သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ထုတ္ကုန္ပစၥည္းမ်ားစာရင္း Burma Campaign UK ျပဳစု 


ရန္ကုန္ၿမိဳ႕ ျမန္မာ့စီးပြါးေရးေကာ္ပိုေရးရွင္း (MEC) ဌာနခ်ဳပ္႐ံုး။


[[Zawgyi/Unicode]]

အဖြဲ႕အစည္းေတြနဲ႔ လူတဦးခ်င္းက စစ္တပ္ကထုတ္လုပ္တဲ့ပစၥည္းေတြကို သပိတ္ေမွာက္ႏိုင္ဖို႔ရည္႐ြယ္ၿပီး အဲဒီပစၥည္းေတြထုတ္လုပ္ေနတဲ့ စစ္တပ္ပိုင္လုပ္ငန္းစာရင္း Burma Campaign UK က ဒီ ကေန႔ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔ မွာ ထပ္တိုး ထုတ္ျပန္လိုက္ပါတယ္။

၂၀၂၀ ဇန္နဝါရီလက ပထမဆုံးအျဖစ္ထုတ္ျပန္ခဲ့တဲ့ ဒီစာရင္းကို ေနာက္ထပ္ လုပ္ငန္း ၃၃ ခု ထပ္တိုး ျပဳစုထားတာျဖစ္တယ္လို႔ Burma Campaign UK ရဲ႕ သတင္း ထုတ္ျပန္ခ်က္က ဆိုပါတယ္။

စစ္တပ္ပိုင္ကုမၸဏီေတြက ထုတ္လုပ္တဲ့ စၥည္းေတြကို မဝယ္ယူၾကေအာင္ ႏိုင္ငံတကာ အစိုးရေတြ၊ ကုလသမဂၢအဖြဲ႕အစည္းေတြ၊ အကူအညီေပးေရးအဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာ ကုမၸဏီေတြနဲ႔ ျမန္မာျပည္မွာ လုပ္ငန္းလုပ္ကိုင္ေနၾကသူေတြကို ဖိအားေပးဖို႔လည္း ဒီ စာရင္းက ရည္႐ြယ္ပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

စစ္တပ္ထုတ္ပစၥည္းေတြနဲ႔ ဝန္ေဆာင္မႈေတြကို ဝယ္ယူတာဟာ စစ္တပ္ရဲ႕ဝင္ေငြကို တိုးေစၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ႏိုင္စြမ္းရွိလာေအာင္ ေထာက္ကူရာ ေရာက္တယ္လို႔ Burma Campaign UK က ဆိုပါတယ္။

ထပ္တိုးစာရင္းမွာ ေကာ္ဖီ၊ လက္ဖက္ရည္ အခ်ိဳေျခာက္၊ ရမ္ အရက္၊ ေရထြက္ပစၥည္း၊ အလွကုန္ပစၥည္းနဲ႔ အဝတ္အထည္ေတြပါဝင္ၿပီး ႏိုင္ငံတကာကုန္သြယ္ေရး၊ ေဆာက္လုပ္ေရး၊ သယ္ယူပို႔ေဆာင္ေရး၊ အႏုပညာထုတ္လုပ္ေရးနဲ႔ ခရီးသြားလုပ္ငန္းဝန္ေဆာင္မႈ လုပ္ေနတဲ့ ကုမၸဏီေတြရဲ႕စာရင္းကို ေတြ႕ရပါတယ္။ စာရင္း အျပည့္အစုံကို Burma Campaign UK ရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ ၾကည့္ရႈႏိုင္တယ္လို႔ သတင္းထုတ္ျပန္ခ်က္ မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာစစ်တပ်ထုတ်ကုန်ပစ္စည်းများစာရင်း Burma Campaign UK ပြုစု

အဖွဲ့အစည်းတွေနဲ့ လူတဦးချင်းက စစ်တပ်ကထုတ်လုပ်တဲ့ပစ္စည်းတွေကို သပိတ်မှောက်နိုင်ဖို့ရည်ရွယ်ပြီး အဲဒီ ပစ္စည်းတွေ ထုတ်လုပ်နေကြတဲ့ စစ်တပ်ပိုင် လုပ်ငန်းစာရင်းကို Burma Campaign UK က ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ဇန်နဝါရီလက ပထမဆုံးအဖြစ်ထုတ်ပြန်ခဲ့တဲ့ ဒီစာရင်းကို နောက်ထပ် လုပ်ငန်း ၃၃ ခု ထပ်တိုး ပြုစုထားတာဖြစ်တယ်လို့ Burma Campaign UK ရဲ့ သတင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ စ္စည်းတွေကို မဝယ်ယူကြအောင် နိုင်ငံတကာ အစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်နေကြသူတွေကို ဖိအားပေးဖို့လည်း ဒီ စာရင်းက ရည်ရွယ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်တပ်ထုတ်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူတာဟာ စစ်တပ်ရဲ့ဝင်ငွေကို တိုးစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နိုင်စွမ်းရှိလာအောင် ထောက်ကူရာ ရောက်တယ်လို့ Burma Campaign UK က ဆိုပါတယ်။

ထပ်တိုးစာရင်းမှာ ကော်ဖီ၊ လက်ဖက်ရည် အချိုခြောက်၊ ရမ် အရက်၊ ရေထွက်ပစ္စည်း၊ အလှကုန်ပစ္စည်းနဲ့ အဝတ်အထည်တွေပါဝင်ပြီး နိုင်ငံတကာကုန်သွယ်ရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အနုပညာထုတ်လုပ်ရေးနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့စာရင်းကို တွေ့ရပါတယ်။ စာရင်း အပြည့်အစုံကို Burma Campaign UK ရဲ့ အင်တာနက် စာမျက်နှာမှာ ကြည့်ရှုနိုင်တယ်လို့ သတင်းထုတ်ပြန်ချက် မှာ ပြောထားပါတယ်။
==========

XS
SM
MD
LG