MNDAA တို႔ၾကား ၂၀၂၁ ခုႏွစ္ ၾသဂုတ္လထဲက စတင္ခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာ ၇ ႐ြာက ရာနဲ႔ခ်ီတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ မုံးကိုးၿမိဳ႕က ယာယီစစ္ေဘးဒုကၡသည္စခန္း ၇ ခုမွာ ခိုလႈံေနၾကရပါတယ္။

ၿမိဳ႕ခံ ကူညီေရးအဖြဲ႕ေတြဘက္က အေထာက္အပံ့ေတြ သိပ္မေပးႏိုင္ေတာ့တာေၾကာင့္ ရိကၡာအခက္အခဲနဲ႔ ရင္ဆိုင္ေနရေၾကာင္း မုံးကိုးၿမိဳ႕ေရာက္ စစ္ေျပးဒုကၡသည္တဦးက VOA ကို အခုလို ေျပာပါတယ္။

“အစားအေသာက္က အခက္အခဲ ေတာ္ေတာ္ျဖစ္တယ္။ အခုခ်ိန္က။ ဟိုအရင္ ကေတာ့ ဟင္းလည္း ထားေပးတယ္။ ဆန္လည္းေပးတယ္။ ဆီ၊ ဆားလည္း ေပးတယ္။ အခုခ်ိန္က ေလာေလာဆယ္ ဆန္ပဲ ေပးထားတယ္။ ဆန္ကလည္း ေနာက္ဆုံးတေခါက္ေပးထားတယ္ ကုန္သြားၿပီ။ ကူညီတဲ့သူ၊ လႉတဲ့သူ မရွိေတာ့ဘူးတဲ့ သူတို႔လည္း မေပးႏိုင္ေတာ့ဘူးတဲ့။”

မုန္းကိုးေဒသထဲက ပရဟိတကူညီသူေတြ အေထာက္အပံ့ မေပးႏိုင္ၾကတာေၾကာင့္ အျခားေဒသက ကူညီေရးအဖြဲ႕အစည္းေတြကို အကူအညီေတာင္းခံၾကရတဲ့အထိျဖစ္ပါတယ္။ မုံးကိုးၿမိဳ႕ကို ဆန္တင္မယ္ဆိုရင္ စစ္ေဆးေရးဂိတ္ေတြက တားဆီးပိတ္ပင္ေနတာေၾကာင့္ ဆန္ေတြပို႔ဖို႔ အေတာ္ေလး မလြယ္ဘူးလို႔ ျပင္ပ ကူညီေရးအဖြဲ႕က တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ဆန္ပို႔ရဖို႔က ေတာ္ေတာ္ေလး ခက္တယ္။ ဆန္ေတြက တင္ခြင့္မေပးတာ သူတို႔ က။ ပို႔လို႔ရွိရင္ သူတို႔က စစ္ေဆးၿပီးေတာ့ ေတြ႕တယ္ဆိုရင္ ကားေရာ၊ လူေရာ၊ ပစၥည္းအကုန္သိမ္းတာဆိုေတာ့ေလ။ အဲဒီ မုံးကိုးလမ္းက ကုန္းေကြ႕၊ စစ္ေဆးေရး ဂိတ္လို႔ ေခၚတာေပါ့။ ကုန္းေကြ႕ စစ္ေဆးေရးဂိတ္ရွိတယ္။ တင္ခြင့္မေပးတာ၊ ဆန္ ေနာက္ ရိကၡာေျခာက္ေတြေပါ့ေနာ္။”

စစ္ေကာင္စီတပ္ေတြနဲ႔ MNDAA ကိုးကန႔္အဖြဲ႕တို႔ၾကား တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ကိုးကန႔္အဖြဲ႕ဆီ ရိကၡာမရေအာင္ တားဆီးပိတ္ပင္ေနပုံရပါတယ္။ ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP က ၿပီးခဲ့တဲ့လက စတင္ၿပီး စစ္ေျပးဒုကၡသည္ေတြအတြက္ တမိသားစုကို က်ပ္ေငြ ၈ ေသာင္းနဲ႔အျခား NGO အဖြဲ႕တခုျဖစ္တဲ့ The Best Shelter အဖြဲ႕က တမိသားစုကို က်ပ္ေငြ ၃ ေသာင္းခြဲ ေထာက္ပံ့ထားတယ္ လို႔ မုံးကိုးၿမိဳ႕က စစ္ေဘးေရွာင္ေတြကို ကူညီေနသူတဦးကေျပာျပပါတယ္။ ဒီေထာက္ပံ့မႈဟာ ၆ လပိုင္းအထိသာ ျဖစ္တယ္လို႔လည္းေျပာပါတယ္။ လက္ရွိအေျခအေနအရ မုံးကိုးၿမိဳ႕ကို ျပင္ပဆန္သယ္ယူမႈ ပိတ္ပင္ထားတာနဲ႔ တ႐ုတ္ႏိုင္ငံဘက္ကလည္း တင္သြင္းလို႔မရတာေၾကာင့္ ေဒသထြက္ ဆန္ကို ေဒသခံေတြ အဓိက ရွာေဖြဝယ္ယူ ေနၾကရပါတယ္။ မုံးကိုးၿမိဳ႕ေပၚမွာ စစ္ေျပးဒုကၡသည္ အခုခ်ိန္ထိ ၇၅၀ ေက်ာ္ ရွိေနၿပီး ေဒသထြက္ဆန္ကလည္း ေရရွည္အတြက္ လုံေလာက္ဖို႔ ခက္ခဲႏိုင္တယ္လို႔ အကူအညီေပးေရးေဆာင္႐ြက္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------

[[Unicode]]

မုံးကိုးမြို့ စစ်ပြေးဒုက္ခသည် ၇၀၀ ကျော် ရိက္ခာပြတ်လပ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့ဘက်ကို ဆန်နဲ့ အစားအသောက်ရိက္ခာခြောက်တွေ သယ်ဆောင်တာ စစ်ကောင်စီက တားမြစ်ပိတ်ပင်နေတာကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ ကျော် ရိက္ခာပြတ်နေကြရပါတယ်။ ပရဟိတ လှူသူတွေလည်း မရှိတာကြောင့် မုံးကိုးဘက်က ဒုက္ခသည်တွေ အတော်လေး ဒုက္ခရောက် နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မုံးကိုးစစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA တို့ကြား ၂၀၂၁ ခုနှစ် သြဂုတ်လထဲက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာက ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မုံးကိုးမြို့က ယာယီစစ်ဘေးဒုက္ခသည်စခန်း ၇ ခုမှာ ခိုလှုံနေကြရပါတယ်။

မြို့ခံ ကူညီရေးအဖွဲ့တွေဘက်က အထောက်အပံ့တွေ သိပ်မပေးနိုင်တော့တာကြောင့် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း မုံးကိုးမြို့ရောက် စစ်ပြေးဒုက္ခသည်တဦးက VOA ကို အခုလို ပြောပါတယ်။

“အစားအသောက်က အခက်အခဲ တော်တော်ဖြစ်တယ်။ အခုချိန်က။ ဟိုအရင် ကတော့ ဟင်းလည်း ထားပေးတယ်။ ဆန်လည်းပေးတယ်။ ဆီ၊ ဆားလည်း ပေးတယ်။ အခုချိန်က လောလောဆယ် ဆန်ပဲ ပေးထားတယ်။ ဆန်ကလည်း နောက်ဆုံးတခေါက်ပေးထားတယ် ကုန်သွားပြီ။ ကူညီတဲ့သူ၊ လှူတဲ့သူ မရှိတော့ဘူးတဲ့ သူတို့လည်း မပေးနိုင်တော့ဘူးတဲ့။”

မုန်းကိုးဒေသထဲက ပရဟိတကူညီသူတွေ အထောက်အပံ့ မပေးနိုင်ကြတာကြောင့် အခြားဒေသက ကူညီရေးအဖွဲ့အစည်းတွေကို အကူအညီတောင်းခံကြရတဲ့အထိဖြစ်ပါတယ်။ မုံးကိုးမြို့ကို ဆန်တင်မယ်ဆိုရင် စစ်ဆေးရေးဂိတ်တွေက တားဆီးပိတ်ပင်နေတာကြောင့် ဆန်တွေပို့ဖို့ အတော်လေး မလွယ်ဘူးလို့ ပြင်ပ ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဆန်ပို့ရဖို့က တော်တော်လေး ခက်တယ်။ ဆန်တွေက တင်ခွင့်မပေးတာ သူတို့ က။ ပို့လို့ရှိရင် သူတို့က စစ်ဆေးပြီးတော့ တွေ့တယ်ဆိုရင် ကားရော၊ လူရော၊ ပစ္စည်းအကုန်သိမ်းတာဆိုတော့လေ။ အဲဒီ မုံးကိုးလမ်းက ကုန်းကွေ့၊ စစ်ဆေးရေး ဂိတ်လို့ ခေါ်တာပေါ့။ ကုန်းကွေ့ စစ်ဆေးရေးဂိတ်ရှိတယ်။ တင်ခွင့်မပေးတာ၊ ဆန် နောက် ရိက္ခာခြောက်တွေပေါ့နော်။”

စစ်ကောင်စီတပ်တွေနဲ့ MNDAA ကိုးကန့်အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ကိုးကန့်အဖွဲ့ဆီ ရိက္ခာမရအောင် တားဆီးပိတ်ပင်နေပုံရပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြီးခဲ့တဲ့လက စတင်ပြီး စစ်ပြေးဒုက္ခသည်တွေအတွက် တမိသားစုကို ကျပ်ငွေ ၈ သောင်းနဲ့အခြား NGO အဖွဲ့တခုဖြစ်တဲ့ The Best Shelter အဖွဲ့က တမိသားစုကို ကျပ်ငွေ ၃ သောင်းခွဲ ထောက်ပံ့ထားတယ် လို့ မုံးကိုးမြို့က စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးကပြောပြပါတယ်။ ဒီထောက်ပံ့မှုဟာ ၆ လပိုင်းအထိသာ ဖြစ်တယ်လို့လည်းပြောပါတယ်။ လက်ရှိအခြေအနေအရ မုံးကိုးမြို့ကို ပြင်ပဆန်သယ်ယူမှု ပိတ်ပင်ထားတာနဲ့ တရုတ်နိုင်ငံဘက်ကလည်း တင်သွင်းလို့မရတာကြောင့် ဒေသထွက် ဆန်ကို ဒေသခံတွေ အဓိက ရှာဖွေဝယ်ယူ နေကြရပါတယ်။ မုံးကိုးမြို့ပေါ်မှာ စစ်ပြေးဒုက္ခသည် အခုချိန်ထိ ၇၅၀ ကျော် ရှိနေပြီး ဒေသထွက်ဆန်ကလည်း ရေရှည်အတွက် လုံလောက်ဖို့ ခက်ခဲနိုင်တယ်လို့ အကူအညီပေးရေးဆောင်ရွက်သူတွေက ပြောပါတယ်။

XS
SM
MD
LG