သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆာဘီးယားရဲ႕ျမန္မာအေပၚရပ္တည္မႈ Burma Campaign UK ေမးခြန္းထုတ္


ျမန္မာစစ္တပ္ ၾကည္း၊ေရ၊ေလ ပူးေပါင္းစစ္ဆင္ေရးတရပ္ ေလ့က်င့္စဥ္ (ဓာတ္ပံု - AP)

ဆာဘီးယား ႏိုင္ငံဟာ ႏိုင္ငံတကာ အသိုက္အဝန္း ကို ကတိကဝတ္ျပဳထားတဲ့အတိုင္း ျမန္မာ စစ္တပ္ ကို လက္နက္ေရာင္းခ်ျခင္း ရွိမရွိ Burma Campaign for UK အဖြဲ႕ က ေမးခြန္း ထုတ္လိုက္ပါတယ္။

ျမန္မာ စစ္တပ္ ကို ဆာဘီးယား က လက္နက္ ေရာင္းခ်ေနသလား လို႔ ေခါင္းစဥ္ေပးထားတဲ့ မူဝါဒ ဆိုင္ရာ စာတမ္း တစ္ေစာင္ မွာ အဲဒီလို ေမးလိုက္တာပါ။

ျမန္မာ ႏိုင္ငံ အေပၚ ဥေရာပသမဂၢ ရဲ႕ သေဘာထား ေၾကညာခ်က္ ကိုလည္း ဆာဘီးယား ႏိုင္ငံ က လက္မွတ္ေရးထိုးထားသလို၊ ျမန္မာ စစ္တပ္ ကို လက္နက္ မေထာက္ပံ့ မေရာင္းခ်ေရး ကုလသမဂၢ အေထြေထြ ညီလာခံ ရဲ႕ ဆုံးျဖတ္ခ်က္ ကိုလည္း ၂၀၂၁ ဇြန္လ မွာ ေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၅ ခုႏွစ္ မွာ ျမန္မာ စစ္တပ္ နဲ႔ ကာကြယ္ေရး ဆိုင္ရာ သေဘာတူညီခ်က္ ကိုလည္း ခ်ဳပ္ဆိုခဲ့ပါတယ္။ ၂၀၂၁ ေအာက္တိုဘာလ မွာ က်င္းပခဲ့တဲ့ ဘက္မလိုက္လႈပ္ရွားမႈ ထိပ္သီး ညီလာခံ ကို တက္ေရာက္ဖို႔လည္း စစ္ေကာင္စီ အစိုးရ ကို ဆာဘီးယား က အသိအမွတ္ျပဳ ဖိတ္ၾကားခဲ့ပါတယ္ လို႔ မူဝါဒ စာတမ္း မွာ ေထာက္ျပထားပါတယ္။ စစ္တပ္ ကို လက္နက္ ေရာင္းခ်ဖို႔ ၾကားလူ က ႀကိဳးစားခဲ့ရာမွာ ဆာဘီးယား ကို ေဖာ္ျပခဲ့တဲ့ အေထာက္အထားေတြ ကိုလည္း စာတမ္း မွာ တင္ျပထားပါတယ္။

ခုထိေတာ့ စစ္ေကာင္စီ နဲ႔ ပူးေပါင္း ေဆာင္း႐ြက္တာေတြ ရပ္ဆိုင္းေၾကာင္း ဆာဘီးယား က လူသိရွင္ၾကား မထုတ္ျပန္ေသးပါဘူး။

ဆာဘီးယား ဟာ ယူဂိုစလဗ္ ႏိုင္ငံ ရဲ႕ အစိတ္အပိုင္း အေနနဲ႔ ျမန္မာ စစ္တပ္ နဲ႔ ၁၉၅၀ ခုႏွစ္မ်ား အတြင္း က စၿပီး ဆက္ဆံေရး ရွိခဲ့တာပါ။ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း လက္ထက္ ကတည္း က စစ္တပ္ ကို ဂ်က္ေလယာဥ္ နဲ႔ လက္နက္ႀကီးမ်ား အပါအဝင္ စစ္လက္နက္ပစၥည္းေတြ ကို ေရာင္းခ်ခဲ့ပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


ဆာဘီးယားရဲ့မြန်မာအပေါ်ရပ်တည်မှု Burma Campaign UK မေးခွန်းထုတ်

(Unicode)

ဆာဘီးယား နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်း ကို ကတိကဝတ်ပြုထားတဲ့အတိုင်း မြန်မာ စစ်တပ် ကို လက်နက်ရောင်းချခြင်း ရှိမရှိ Burma Campaign for UK အဖွဲ့ က မေးခွန်း ထုတ်လိုက်ပါတယ်။

မြန်မာ စစ်တပ် ကို ဆာဘီးယား က လက်နက် ရောင်းချနေသလား လို့ ခေါင်းစဥ်ပေးထားတဲ့ မူဝါဒ ဆိုင်ရာ စာတမ်း တစ်စောင် မှာ အဲဒီလို မေးလိုက်တာပါ။

မြန်မာ နိုင်ငံ အပေါ် ဥရောပသမဂ္ဂ ရဲ့ သဘောထား ကြေညာချက် ကိုလည်း ဆာဘီးယား နိုင်ငံ က လက်မှတ်ရေးထိုးထားသလို၊ မြန်မာ စစ်တပ် ကို လက်နက် မထောက်ပံ့ မရောင်းချရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရဲ့ ဆုံးဖြတ်ချက် ကိုလည်း ၂၀၂၁ ဇွန်လ မှာ ထောက်ခံခဲ့ပါတယ်။ဒါပေမဲ့ ၂၀၁၅ ခုနှစ် မှာ မြန်မာ စစ်တပ် နဲ့ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။၂၀၂၁ အောက်တိုဘာလ မှာ ကျင်းပခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး ညီလာခံ ကို တက်ရောက်ဖို့လည်း စစ်ကောင်စီ အစိုးရ ကို ဆာဘီးယား က အသိအမှတ်ပြု ဖိတ်ကြားခဲ့ပါတယ် လို့ မူဝါဒ စာတမ်း မှာ ထောက်ပြထားပါတယ်။စစ်တပ် ကို လက်နက် ရောင်းချဖို့ ကြားလူ က ကြိုးစားခဲ့ရာမှာ ဆာဘီးယား ကို ဖော်ပြခဲ့တဲ့ အထောက်အထားတွေ ကိုလည်း စာတမ်း မှာ တင်ပြထားပါတယ်။

ခုထိတော့ စစ်ကောင်စီ နဲ့ ပူးပေါင်း ဆောင်းရွက်တာတွေ ရပ်ဆိုင်းကြောင်း ဆာဘီးယား က လူသိရှင်ကြား မထုတ်ပြန်သေးပါဘူး။

ဆာဘီးယား ဟာ ယူဂိုစလဗ် နိုင်ငံ ရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာ စစ်တပ် နဲ့ ၁၉၅၀ ခုနှစ်များ အတွင်း က စပြီး ဆက်ဆံရေး ရှိခဲ့တာပါ။ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ကတည်း က စစ်တပ် ကို ဂျက်လေယာဥ် နဲ့ လက်နက်ကြီးများ အပါအဝင် စစ်လက်နက်ပစ္စည်းတွေ ကို ရောင်းချခဲ့ပါတယ်။

XS
SM
MD
LG