သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

BIMSTEC အစည္းအေဝး စစ္ေကာင္စီကိုမဖိတ္ဖို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ဆီ အိတ္ဖြင့္ေပးစာပို႔ ေတာင္းဆို 


၂၀၁၈ ခုႏွစ္က နီေပါႏိုင္ငံမွာက်င္းပတဲ့ (BIMSTEC)အစည္းအေဝးကို သမၼတဦးဝင္းျမင့္နဲ႔ ဇနီး ေဒၚခ်ဳိခ်ဳိတို႔တက္ေရာက္ခဲ့စဥ္။ 


[[Zawgyi/Unicode]]

ဘဂၤလားပင္လယ္ေအာ္ေဒသႏိုင္ငံမ်ား ကြၽမ္းက်င္မႈပိုင္းနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ေရး BIMSTEC အဖြဲ႕ ငါးႀကိမ္ေျမာက္ အစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီကို တက္ခြင့္မျပဳဖို႔ အိႏၵိယအေျခစိုက္ အရပ္ဘက္အဖြဲ႕အစည္း ၁၃၀ ေက်ာ္က အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီကို အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့ၾကပါတယ္။ မတ္လ ၂၄ ရက္ေန႔ ဒီေန႔ ေပးပို႔ခဲ့တဲ့ အိတ္ဖြင့္ေပးစာထဲမွာ ျမန္မာျပည္သူအမ်ား ေတာင္းဆိုခ်က္ကို အေလးဂ႐ုျပဳဖို႔ ပန္ၾကားထားပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက က တင္ျပေပးထားပါတယ္။

သီရိလကၤာႏိုင္ငံမွာ မတ္လ ၃၀ ရက္ေန႔က်င္းပမယ့္ ဘဂၤလားပင္လယ္ေအာ္ေဒသ ႏိုင္ငံမ်ား ကြၽမ္းက်င္မႈပိုင္းနဲ႔ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္ေရး BIMSTEC စည္းေဝးပြဲကို ျမန္မာစစ္ေကာင္စီကို တက္ခြင့္မေပးဖို႔ ႏိုင္ငံတကာက လူထုအေျချပဳ အရပ္ဖက္အဖြဲ႕ ေတြ၊ ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားေနၾကတဲ့အဖြဲ႕ ေတြ စုစုေပါင္း ၁၃၆ ဖြဲ႕က အိႏၵိယဝန္ႀကီးခ်ဳပ္ဆီကို ဒီေန႔ မတ္လ ၂၄ ရက္မွာ အိတ္ဖြင့္စာေပးပို႔လိုက္တာပါ။

အဖြဲ႕အစည္းအားလုံး စုေပါင္းလက္မွတ္ေရးထိုးထားတဲ့စာထဲမွာ ျမန္မာ့ဒီမိုကေရစီလႈပ္ရွားမႈရဲ႕ ေတာင္းဆိုခ်က္ေတြကို အေလးထားဖို႔၊ ဘင္းမ္စတက္ေတြ႕ဆုံပြဲမွာ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြက လူ႔ဂုဏ္သိကၡာနဲ႔ လူသားမ်ိဳးႏြယ္အေရးကို ေရွ႕ရႈၿပီး ျမန္မာျပည္အေရးကို ေဆြးေႏြးေပးဖို႔ ေတာင္းဆိုထားပါတယ္။ အဓိကကေတာ့ စစ္ေကာင္စီကို ဆက္ၿပီးအသိအမွတ္ျပဳေနတဲ့ အိႏၵိယအစိုးရကို ဖိအားေပးၿပီး တိုက္တြန္းခ်င္တာလို႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဆီကို ဒီကေန႔ စာသြားေရာက္ေပးပို႔ခဲ့တဲ့ India for Myanmar က Salai Dokhar (ဆလိုင္းဒိုခါရ္) က ဗြီအိုေအ ကိုေျပာပါတယ္။

“က်ေနာ္တို႔ ဒီေန႔ ၂၄ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္မိုဒီထံကို အိပ္ဖြင့္စာ သြားေပးတာျဖစ္ တယ္။ အဲဒီအိတ္ဖြင့္စာထဲမွာကေတာ့ အရပ္ဘက္ လူမႈအဖြဲ႕အစည္းအပါအဝင္ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ ျမန္မာႏိုင္ငံက ေတာ္လွန္ေရးအင္အားစုေတြ အပါအဝင္ အဖြဲ႕အစည္း ၁၃၆ ခုက လက္မွတ္ထိုးထားတဲ့ဟာျဖစ္တာ အဲဒါကို အိပ္ဖြင့္စာ သြားေပးတဲ့သေဘာေပါ့။ အထူးသျဖင့္ အိႏၵိယကို ဖိအားေပးဖို႔ ပထမ ဦးစားေပးျဖစ္တယ္၊ ဒါေပမယ့္ ဘင္းစတက္ကလည္း အိႏၵိယအဖြဲ႕ဝင္ ျဖစ္တဲ့အခါ ႏိုင္ငံတကာ အဖြဲ႕ အစည္းမွာ လက္ရွိအခ်ိန္အထိ စစ္ေကာင္စီကို ေနရာေပးတဲ့ဟာျဖစ္တယ္။ ဒါေၾကာင့္ ဒါကိုက်ေနာ္တို႔ ႀကိဳးစားေနတာျဖစ္တယ္။”

အာဆီယံအဖြဲ႕ကေတာ့ ၿပီးခဲ့တဲ့ အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝးေတြမွာ စစ္ေကာင္စီအႀကီးအကဲကို မဖိတ္ၾကားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံပါဝင္တဲ့ ဘင္းမ္စတက္အဖြဲ႕ကေတာ့ ႏိုင္ငံေရး၊ စစ္ေရး၊ သံတမန္ေရးေတြမွာ စစ္ေကာင္စီကို အသိအမွတ္ျပဳ လက္ခံ ထားတဲ့အတြက္ ဒါကိုရပ္တန႔္ေပးဖို႔ အရပ္ဘက္အဖြဲ႕ေတြက ေတာင္းဆိုေနတာျဖစ္ပါတယ္။

“ဒီ ဘင္းမ္စတက္ အဖြဲ႕ႀကီးကသာ အာဆီယံအဖြဲ႕လိုမ်ိဳး ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ခဲ့တယ္ဆိုရင္ စစ္ေကာင္စီကို အျပင္းထန္ဆုံး ေသာ ထိုးႏွက္ခ်က္တခု ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရွိ တကမာၻလုံးမွာ စစ္ေကာင္စီကို ႏိုင္ငံေရးအရ ေနာက္ခံေပးထားတာဆိုရင္ ႐ုရွား၊ တ႐ုတ္ကလြဲရင္ ဒီဘင္းမ္စတက္ပဲ က်န္ေနတာဆိုေတာ့ က်မတို႔အရပ္ဘက္ အဖြဲ႕အစည္းေတြက ဒီအေပၚမွာ ဖိအားေပးေနတာ ျဖစ္တယ္။”

အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီကို ေပးပို႔တဲ့စာထဲမွာ လက္မွတ္ေရးထိုးပါဝင္ခဲ့တဲ့ Action Committee for Democracy Development က မသၪၨာ႐ႊန္းလဲ့ရည္ ေျပာသြားတာပါ။

သူတို႔အဆို ဖက္ဆစ္စစ္တပ္နဲ႔ ဆက္စပ္ပတ္သက္မႈေတြကို ရပ္တန႔္ဖို႔လည္း စာထဲမွာ တိုက္တြန္းထားပါတယ္။ စစ္တပ္အာဏာ သိမ္းၿပီးေနာက္ ၂၀၂၁ ဇြန္လက ဘင္းမ္စတက္ရဲ႕ ၂၄ ႀကိမ္ေျမာက္ ႏွစ္လည္ေၾကညာခ်က္မွာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္လို႔ သုံးစြဲခဲ့တာ၊ ၂၀၂၁ ဒီဇင္ဘာမွာ အိႏၵိယက လက္ခံက်င္းပတဲ့ ဘင္းမ္စတက္ႏိုင္ငံေတြရဲ႕ စစ္ေရးေလ့က်င့္မႈမွာ ျမန္မာစစ္တပ္ကို ဖိတ္ေခၚခဲ့တာေတြကို အိႏၵိယအေျခစိုက္ India for Myanmar က ေထာက္ျပခဲ့ပါတယ္။

ေရွ႕သီတင္းပတ္က်င္းပမယ့္ ဘင္းမ္စတက္အစည္းအေဝးကို တက္ေရာက္မယ္၊ မတက္ေရာက္ဘူးဆိုတာ ေလာေလာဆယ္ မသိရေသးေၾကာင္းနဲ႔ သင့္ေတာ္တဲ့အခ်ိန္က်ရင္ အသိေပးမယ္လို႔ ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ ဦးေအာင္ကိုက ဗြီအိုေအကို ေျပာခဲ့ပါတယ္။

ဘင္းမ္စတက္အဖြဲ႕မွာ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏၵိယ၊ နိေပါ၊ သီရိလကၤာ၊ ျမန္မာနဲ႔ ထိုင္းႏိုင္ငံတို႔ပါဝင္ပါတယ္။ အိႏၵိယႏိုင္ငံမွာရွိတဲ့ ဘင္းမ္စတက္အဖြဲ႕ဝင္ ႏိုင္ငံအသီးသီးရဲ႕ သံ႐ုံးေတြကိုလည္း မေန႔က အလားတူ စာေပးပို႔ခဲ့ၿပီး သံ႐ုံးတခ်ိဳ႕ဘက္က အျပဳ သေဘာ တုံ႔ျပန္မႈေတြ ရရွိခဲ့တယ္လို႔လည္း India for Myanmar အဖြဲ႕က ဆလိုင္းဒိုခါရ္က ေျပာပါတယ္။ ၄ ႏွစ္တႀကိမ္က်င္းပတဲ့ ဘင္းမ္စတက္အစည္းေဝးကို NLD အစိုးရအဖြဲ႕လက္ထက္ ၂၀၁၈ ခုႏွစ္မွာ သမၼတဦးဝင္းျမင့္ ေနာက္ဆုံး တက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------

[[Unicod]]

င်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ ကျွမ်းကျင်မှုပိုင်းနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့ ငါးကြိမ်မြောက် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ခွင့်မပြုဖို့ အိန္ဒိယအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပါတယ်။ မတ်လ ၂၄ ရက်နေ့ ဒီနေ့ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ မြန်မာပြည်သူအများ တောင်းဆိုချက်ကို အလေးဂရုပြုဖို့ ပန်ကြားထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက က တင်ပြပေးထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ ကျွမ်းကျင်မှုပိုင်းနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး BIMSTEC စည်းဝေးပွဲကို မြန်မာစစ်ကောင်စီကို တက်ခွင့်မပေးဖို့ နိုင်ငံတကာက လူထုအခြေပြု အရပ်ဖက်အဖွဲ့ တွေ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့အဖွဲ့ တွေ စုစုပေါင်း ၁၃၆ ဖွဲ့က အိန္ဒိယဝန်ကြီးချုပ်ဆီကို ဒီနေ့ မတ်လ ၂၄ ရက်မှာ အိတ်ဖွင့်စာပေးပို့လိုက်တာပါ။

အဖွဲ့အစည်းအားလုံး စုပေါင်းလက်မှတ်ရေးထိုးထားတဲ့စာထဲမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ တောင်းဆိုချက်တွေကို အလေးထားဖို့၊ ဘင်းမ်စတက်တွေ့ဆုံပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက လူ့ဂုဏ်သိက္ခာနဲ့ လူသားမျိုးနွယ်အရေးကို ရှေ့ရှုပြီး မြန်မာပြည်အရေးကို ဆွေးနွေးပေးဖို့ တောင်းဆိုထားပါတယ်။ အဓိကကတော့ စစ်ကောင်စီကို ဆက်ပြီးအသိအမှတ်ပြုနေတဲ့ အိန္ဒိယအစိုးရကို ဖိအားပေးပြီး တိုက်တွန်းချင်တာလို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီဆီကို ဒီကနေ့ စာသွားရောက်ပေးပို့ခဲ့တဲ့ India for Myanmar က Salai Dokhar (ဆလိုင်းဒိုခါရ်) က ဗွီအိုအေ ကိုပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ်မိုဒီထံကို အိပ်ဖွင့်စာ သွားပေးတာဖြစ် တယ်။ အဲဒီအိတ်ဖွင့်စာထဲမှာကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းအပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုတွေ အပါအဝင် အဖွဲ့အစည်း ၁၃၆ ခုက လက်မှတ်ထိုးထားတဲ့ဟာဖြစ်တာ အဲဒါကို အိပ်ဖွင့်စာ သွားပေးတဲ့သဘောပေါ့။ အထူးသဖြင့် အိန္ဒိယကို ဖိအားပေးဖို့ ပထမ ဦးစားပေးဖြစ်တယ်၊ ဒါပေမယ့် ဘင်းစတက်ကလည်း အိန္ဒိယအဖွဲ့ဝင် ဖြစ်တဲ့အခါ နိုင်ငံတကာ အဖွဲ့ အစည်းမှာ လက်ရှိအချိန်အထိ စစ်ကောင်စီကို နေရာပေးတဲ့ဟာဖြစ်တယ်။ ဒါကြောင့် ဒါကိုကျနော်တို့ ကြိုးစားနေတာဖြစ်တယ်။”

အာဆီယံအဖွဲ့ကတော့ ပြီးခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲကို မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံပါဝင်တဲ့ ဘင်းမ်စတက်အဖွဲ့ကတော့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးတွေမှာ စစ်ကောင်စီကို အသိအမှတ်ပြု လက်ခံ ထားတဲ့အတွက် ဒါကိုရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုနေတာဖြစ်ပါတယ်။

“ဒီ ဘင်းမ်စတက် အဖွဲ့ကြီးကသာ အာဆီယံအဖွဲ့လိုမျိုး ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်ဆိုရင် စစ်ကောင်စီကို အပြင်းထန်ဆုံး သော ထိုးနှက်ချက်တခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ တကမ္ဘာလုံးမှာ စစ်ကောင်စီကို နိုင်ငံရေးအရ နောက်ခံပေးထားတာဆိုရင် ရုရှား၊ တရုတ်ကလွဲရင် ဒီဘင်းမ်စတက်ပဲ ကျန်နေတာဆိုတော့ ကျမတို့အရပ်ဘက် အဖွဲ့အစည်းတွေက ဒီအပေါ်မှာ ဖိအားပေးနေတာ ဖြစ်တယ်။”

အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပေးပို့တဲ့စာထဲမှာ လက်မှတ်ရေးထိုးပါဝင်ခဲ့တဲ့ Action Committee for Democracy Development က မသဉ္ဇာရွှန်းလဲ့ရည် ပြောသွားတာပါ။

သူတို့အဆို ဖက်ဆစ်စစ်တပ်နဲ့ ဆက်စပ်ပတ်သက်မှုတွေကို ရပ်တန့်ဖို့လည်း စာထဲမှာ တိုက်တွန်းထားပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ဇွန်လက ဘင်းမ်စတက်ရဲ့ ၂၄ ကြိမ်မြောက် နှစ်လည်ကြေညာချက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်ဝန်ကြီးချုပ်လို့ သုံးစွဲခဲ့တာ၊ ၂၀၂၁ ဒီဇင်ဘာမှာ အိန္ဒိယက လက်ခံကျင်းပတဲ့ ဘင်းမ်စတက်နိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့တာတွေကို အိန္ဒိယအခြေစိုက် India for Myanmar က ထောက်ပြခဲ့ပါတယ်။

ရှေ့သီတင်းပတ်ကျင်းပမယ့် ဘင်းမ်စတက်အစည်းအဝေးကို တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာ လောလောဆယ် မသိရသေးကြောင်းနဲ့ သင့်တော်တဲ့အချိန်ကျရင် အသိပေးမယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ ဦးအောင်ကိုက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နိပေါ၊ သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ သံရုံးတွေကိုလည်း မနေ့က အလားတူ စာပေးပို့ခဲ့ပြီး သံရုံးတချို့ဘက်က အပြု သဘော တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့လည်း India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က ပြောပါတယ်။ ၄ နှစ်တကြိမ်ကျင်းပတဲ့ ဘင်းမ်စတက်အစည်းဝေးကို NLD အစိုးရအဖွဲ့လက်ထက် ၂၀၁၈ ခုနှစ်မှာ သမ္မတဦးဝင်းမြင့် နောက်ဆုံး တက်ရောက်ခဲ့ပါတယ်။================

XS
SM
MD
LG