သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားႏွစ္ဦး ေထာင္ဒဏ္အသီးသီးခ်မွတ္ခံရ


မဇၥ်ိမသတင္းဌာန အယ္ဒီတာေဟာင္း ကိုသန္းထုိက္ေအာင္။ မတ္ ၁၉၊ ၂၀၂၁

[[Zawgyi/Unicode]]


မဇၩိမ သတင္းဌာန အယ္ဒီတာတဦးျဖစ္တဲ့ ကိုသန္းထိုက္ေအာင္ကို ပုဒ္မ ၅၀၅-ကနဲ႔ ဒီေန႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္ပါတယ္။ မေန႔ကလည္း ကမာ႐ြတ္မီဒီယာ တည္ေထာင္သူတဦးျဖစ္တဲ့ ကိုဟံသာ ညိန္းကိုလည္းအခုလိုပဲ ေထာင္ ၂ ႏွစ္ခ်မွတ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ သတင္းမီဒီယာသမားေတြကို သတင္းရယူေနခ်ိန္ ဖမ္းဆီးခံရၿပီးေနာက္ ခုလို ပုဒ္မေတြတပ ္အေရးယူေထာင္ခ်ခံရတာ ၁၀ ဦးထက္မနည္းရွိေနၿပီး အေယာက္ ၅၀ နီးပါး ဖမ္းဆီးထိန္းသိမ္းခံထားရဆဲ၊ အမႈရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။ ဒီအေျခအေန ရန္ကုန္က ေပးပို႔လာတာကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ေနျပည္ေတာ္မွာ ဖမ္းဆီးခံထားရတဲ့ မဇၥ်ိမသတင္းဌာနအယ္ဒီတာတဦးျဖစ္တဲ့ ကိုသန္းထိုက္ေအာင္ကို တပ္မေတာ္ၿပိဳကြဲေအာင္ လုပ္ေဆာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ ဒီေန႔ မတ္လ ၂၂ ရက္ မွာ ေနျပည္ ေတာ္ ေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္ ခ်မ်တ္ခဲ့ပါတယ္။ ကိုသန္းထိုက္ေအာင္ကို ေထာင္ခ် လိုက္တာနဲ႔ပတ္သက္လို႔ သူ႔ဖခင္က ဗီြအိုေအကို အခုလိုေျပာျပပါတယ္။

“ေထာင္ ႏွစ္ႏွစ္ခ်လုိက္တယ္။ ႏွစ္ႏွစ္ခ်တယ္။ ခ်ဳပ္ေႏွာင္ထားခံရတဲ့ တႏွစ္ပါ ပါတယ္ေပါ့။ ခန္႔မွန္းတာေတာ့ ၆ လ၊ ၇ လေတာ့ ေနရအံုးမယ္ေျပာတယ္၊ ေလွ်ာ့ရက္နဲ႔ဆိုရင္။ …ဘာေျပာရမလဲဗ်ာ၊ သူ႔အလုပ္သူလုပ္တယ္။ သူ႔တာဝန္သူထမ္းေဆာင္သြားတာပဲ။ က်ေနာ္တို႔ကေတာ့ ခံစားရမွာေပါ့။ “အဓိကေတာ့- အေဖတို႔အေမတို႔ က်န္းမာေရး ဂ႐ုစိုက္၊ သူထြက္လာတဲ့တေန႔ အေမတို႔ အေဖတို႔ကို က်န္းက်န္းမာမာနဲ႔ေတြ႔ရရင္ သား ေက်နပ္ၿပီ..” ဒါပဲ ေျပာပါတယ္။ စိတ္ကေတာ့ ဘယ္ေကာင္းမလဲဗ်ာ။”

သူ႔ကို မတ္လ ၉ ရက္ေန႔႐ုံးခ်ိန္းမွာ စြဲခ်က္တင္ခဲ့ၿပီး မတ္လ ၂၂ ရက္ ဒီေန႔မွာ ေထာင္ဒဏ္အမိန္႔ ခ်ခဲ့ တာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၉ ရက္ေန႔က ေနျပည္ေတာ္ ဒကၡိဏသီရိတရား႐ုံး ေရွ႕မွာ NLD ပါတီ သဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္ရဲ႕ ႐ုံးခ်ိန္းသတင္းရယူေနစဥ္ သတင္းေထာက္ ကိုသန္းထိုက္ေအာင္ကို အရပ္ဝတ္နဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားခဲ့ၿပီးေနာက္ အခုလို တရားစြဲ ေထာင္ခ်ခဲ့တာျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီးခံရတဲ့ ေနာက္ထပ္ သတင္းသမားတေယာက္ျဖစ္တဲ့ ကမာ႐ြတ္မီဒီယာက အယ္ဒီတာ ကိုဟံသာညိန္းကိုလည္း မတ္လ ၂၁ ရက္ တနလၤာေန႔က စစ္ေကာင္စီရဲ႕ အထူးတရား႐ုံးက ပုဒ္ ၅၀၅-က နဲ႔ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္ ခ်ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကိုဟံသာညိန္းရဲ႕ က်န္းမာေရးအေျခအေနေကာင္းမြန္တယ္ဆိုေပမယ့္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြရွိေနတယ္လို႔ နီးစပ္သူတဦးက ဗီြအိုေအကိုေျပာပါတယိ။

“သူ႔က်န္းမာေရးက ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးကေတာ့ ႐ံုးခ်ိန္းတုိင္းေတြ႔ေနရတဲ့အခါ အဆင္ေျပပါတယ္ေပါ့ေနာ္။ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအေနနဲ႔ကေတာ့ က်မရဲ႕အျမင္ကိုေျပာျပတာေပါ့။ စိတ္ပိုင္းဆိုင္ရာကေတာ့ သူသိပ္ အဆင္မေျပဘူးလို႔ က်မ ယူဆတယ္။ ဘာလို႔လဲဆိုေတာ့ က်မအကိုကို ႐ံုးခ်ိန္းတုိင္းက က်မတို႔က စိတ္ပိုင္းဆိုင္ရာအတြက္က အၿမဲတမ္းအားေပးရတယ္။ ေနာက္တခုကက်ေတာ့ အမိန္႔ခ်တဲ့အေပၚမွာေတာ့ က်မတို႔ အယူခံတက္ဖို႔အစီအစဥ္လည္းမရွိပါဘူး။ က်မတို႔အကိုကလည္း ဒီအေပၚမွာ အယူခံတက္ဖို႔ မေျပာသလို မိသားစုကလည္း အယူခံတက္ဖို႔အတြက္ကို မေျပာဘူး။ ဒီဟာေတြအေပၚမွာ သူက မီဒီယာသမားတေယာက္အေနနဲ႔ ေဘာင္ထဲကေန သူလုပ္ခဲ့တာ။ အဲဒီအေပၚမွာ သူ႔ကို ဒီလိုစြဲထားတဲ့အေပၚမွာ မီဒီယာဥပေဒနဲ႔ ၿငိစြန္းျခင္းမရွိတဲ့အတြက္ သူ႔မွာ အျပစ္မရွိဘူးလို႔ပဲ သူခံယူထားတယ္ဆိုတာကိုပဲ သူက ေျပာတယ္ရွင့္။”

စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ မတ္လ ၉ ရက္ေန႔ ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္မွာ ရွိတဲ့ ကမာ႐ြတ္မီဒီယာ႐ုံးခန္းကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ဝင္ေရာက္ခဲ့ၿပီး ကမာ႐ြတ္မီဒီယာ အယ္ဒီတာ ခ်ဳပ္ ကိုေနသန္ေမာင္နဲ႔ အယ္ဒီတာကိုဟံသာညိန္းတို႔ကို ဖမ္းဆီးခဲ့ပါတယ္။ အေမရိကန္ ႏိုင္ငံသား ျဖစ္တဲ့အယ္ဒီတာခ်ဳပ္ကိုေနသန္ေမာင္ကိုေတာ့ ၂၀၂၁ ႏွစ္ ဇြန္လထဲမွာျပန္လႊတ္ေပးခဲ့ၿပီး ဟိုဟံသာညိန္းကိုေတာ့ ပုဒ္မ ၅၀၅-က နဲ႔တရားစြဲဆိုၿပီးေထာင္ဒဏ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းသတင္းေထာက္ ၅၀ ဝန္းက်င္ ေလာက္ ဖမ္းဆီး ခံခဲ့ရၿပီး စစ္ေကာင္စီရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ ႔ျပန္လည္လြတ္ ေျမာက္လာသူတခ်ဳိ႕လည္း ရွိပါတယ္။ ပုဒ္မေတြတပ္ ေထာင္ခ်ခံရတာ ၁၀ ဦးထက္မနည္းရွိေနၿပီး အေယာက္ ၅၀ နီးပါး ဖမ္းဆီးထိန္းသိမ္း ခံထားရဆဲ အမႈရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ မၾကာခင္အခ်ိန္အထိ သတင္းသမားေတြကို ဖမ္းဆီး မႈေတြလည္း ဆက္ရွိေနတုန္းျဖစ္တယ္လို႔ ဖမ္းဆီးခံသတင္းေထာက္ေတြနဲ႔ပတ္သက္ၿပီး စာရင္းေကာက္ယူမွတ္တမ္းတင္ ေနတဲ့အဖြဲ႕ေတြက ေျပာပါတယ္႐ွင္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


မြန်မာသတင်းသမားနှစ်ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံရ


မဇ္ဈိမ သတင်းဌာန အယ်ဒီတာတဦးဖြစ်တဲ့ ကိုသန်းထိုက်အောင်ကို ပုဒ်မ ၅၀၅-ကနဲ့ ဒီနေ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ မနေ့ကလည်း ကမာရွတ်မီဒီယာ တည်ထောင်သူတဦးဖြစ်တဲ့ ကိုဟံသာ ညိန်းကိုလည်းအခုလိုပဲ ထောင် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို သတင်းရယူနေချိန် ဖမ်းဆီးခံရပြီးနောက် ခုလို ပုဒ်မတွေတပ ်အရေးယူထောင်ချခံရတာ ၁၀ ဦးထက်မနည်းရှိနေပြီး အယောက် ၅၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ၊ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေ ရန်ကုန်က ပေးပို့လာတာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ မဇ္ဈိမသတင်းဌာနအယ်ဒီတာတဦးဖြစ်တဲ့ ကိုသန်းထိုက်အောင်ကို တပ်မတော်ပြိုကွဲအောင် လုပ်ဆောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ဒီနေ့ မတ်လ ၂၂ ရက် မှာ နေပြည် တော် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမျတ်ခဲ့ပါတယ်။ ကိုသန်းထိုက်အောင်ကို ထောင်ချ လိုက်တာနဲ့ပတ်သက်လို့ သူ့ဖခင်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ထောင် နှစ်နှစ်ချလိုက်တယ်။ နှစ်နှစ်ချတယ်။ ချုပ်နှောင်ထားခံရတဲ့ တနှစ်ပါ ပါတယ်ပေါ့။ ခန့်မှန်းတာတော့ ၆ လ၊ ၇ လတော့ နေရအုံးမယ်ပြောတယ်၊ လျှော့ရက်နဲ့ဆိုရင်။ …ဘာပြောရမလဲဗျာ၊ သူ့အလုပ်သူလုပ်တယ်။ သူ့တာဝန်သူထမ်းဆောင်သွားတာပဲ။ ကျနော်တို့ကတော့ ခံစားရမှာပေါ့။ “အဓိကတော့- အဖေတို့အမေတို့ ကျန်းမာရေး ဂရုစိုက်၊ သူထွက်လာတဲ့တနေ့ အမေတို့ အဖေတို့ကို ကျန်းကျန်းမာမာနဲ့တွေ့ရရင် သား ကျေနပ်ပြီ..” ဒါပဲ ပြောပါတယ်။ စိတ်ကတော့ ဘယ်ကောင်းမလဲဗျာ။”

သူ့ကို မတ်လ ၉ ရက်နေ့ရုံးချိန်းမှာ စွဲချက်တင်ခဲ့ပြီး မတ်လ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ်အမိန့် ချခဲ့ တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိတရားရုံး ရှေ့မှာ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ ရုံးချိန်းသတင်းရယူနေစဉ် သတင်းထောက် ကိုသန်းထိုက်အောင်ကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီးနောက် အခုလို တရားစွဲ ထောင်ချခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရတဲ့ နောက်ထပ် သတင်းသမားတယောက်ဖြစ်တဲ့ ကမာရွတ်မီဒီယာက အယ်ဒီတာ ကိုဟံသာညိန်းကိုလည်း မတ်လ ၂၁ ရက် တနင်္လာနေ့က စစ်ကောင်စီရဲ့ အထူးတရားရုံးက ပုဒ် ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ချခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုဟံသာညိန်းရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတယ်လို့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပါတယိ။

“သူ့ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကတော့ ရုံးချိန်းတိုင်းတွေ့နေရတဲ့အခါ အဆင်ပြေပါတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအနေနဲ့ကတော့ ကျမရဲ့အမြင်ကိုပြောပြတာပေါ့။ စိတ်ပိုင်းဆိုင်ရာကတော့ သူသိပ် အဆင်မပြေဘူးလို့ ကျမ ယူဆတယ်။ ဘာလို့လဲဆိုတော့ ကျမအကိုကို ရုံးချိန်းတိုင်းက ကျမတို့က စိတ်ပိုင်းဆိုင်ရာအတွက်က အမြဲတမ်းအားပေးရတယ်။ နောက်တခုကကျတော့ အမိန့်ချတဲ့အပေါ်မှာတော့ ကျမတို့ အယူခံတက်ဖို့အစီအစဉ်လည်းမရှိပါဘူး။ ကျမတို့အကိုကလည်း ဒီအပေါ်မှာ အယူခံတက်ဖို့ မပြောသလို မိသားစုကလည်း အယူခံတက်ဖို့အတွက်ကို မပြောဘူး။ ဒီဟာတွေအပေါ်မှာ သူက မီဒီယာသမားတယောက်အနေနဲ့ ဘောင်ထဲကနေ သူလုပ်ခဲ့တာ။ အဲဒီအပေါ်မှာ သူ့ကို ဒီလိုစွဲထားတဲ့အပေါ်မှာ မီဒီယာဥပဒေနဲ့ ငြိစွန်းခြင်းမရှိတဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ပဲ သူခံယူထားတယ်ဆိုတာကိုပဲ သူက ပြောတယ်ရှင့်။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပြီး ကမာရွတ်မီဒီယာ အယ်ဒီတာ ချုပ် ကိုနေသန်မောင်နဲ့ အယ်ဒီတာကိုဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား ဖြစ်တဲ့အယ်ဒီတာချုပ်ကိုနေသန်မောင်ကိုတော့ ၂၀၂၁ နှစ် ဇွန်လထဲမှာပြန်လွှတ်ပေးခဲ့ပြီး ဟိုဟံသာညိန်းကိုတော့ ပုဒ်မ ၅၀၅-က နဲ့တရားစွဲဆိုပြီးထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသတင်းထောက် ၅၀ ဝန်းကျင် လောက် ဖမ်းဆီး ခံခဲ့ရပြီး စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ် မြောက်လာသူတချို့လည်း ရှိပါတယ်။ ပုဒ်မတွေတပ် ထောင်ချခံရတာ ၁၀ ဦးထက်မနည်းရှိနေပြီး အယောက် ၅၀ နီးပါး ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မကြာခင်အချိန်အထိ သတင်းသမားတွေကို ဖမ်းဆီး မှုတွေလည်း ဆက်ရှိနေတုန်းဖြစ်တယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှတ်တမ်းတင် နေတဲ့အဖွဲ့တွေက ပြောပါတယ်ရှင်။

XS
SM
MD
LG