သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္ မိုးၿဗဲနဲ႔ ဖယ္ခုံတဝိုက္တိုက္ပြဲျပင္းထန္


ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ လြယ္ဝွဲေက်းရြာေနအိမ္ မီး႐ိႈ႕ဖ်က္စီးခံရတဲ့ျမင္ကြင္း။ {{ယခင္ပံုေဟာင္း }} (ဓာတ္ပံု ဖယ္ခံု PDF/ ႏိုဝင္ဘာ ၃၊၂၀၂၁)


[[Zawgyi/Unicode]]

ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္နယ္စပ္ မိုးၿဗဲၿမိဳ႕နယ္ လြယ္ရင္ မဂၤလာေက်း႐ြာတဝိုက္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ တိုက္ပြဲအတြင္း စစ္တပ္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြပါလုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မိုးၿဗဲနယ္ထဲမွာ တိုက္ပြဲျပင္းထန္ေနတာ ဒီေန႔ဆိုရင္ ၇ ရက္ဆက္တိုက္ ရွိေနပါၿပီ။ ေလယာဥ္နဲ႔ပစ္ခတ္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကတဲ့ ေဒသခံေတြ ေနထိုင္စားေသာက္ေရး အခက္အခဲေတြ ျဖစ္ေနပါတယ္။ ရွမ္းျပည္နယ္ထဲက ေတာင္ႀကီးခ႐ိုင္ ဖယ္ခုံၿမိဳ႕နယ္မွာလည္း ဒီေန႔ မနက္ပိုင္းက တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ ရွမ္းျပည္နယ္ထဲက တိုက္ပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းေတြကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား လြန္ခဲ့တဲ့ ၇ ရက္ထဲက ေန႔စဥ္ရက္ဆက္ တိုက္ပြဲ ျပင္းထန္ေနတဲ့ မိုးၿဗဲၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီ ၂၂ ရက္ ဒီေန႔မနက္ပိုင္းက တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ မိုးၿဗဲၿမိဳ႕နယ္ လြင္ရင္းမဂၤလာေက်း႐ြာတဝိုက္မွာ မနက္ပိုင္းက လက္နက္ႀကီး လက္နက္ငယ္ ဆက္တိုက္ ပစ္ခတ္ေနတယ္လို႔ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔ည ညမိုးခ်ဳပ္ခ်ိန္လည္း ၾကားတယ္။ ေနာက္ ဒီမနက္လည္း ပစ္ခတ္မႈေတြ ရွိပါတယ္။ အခုေလးတင္လည္း ျဖစ္ပါတယ္။ လက္နက္ႀကီးလည္းပစ္တယ္။ လက္နက္ငယ္ေတြလည္း ပစ္တယ္ေပါ့ေနာ္။ အိမ္မီးေလာင္တာလည္း ေတြ႔ ရတယ္။ မီးခိုးေတြ ထူေနတာေတြ႔ရတယ္။ မိုးၿဗဲၿမိဳ႕ေတာင္ဘက္ အဲ့ဒီ လြယ္ရင္းမဂၤလာေက်း႐ြာေတြ ရွိတယ္။ အဲ့ဘက္တေက်ာေတြေပါ့ေနာ္။ အဲဒီဘက္တေက်ာမွာ အခုေလးတင္လည္း ပစ္ခတ္တယ္။ ေနာက္ပိုင္းက စစ္ေကာင္စီေတြက ရက္တိုင္းလိုလိုသူတို႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ ေတာ္ေတာ္ေလးျပဳလုပ္လာၾကတာေပါ့ေနာ္။ မေန႔ညလည္း တိုက္ပြဲျဖစ္တယ္။ ဒီမေန႔ညျဖစ္တာလည္း ေလေၾကာင္းလိုင္းေတြ သုံးတာေပါ့ေနာ္။ ခါတိုင္းေန႔လည္း သူတု႔ိသုံးတာ၊ ရက္တိုင္းလိုလိုသုံးပါတယ္။ သူတို႔က ပိုပိုၿပီးမွ ျပဳလုပ္လာတဲ့ အခ်က္ေတြေပါ့ေနာ္။”

တနလၤာေန႔ညတုန္းကလည္း ဝါရီဆူးဖလိုင္ေက်း႐ြာ၊ ဝီသဲကူးေက်း႐ြာေတြဘက္မွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး စစ္တပ္ က စစ္ေလယာဥ္ေတြနဲ႔ ဗုံးႀကဲ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။ အခုရက္ပိုင္း မိုးၿဗဲတိုက္ပြဲေတြအတြင္း စစ္တပ္က တင့္ကားေတြအပါအဝင္ အင္အားအေျမာက္အမ်ားနဲ႔တိုက္ခိုက္တဲ့အျပင္ ေလေၾကာင္းကေနပါ တိုက္ခိုက္ေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ စစ္ေကာင္စီတပ္ေတြ တပ္စြဲေနရာယူထားတဲ့ ဝါရီဆူးဖလိုင္ေက်း႐ြာမွာ ေန႔စဥ္ ေနအိမ္မီးေလာင္ေနတာ ျမင္ရေပမယ့္ မီးမၿငိမ္းႏိုင္ဘူးလို႔ ေဒသခံက ေျပာပါတယ္။

“စစ္ေကာင္စီ ဒီဝါရီဆူးဖလိုင္း႐ြာထဲမွာ တပ္စြဲေနတာကိုးေနာ္။ ဝင္လို႔ကို မရဘူးေပါ့ေနာ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကို (ေနအိမ္မီး) ေလာင္မယ္လို႔ က်ေနာ္ ထင္တာေပါ့ေနာ္။ အဲ့မွာ အိမ္ေျခက ၂၀၀ ေက်ာ္ေပါ့ေနာ္။ ထက္ဝက္ေက်ာ္ေလာက္ ေလာင္မယ္လို႔ က်ေနာ္ ခန႔္မွန္းၾကည့္လို႔ရတာေပါ့ေနာ္။ ဒီေလာင္တာေတာ့ ရက္တိုင္းလိုလိုေလာင္တာေပါ့ေနာ္။”

ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ကတည္းက မိုးၿဗဲနယ္မွာ တိုက္ပြဲေတြ စတင္ခဲ့ၿပီး ဒီေန႔အထိ ၇ ရက္ ဆက္တိုက္ ေန႔စဥ္ ျဖစ္ ပြားေနတာပါ။ တရက္ထက္တရက္ တိုက္ပြဲေနရာေတြ က်ယ္လာၿပီး စစ္ေဘးဒုကၡသည္ေတြအတြက္ ခိုလႈံဖို႔ ေနရာ အခက္အခဲျဖစ္တဲ့ အျပင္ စားေရးေသာက္ေရး အကူအညီေတြလည္း လိုအပ္ေနတာလို႔ ေနာက္ထပ္ ေဒသခံတဦးက ေျပာပါတယ္။

“ဒီမွာတိုက္ပြဲလည္း ျပင္းထန္ေနေတာ့ ခိုလႈံဖို႔ ေနရာလည္း က်ေနာ္တို႔အတြက္ ခက္ခဲေနတယ္ေပါ့ေနာ္။ အဲ့ဆို စားဝတ္ေနေရးေတြကလည္း ပိုခက္လိမ္မယ္ေပါ့။”

တိုက္ပြဲေတြေၾကာင့္ မိုးၿဗဲၿမိဳ႕နယ္မွာ ေထာင္နဲ႔ ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာေက်း႐ြာေတြနဲ႔ ေတာေတာင္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး စစ္ေျပးဒုကၡသည္ေတြ ဆင္းရဲဒုကၡအမ်ိဳးမ်ိဳးႀကဳံေနၾကရပါတယ္။

မိုးၿဗဲၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြျဖစ္ေနသလို ဖယ္ခုံၿမိဳ႕ လြယ္ပါသာဘုရားေတာင္နဲ႔ ကုန္းဆုံဘုရားေတာင္တို႔မွာ ဒီေန႔ မနက္ပိုင္းက တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြ တပ္စြဲေနရာယူထားတဲ့ စခန္းေတြကို ေဒသခံျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ေတြနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး အျပန္လွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္ တာဝန္ရွိသူ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“လြယ္ပါသာဘုရားေတာင္ေပၚမွာ ဒီဟိုဟာ တပ္မ ၅၅ လက္ေအာက္ခံ ကေလာတပ္က ခလရ ၇ ကေနၿပီးေတာ့ အဲဒီမွာ ထိုင္ေနတယ္ေလ။ အင္အားကေတာ့ ၂၀ ေက်ာ္ေလာက္ရွိမယ္ထင္တယ္။ အဲ့ဒီမွာ မိုးလင္းတာနဲ႔ ၆ နာရီအခ်ိန္မွာသူတို႔စခန္းထဲ အလစ္ငိုက္ဝင္ၿပီးေတာ့ က်ေနာ္တို႔က ထိုးေဖာက္ဝင္ၿပီးေတာ့ အဲ့ဒီမွာ တိုက္ပြဲအနီးကပ္ျဖစ္ၾကတာဗ်။ စစ္ေကာင္စီတပ္ကေတာ့ အနီးကပ္ေတြ႕ရတဲ့ အေလာင္းေတြကေတာ့ ၅ ဦးထက္ေတာ့ မနည္းဘူး ရွိတယ္၊ ေနာက္ၿပီး ဒဏ္ရာရတဲ့လူလည္း အမ်ားအျပားရွိတယ္။”

ထိခိုက္ေသဆုံးမႈကိုေတာ့ ဗီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။ ဒီတိုက္ခိုက္မႈေတြအတြင္း စစ္တပ္ဘက္က လက္နက္နဲ႔ က်ည္ဆံတခ်ိဳ႕ စစ္သုံးပစၥည္းေတြ အနည္းငယ္ သိမ္းဆည္းရမိခဲ့တယ္လို႔လည္ေျပာပါတယ္။ လတ္တေလာ မိုးၿဗဲနဲ႔ ဖယ္ခုံ တိုက္ပြဲနဲ႔ ပတ္သတ္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ရှမ်းပြည်နယ် မိုးဗြဲနဲ့ ဖယ်ခုံတဝိုက်တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့နယ် လွယ်ရင် မင်္ဂလာကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲနယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာ ဒီနေ့ဆိုရင် ၇ ရက်ဆက်တိုက် ရှိနေပါပြီ။ လေယာဉ်နဲ့ပစ်ခတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ ဒေသခံတွေ နေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်နေပါတယ်။ ရှမ်းပြည်နယ်ထဲက တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်မှာလည်း ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်ထဲက တိုက်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းတွေကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား လွန်ခဲ့တဲ့ ၇ ရက်ထဲက နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မိုးဗြဲမြို့နယ် လွင်ရင်းမင်္ဂလာကျေးရွာတဝိုက်မှာ မနက်ပိုင်းက လက်နက်ကြီး လက်နက်ငယ် ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ည ညမိုးချုပ်ချိန်လည်း ကြားတယ်။ နောက် ဒီမနက်လည်း ပစ်ခတ်မှုတွေ ရှိပါတယ်။ အခုလေးတင်လည်း ဖြစ်ပါတယ်။ လက်နက်ကြီးလည်းပစ်တယ်။ လက်နက်ငယ်တွေလည်း ပစ်တယ်ပေါ့နော်။ အိမ်မီးလောင်တာလည်း တွေ့ ရတယ်။ မီးခိုးတွေ ထူနေတာတွေ့ရတယ်။ မိုးဗြဲမြို့တောင်ဘက် အဲ့ဒီ လွယ်ရင်းမင်္ဂလာကျေးရွာတွေ ရှိတယ်။ အဲ့ဘက်တကျောတွေပေါ့နော်။ အဲဒီဘက်တကျောမှာ အခုလေးတင်လည်း ပစ်ခတ်တယ်။ နောက်ပိုင်းက စစ်ကောင်စီတွေက ရက်တိုင်းလိုလိုသူတို့ လေကြောင်းတိုက်ခိုက်မှုတွေ တော်တော်လေးပြုလုပ်လာကြတာပေါ့နော်။ မနေ့ညလည်း တိုက်ပွဲဖြစ်တယ်။ ဒီမနေ့ညဖြစ်တာလည်း လေကြောင်းလိုင်းတွေ သုံးတာပေါ့နော်။ ခါတိုင်းနေ့လည်း သူတု့ိသုံးတာ၊ ရက်တိုင်းလိုလိုသုံးပါတယ်။ သူတို့က ပိုပိုပြီးမှ ပြုလုပ်လာတဲ့ အချက်တွေပေါ့နော်။”

တနင်္လာနေ့ညတုန်းကလည်း ဝါရီဆူးဖလိုင်ကျေးရွာ၊ ဝီသဲကူးကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် က စစ်လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ အခုရက်ပိုင်း မိုးဗြဲတိုက်ပွဲတွေအတွင်း စစ်တပ်က တင့်ကားတွေအပါအဝင် အင်အားအမြောက်အများနဲ့တိုက်ခိုက်တဲ့အပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတဲ့ ဝါရီဆူးဖလိုင်ကျေးရွာမှာ နေ့စဉ် နေအိမ်မီးလောင်နေတာ မြင်ရပေမယ့် မီးမငြိမ်းနိုင်ဘူးလို့ ဒေသခံက ပြောပါတယ်။

“စစ်ကောင်စီ ဒီဝါရီဆူးဖလိုင်းရွာထဲမှာ တပ်စွဲနေတာကိုးနော်။ ဝင်လို့ကို မရဘူးပေါ့နော်။ ဒါပေမယ့် တော်တော်များများကို (နေအိမ်မီး) လောင်မယ်လို့ ကျနော် ထင်တာပေါ့နော်။ အဲ့မှာ အိမ်ခြေက ၂၀၀ ကျော်ပေါ့နော်။ ထက်ဝက်ကျော်လောက် လောင်မယ်လို့ ကျနော် ခန့်မှန်းကြည့်လို့ရတာပေါ့နော်။ ဒီလောင်တာတော့ ရက်တိုင်းလိုလိုလောင်တာပေါ့နော်။”

ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက မိုးဗြဲနယ်မှာ တိုက်ပွဲတွေ စတင်ခဲ့ပြီး ဒီနေ့အထိ ၇ ရက် ဆက်တိုက် နေ့စဉ် ဖြစ် ပွားနေတာပါ။ တရက်ထက်တရက် တိုက်ပွဲနေရာတွေ ကျယ်လာပြီး စစ်ဘေးဒုက္ခသည်တွေအတွက် ခိုလှုံဖို့ နေရာ အခက်အခဲဖြစ်တဲ့ အပြင် စားရေးသောက်ရေး အကူအညီတွေလည်း လိုအပ်နေတာလို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

“ဒီမှာတိုက်ပွဲလည်း ပြင်းထန်နေတော့ ခိုလှုံဖို့ နေရာလည်း ကျနော်တို့အတွက် ခက်ခဲနေတယ်ပေါ့နော်။ အဲ့ဆို စားဝတ်နေရေးတွေကလည်း ပိုခက်လိမ်မယ်ပေါ့။”

တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့နယ်မှာ ထောင်နဲ့ ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ပြေးဒုက္ခသည်တွေ ဆင်းရဲဒုက္ခအမျိုးမျိုးကြုံနေကြရပါတယ်။

မိုးဗြဲမြို့နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင်နဲ့ ကုန်းဆုံဘုရားတောင်တို့မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတဲ့ စခန်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“လွယ်ပါသာဘုရားတောင်ပေါ်မှာ ဒီဟိုဟာ တပ်မ ၅၅ လက်အောက်ခံ ကလောတပ်က ခလရ ၇ ကနေပြီးတော့ အဲဒီမှာ ထိုင်နေတယ်လေ။ အင်အားကတော့ ၂၀ ကျော်လောက်ရှိမယ်ထင်တယ်။ အဲ့ဒီမှာ မိုးလင်းတာနဲ့ ၆ နာရီအချိန်မှာသူတို့စခန်းထဲ အလစ်ငိုက်ဝင်ပြီးတော့ ကျနော်တို့က ထိုးဖောက်ဝင်ပြီးတော့ အဲ့ဒီမှာ တိုက်ပွဲအနီးကပ်ဖြစ်ကြတာဗျ။ စစ်ကောင်စီတပ်ကတော့ အနီးကပ်တွေ့ရတဲ့ အလောင်းတွေကတော့ ၅ ဦးထက်တော့ မနည်းဘူး ရှိတယ်၊ နောက်ပြီး ဒဏ်ရာရတဲ့လူလည်း အများအပြားရှိတယ်။”

ထိခိုက်သေဆုံးမှုကိုတော့ ဗီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ ဒီတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က လက်နက်နဲ့ ကျည်ဆံတချို့ စစ်သုံးပစ္စည်းတွေ အနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့လည်ပြောပါတယ်။ လတ်တလော မိုးဗြဲနဲ့ ဖယ်ခုံ တိုက်ပွဲနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

===================

XS
SM
MD
LG