== [[ Zawgyi ]] ==
ရွမ္းျပည္နယ္ ေျမာက္ပိုင္း တရုတ္ျမန္မာနယ္စပ္ေဒသ မူဆယ္ၿမိဳ႔နယ္ ၾကဴကုတ္(ပန္ဆိုင္း)နဲ႔ မံုးကိုး ေဒသဘက္မွာ ရက္ျခားဆိုသလို တိုက္ပဲြေတြ ျဖစ္ပြားေနပါတယ္။ တခ်ိန္တည္းမွာပဲ စစ္ေကာင္စီဘက္က တပ္အင္အားေတြ ျဖည့္တင္းေနတာေၾကာင့္ တုိက္ပဲြေတြ ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ တရုတ္ ျမန္မာနယ္စပ္က စစ္ေရးသတင္းကိုေတာ့ ကိုရဲမြန္က တင္ျပေပးပါမယ္။
တရုတ္ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႔နယ္ ၾကဴကုတ္(ပန္ဆိုင္း)နဲ႔ မံုးကိုးေဒသဘက္မွာ ဇူလိုင္လဆန္းေလာက္ စတင္ၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ MNDAA ကိုးကန္႔တပ္ေတြအၾကား တိုက္ပဲြေတြျဖစ္ခဲ့ရာက ဒီႏွစ္ ပြင့္လင္းရာသီမွာေတာ့ ပိုမို ျပင္းထန္လာမယ့္ အေျခအေနေတြ ရိွေနပါတယ္။
လက္ရိွ ေဒသတြင္း အေျခအေနကို ၾကဴကုတ္(ပန္ဆိုင္း)ေဒသခံတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။
“ ဒီမွာ စစ္တပ္ဘက္ကေနၿပီးေတာ့ အင္အား တိုးခ်ဲ႔ထားတာေတာ့ ရိွတယ္။ အင္အားေတာ့ ေတာ္ေတာ္မ်ားတယ္။ က်န္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြလည္း ဒီဘက္ေဒသကို တခ်ိဳ႔ဟာေတြလည္း ေရာက္ေနတာေတာ့ ရိွတာေပါ့။ ဒီရက္ပိုင္း ေလာေလာဆယ္ ပန္ဆိုင္းရဲစခန္းမွာ တုိက္ပဲြျဖစ္တာေတြ ရိွတယ္ေပါ့။ မံုးကိုးဘက္လည္း တုိက္ပဲြက ခန ခန ျဖစ္ေနတယ္။ ကိုးကန္႔နဲ႔ ျဖစ္တယ္။”
ပန္ဆိုင္း ရဲစခန္းတိုက္ပဲြဟာ ေအာက္တိုဘာလ ၂၃ ရက္ေန႔က ျဖစ္ခဲ့ၿပီး MNDAA ကိုးကန္႔တပ္က ရဲစခန္းကို ၀င္ေရာက္တုိက္ခိုက္ခဲ့တာျဖစ္ပါတယ္။
မံုးကိုး ေဒသခံတဦးကလည္း ၾကာသပေတးေန႔က မံုးကိုးအနီးမွာ တိုက္ပဲြျဖစ္ပြားခဲ့ေၾကာင္း ေျပာပါတယ္။
“ မေန႔ကကို နမ့္တူးဘက္မွာ နည္းနည္းျဖစ္တာေပါ့ေနာ့။ အသံ နည္းနည္းၾကားရတယ္။ နမ့္တူးဘက္က မံုးကိုးကေန မေ၀းပါဘူး။ မံုးကိုး ေဘးနားမွာပဲ။ မိနစ္ ၃၀။ ၂၀ - ၃၀ ေလာက္ ျဖစ္တာေပါ့ေနာ။”
ဒီေန႔ကေတာ့ တုိက္ပဲြျဖစ္ပြားသံ မၾကားရေၾကာင္း ေျပာပါတယ္။
MNDAA ကိုးကန္႔တပ္ဖဲြ႔ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာေတာ့ ေအာက္တိုဘာလ ၁၇ ရက္ေန႔ေလာက္က စတင္ၿပီး စစ္ေကာင္စီဘက္က အင္အားျဖည့္တင္းလာေၾကာင္း၊ စစ္ေကာင္စီရဲ့ တပ္စခန္းေတြက ကိုးကန္႔တပ္ဖဲြ႔ကို လက္နက္ၾကီးနဲ့ ပစ္ခတ္ခဲ့သလို ကိုးကန္႔တပ္ဖဲြ႔ကလည္း စစ္ေကာင္စီရဲ့ စစ္ေၾကာင္းေတြကို ၾကားျဖတ္ တိုက္ခိုက္တာေတြရိွေၾကာင္း ေဖာ္ျပထားပါတယ္။
လက္ရိွ တိုက္ပဲြျဖစ္ပြားေနတဲ့ ၾကဴကုတ္(ပန္ဆိုင္း)နဲ႔ မံုးကိုးေဒသမွာ ကခ်င္လြတ္ေျမာက္ေရးတပ္ KIA တပ္မဟာ ၆ အေျခစိုက္ထားတဲ့ ေဒသလည္း ျဖစ္ပါတယ္။
လက္ရိွ ဒီေဒသမွာ MNDAA ကိုးကန္႔တပ္ဖဲြ႔ ေျခကုပ္ယူဖုိ႔ ၾကိဳးစားေနတဲ့ အေျခအေနေၾကာင့္ တိုက္ပဲြေတြ ျပင္းထန္ လာႏိုင္ေၾကာင္း KIA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလို သံုးသပ္ထားပါတယ္။
“ တိုက္ပဲြကေတာ့ ျပင္းထန္လာႏိုင္ပါတယ္။ နယ္စပ္ေဒသလည္း ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ မုံးကိုး၊ ေဖာင္းဆိုင္ေဒသဘက္မွာကေတာ့ MNDAA ေတြ စခန္းထိုင္၊ အေနထိုင္ဖို႔ စီစဥ္ေနတာဟာကို သူတို႔ကေတာ့ အေနမထိုင္ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ က်ေနာ္ထင္ပါတယ္။ ေနာက္တစ္ခု ရိွတာကေတာ့ က်ေနာ္တုိ႔ KIA ရဲ့ တပ္မဟာ ၆ နယ္ေျမလည္း တဆက္တည္း ျဖစ္ေနတယ္ ဆုိေတာ့ - အဲဒီဘက္က နယ္ေျမရွင္းလင္းေရးလုိ႔ ေျပာရမွာေပါ့ သူတို႔က။ အဲဒါေၾကာင့္ စစ္အင္အားေတြ၊ လက္နက္အင္အားေတြ တုိးခ်ဲ့ထားတာျဖစ္မယ္လို႔ က်ေနာ္ သံုးသပ္ထားတာျဖစ္ပါတယ္။”
ဒီႏွစ္ ဇူလိုင္လဆန္းက စတင္ခဲ့တဲ့ တုိက္ပဲြေၾကာင့္ ၾကဴကုတ္(ပန္ဆိုင္း)ဘက္မွာ ဒုကၡသည္ ၁၄၀၀ ေက်ာ္၊ မံုးကိုးဘက္မွာ ၇၀၀ ေလာက္နဲ႔ ေဖာင္းဆိုင္ဘက္မွာ ၁၅၀ ေက်ာ္ေလာက္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရပါတယ္။ တိုက္ပဲြျဖစ္ပြားခ်ိန္ လက္နက္ၾကီး က်ည္ထိမွန္တာနဲ႔ မုိင္းနင္းမိတာေၾကာင့္ အနည္းဆံုး လူ ၁၀ဦး ေလာက္ ေသဆံုးခဲ့ပါတယ္။
== {{ Unicode }} ==
တရုတ်နယ်စပ်အနီး မြန်မာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ စစ်ရေးတင်းမာ
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ဒေသ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုး ဒေသဘက်မှာ ရက်ခြားဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က တပ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ် မြန်မာနယ်စပ်က စစ်ရေးသတင်းကိုတော့ ကိုရဲမွန်က တင်ပြပေးပါမယ်။
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသဘက်မှာ ဇူလိုင်လဆန်းလောက် စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ MNDAA ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ရာက ဒီနှစ် ပွင့်လင်းရာသီမှာတော့ ပိုမို ပြင်းထန်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။
လက်ရှိ ဒေသတွင်း အခြေအနေကို ကြူကုတ်(ပန်ဆိုင်း)ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ဒီမှာ စစ်တပ်ဘက်ကနေပြီးတော့ အင်အား တိုးချဲ့ထားတာတော့ ရှိတယ်။ အင်အားတော့ တော်တော်များတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဒီဘက်ဒေသကို တချို့ဟာတွေလည်း ရောက်နေတာတော့ ရှိတာပေါ့။ ဒီရက်ပိုင်း လောလောဆယ် ပန်ဆိုင်းရဲစခန်းမှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်ပေါ့။ မုံးကိုးဘက်လည်း တိုက်ပွဲက ခန ခန ဖြစ်နေတယ်။ ကိုးကန့်နဲ့ ဖြစ်တယ်။”
ပန်ဆိုင်း ရဲစခန်းတိုက်ပွဲဟာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ခဲ့ပြီး MNDAA ကိုးကန့်တပ်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မုံးကိုး ဒေသခံတဦးကလည်း ကြာသပတေးနေ့က မုံးကိုးအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။
“ မနေ့ကကို နမ့်တူးဘက်မှာ နည်းနည်းဖြစ်တာပေါ့နော့။ အသံ နည်းနည်းကြားရတယ်။ နမ့်တူးဘက်က မုံးကိုးကနေ မဝေးပါဘူး။ မုံးကိုး ဘေးနားမှာပဲ။ မိနစ် ၃၀။ ၂၀ - ၃၀ လောက် ဖြစ်တာပေါ့နော။”
ဒီနေ့ကတော့ တိုက်ပွဲဖြစ်ပွားသံ မကြားရကြောင်း ပြောပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ အောက်တိုဘာလ ၁၇ ရက်နေ့လောက်က စတင်ပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလာကြောင်း၊ စစ်ကောင်စီရဲ့ တပ်စခန်းတွေက ကိုးကန့်တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ကိုးကန့်တပ်ဖွဲ့ကလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်တာတွေရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၆ အခြေစိုက်ထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
လက်ရှိ ဒီဒေသမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ခြေကုပ်ယူဖို့ ကြိုးစားနေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ပြင်းထန် လာနိုင်ကြောင်း KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုလို သုံးသပ်ထားပါတယ်။
“ တိုက်ပွဲကတော့ ပြင်းထန်လာနိုင်ပါတယ်။ နယ်စပ်ဒေသလည်း ဖြစ်နေတယ်။ နောက်ပြီးတော့ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာကတော့ MNDAA တွေ စခန်းထိုင်၊ အနေထိုင်ဖို့ စီစဉ်နေတာဟာကို သူတို့ကတော့ အနေမထိုင်နိုင်အောင် စီစဉ်နေတယ်လို့ ကျနော်ထင်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ ကျနော်တို့ KIA ရဲ့ တပ်မဟာ ၆ နယ်မြေလည်း တဆက်တည်း ဖြစ်နေတယ် ဆိုတော့ - အဲဒီဘက်က နယ်မြေရှင်းလင်းရေးလို့ ပြောရမှာပေါ့ သူတို့က။ အဲဒါကြောင့် စစ်အင်အားတွေ၊ လက်နက်အင်အားတွေ တိုးချဲ့ထားတာဖြစ်မယ်လို့ ကျနော် သုံးသပ်ထားတာဖြစ်ပါတယ်။”
ဒီနှစ် ဇူလိုင်လဆန်းက စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ကြူကုတ်(ပန်ဆိုင်း)ဘက်မှာ ဒုက္ခသည် ၁၄၀၀ ကျော်၊ မုံးကိုးဘက်မှာ ၇၀၀ လောက်နဲ့ ဖောင်းဆိုင်ဘက်မှာ ၁၅၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ကျည်ထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အနည်းဆုံး လူ ၁၀ဦး လောက် သေဆုံးခဲ့ပါတယ်။