သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွစ္ႏိုင္ငံ သေဘာတူစာခြၽန္လႊာအရ ျမန္မာလုပ္သား ၂,၀၀၀ နီးပါး ထိုင္းေရာက္ရွိ


ႏွစ္ႏိုင္ငံ MOU အရ ထိုင္းဘက္ကို တရားဝင္ေစလႊတ္မယ့္ ျမန္မာအလုပ္သမားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ထိုင္း-ျမန္မာ ႏွစ္ဘက္သေဘာတူစာခြၽန္လႊာနဲ႔ ျမန္မာအလုပ္သမားႏွစ္ေထာင္နီးပါးဟာ အခု ႏွစ္ရက္အတြင္းမွာပဲ ျမဝတီ-မဲေဆာက္ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကေန ထိုင္းႏိုင္ငံတြင္း ေရာက္ရွိသြားၾကၿပီလို႔ အလုပ္သမားေရးရာအဖြဲ႕အစည္းေတြက ေျပာပါတယ္။ ထိုင္းႏိုင္ငံတြင္း လုပ္သားလိုအပ္ခ်က္ရွိေနတာနဲ႔အတူ ေျဖေလွ်ာ့မႈနဲ႔ ျမန္မာအလုပ္သမားေတြကို တရားဝင္လက္ခံေနတာပါ။ ရန္ကုန္က ေပးပို႔ထားတဲ့ သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ဇြန္လ ၂၉ ရက္နဲ႔ဒီေန႔ ႏွစ္ရက္အတြင္းမွာ ျမဝတီနယ္စပ္ကတဆင့္ ထိုင္းႏိုင္ငံကိုသြားတဲ့ ျမန္မာMoU လုပ္သားဦးေရက ၂,၀၀၀ နီးပါးေလာက္ရွိတယ္လို႔ ျမန္မာအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕က ျမန္မာအလုပ္သမားသံအရာရွိ ဦးျပည့္ၿဖိဳးေအာင္ကေတာ့ အခုဆိုရင္ တရက္ကို ျမန္မာလုပ္သား ၈၀၀ ေက်ာ္ေလာက္ ထိုင္းဘက္ကိုဝင္ေနေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

" ဟုတ္ကဲ့ ၈၀၀၊ ၈၀၀ ဆိုေတာ့ ၁,၆၀၀ ႏွစ္ရက္အတြင္းစာရင္းေပါ့။ လုပ္ငန္းေတြက ေဆာက္လုပ္ေရးလည္းပါတယ္၊ ေနာက္ အထည္ခ်ဳပ္စက္႐ုံ၊ အစားအေသာက္စက္႐ုံ အဲဒါေတြ အကုန္ပါတယ္။"

၂၀၂၀ ခုႏွစ္ ဧၿပီလေနာက္ပိုင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ထိုင္းႏိုင္ငံကေန ျမန္မာအလုပ္သမား ၁၀၀,၀၀၀ ေလာက္ ေနရပ္ျပန္လာၾကပါတယ္။ ႏွစ္ႏွစ္နီးပါးေလာက္ ႏွစ္ႏိုင္ငံၾကားမွာ MoU လုပ္သားကိစၥေတြကို ရပ္နားခဲ့ပါတယ္။ စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ႏိုင္ငံေရးနဲ႔ အေထြေထြ အက်ပ္အတည္းေတြေၾကာင့္ နီးစပ္တဲ့ထိုင္းႏိုင္ငံကိုပဲ ျပန္သြားၾကဖို႔ ႀကိဳးပမ္းလာၾကတာပါ။ ၂၀၂၂ ေမလ ၁၀ ရက္မွာေတာ့ ျမန္မာဘက္က MoU လုပ္သား၂၈၇ ေယာက္ကို ၂ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ျပန္ၿပီးေစလႊတ္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကားမွာ ေျဖေလွ်ာ့မႈေတြလုပ္လာၿပီး လုပ္သားေစလႊတ္ တာလည္း ပိုျမန္လာတယ္လို႔ ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕က အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီတခုက ဗြီအိုေအကို ေျပာပါတယ္။

" အခုက ျပည္ပထြက္ခ်င္တဲ့လူငယ္ေတြ မ်ားလာတယ္။ အဲဒီအတိုင္းအတာေပၚမွာ ခြင့္ျပဳေပးေတာ့ အကုန္လုံးသြားေနၾကတာပဲ။ Process က ျမန္လာတာကိုး။ Demand ေတြက်တယ္၊ ေစလႊတ္ေတြလည္းထြက္သလို ဖားအံမွာ ေန႔တိုင္းစာခ်ဳပ္ေနတာ တေန႔(အေယာက္) ၄၆၀ ဝန္းက်င္မွာရွိတယ္။ ရန္ကုန္မွာလည္း အဲလိုစာခ်ဳပ္ ခ်ဳပ္တာေတြရွိတယ္ေလ ၈၀၀ ေက်ာ္မွာရွိမွာေပါ့။"

ျမန္မာအလုပ္သမားေရးဌာန စာရင္းေတြအရဆိုရင္ ေမလ ဒုတိယအပတ္ကေန ဇြန္လကုန္ထိ ထိုင္းႏိုင္ငံကို သြားေရာက္လုပ္ကိုင္တဲ့ ျမန္မာMoU လုပ္သားက ၁၅,၀၀၀ ဝန္းက်င္ရွိပါတယ္။ ထိုင္းအစိုးရကေတာ့ ကိုဗစ္ေၾကာင့္ထိခိုက္သြားတဲ့ သူတို႔ရဲ႕ လုပ္သားရင္းျမစ္ေနရာေတြမွာ ျမန္မာလုပ္သားအမ်ားအျပားကို ခန႔္ထားဖို႔ ဆုံးျဖတ္ထားတာပါ။ ဒါေၾကာင့္လည္း ျပည္ဝင္ခြင့္ ကန႔္သတ္ခ်က္တခ်ိဳ႕ကို ပယ္ဖ်က္လိုက္ၿပီး ျမန္မာႏိုင္ငံသားေတြကို ကန႔္သတ္ထားတဲ့ ထိုင္းႏိုင္ငံအတြင္း နယ္ေျမျဖတ္ေက်ာ္ သြားလာခြင့္ကိုလည္း ဇြန္လ ၂၃ ရက္မွာ ထိုင္းအစိုးရက ေျဖေလွ်ာ့ေပးခဲ့ပါတယ္။

ထိုင္းႏိုင္ငံအျပင္ တျခားအာရွႏိုင္ငံေတြျဖစ္တဲ့ ဂ်ပန္၊ ဘ႐ူႏိုင္း၊ စကၤာပူ၊ မေလးရွား ဒီႏိုင္ငံေတြကလည္း ျမန္မာလုပ္သား အမ်ားအျပားကိုေခၚယူဖို႔ ကမ္းလွမ္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

နှစ်နိုင်ငံ သဘောတူစာချွန်လွှာအရ မြန်မာလုပ်သား ၂,၀၀၀ နီးပါး ထိုင်းရောက်ရှိ


ထိုင်း-မြန်မာ နှစ်ဘက်သဘောတူစာချွန်လွှာနဲ့ မြန်မာအလုပ်သမားနှစ်ထောင်နီးပါးဟာ အခု နှစ်ရက်အတွင်းမှာပဲ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ ထိုင်းနိုင်ငံတွင်း ရောက်ရှိသွားကြပြီလို့ အလုပ်သမားရေးရာအဖွဲ့အစည်းတွေက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်း လုပ်သားလိုအပ်ချက်ရှိနေတာနဲ့အတူ ဖြေလျှော့မှုနဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်လက်ခံနေတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ဇွန်လ ၂၉ ရက်နဲ့ဒီနေ့ နှစ်ရက်အတွင်းမှာ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကိုသွားတဲ့ မြန်မာMoU လုပ်သားဦးရေက ၂,၀၀၀ နီးပါးလောက်ရှိတယ်လို့ မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင်ကတော့ အခုဆိုရင် တရက်ကို မြန်မာလုပ်သား ၈၀၀ ကျော်လောက် ထိုင်းဘက်ကိုဝင်နေကြောင်း ဗွီအိုအေကို ပြောပါတယ်။

" ဟုတ်ကဲ့ ၈၀၀၊ ၈၀၀ ဆိုတော့ ၁,၆၀၀ နှစ်ရက်အတွင်းစာရင်းပေါ့။ လုပ်ငန်းတွေက ဆောက်လုပ်ရေးလည်းပါတယ်၊ နောက် အထည်ချုပ်စက်ရုံ၊ အစားအသောက်စက်ရုံ အဲဒါတွေ အကုန်ပါတယ်။"

၂၀၂၀ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ကိုဗစ်ရောဂါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာအလုပ်သမား ၁၀၀,၀၀၀ လောက် နေရပ်ပြန်လာကြပါတယ်။ နှစ်နှစ်နီးပါးလောက် နှစ်နိုင်ငံကြားမှာ MoU လုပ်သားကိစ္စတွေကို ရပ်နားခဲ့ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံရေးနဲ့ အထွေထွေ အကျပ်အတည်းတွေကြောင့် နီးစပ်တဲ့ထိုင်းနိုင်ငံကိုပဲ ပြန်သွားကြဖို့ ကြိုးပမ်းလာကြတာပါ။ ၂၀၂၂ မေလ ၁၀ ရက်မှာတော့ မြန်မာဘက်က MoU လုပ်သား၂၈၇ ယောက်ကို ၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ပြီးစေလွှတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နှစ်နိုင်ငံကြားမှာ ဖြေလျှော့မှုတွေလုပ်လာပြီး လုပ်သားစေလွှတ် တာလည်း ပိုမြန်လာတယ်လို့ ကရင်ပြည်နယ်၊ ဖားအံမြို့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက ဗွီအိုအေကို ပြောပါတယ်။

" အခုက ပြည်ပထွက်ချင်တဲ့လူငယ်တွေ များလာတယ်။ အဲဒီအတိုင်းအတာပေါ်မှာ ခွင့်ပြုပေးတော့ အကုန်လုံးသွားနေကြတာပဲ။ Process က မြန်လာတာကိုး။ Demand တွေကျတယ်၊ စေလွှတ်တွေလည်းထွက်သလို ဖားအံမှာ နေ့တိုင်းစာချုပ်နေတာ တနေ့(အယောက်) ၄၆၀ ဝန်းကျင်မှာရှိတယ်။ ရန်ကုန်မှာလည်း အဲလိုစာချုပ် ချုပ်တာတွေရှိတယ်လေ ၈၀၀ ကျော်မှာရှိမှာပေါ့။"

မြန်မာအလုပ်သမားရေးဌာန စာရင်းတွေအရဆိုရင် မေလ ဒုတိယအပတ်ကနေ ဇွန်လကုန်ထိ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်တဲ့ မြန်မာMoU လုပ်သားက ၁၅,၀၀၀ ဝန်းကျင်ရှိပါတယ်။ ထိုင်းအစိုးရကတော့ ကိုဗစ်ကြောင့်ထိခိုက်သွားတဲ့ သူတို့ရဲ့ လုပ်သားရင်းမြစ်နေရာတွေမှာ မြန်မာလုပ်သားအများအပြားကို ခန့်ထားဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လည်း ပြည်ဝင်ခွင့် ကန့်သတ်ချက်တချို့ကို ပယ်ဖျက်လိုက်ပြီး မြန်မာနိုင်ငံသားတွေကို ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံအတွင်း နယ်မြေဖြတ်ကျော် သွားလာခွင့်ကိုလည်း ဇွန်လ ၂၃ ရက်မှာ ထိုင်းအစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံအပြင် တခြားအာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဘရူနိုင်း၊ စင်္ကာပူ၊ မလေးရှား ဒီနိုင်ငံတွေကလည်း မြန်မာလုပ်သား အများအပြားကိုခေါ်ယူဖို့ ကမ်းလှမ်းထားကြပါတယ်။

XS
SM
MD
LG