သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္႔ဘလူၿမိဳ႕နယ္ဘက္ ေက်းရြာတခုက စစ္တပ္ေပၚတာ ၁၈ ဦး ျပန္လြတ္လာ 


ကန္႔ဘလူ၊ Kanbalu, Sagaing (Credit: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္၊ ႐ြာသစ္ေက်း႐ြာကေန စစ္ေကာင္စီတပ္က ေပၚတာဆဲြသြားသူ ၁၈ ေယာက္ ျပန္လြတ္လာပါတယ္။ ေပၚတာအေနနဲ႔မဟုတ္ဘဲ ဖမ္းဆီးသြားသူေတြကေတာ့ ခုခ်ိန္ထိ လြတ္ မလာေသးပါဘူး။ ဒါ့အျပင္ ကိုင္း႐ုိး႐ြာက ႐ြာသားတခ်ဳိ႕ကို စစ္တပ္က ဖမ္းထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကန္႔ဘလူၿမိဳ႕နယ္ထဲကေက်း႐ြာေတြကို တ႐ြာဝင္တ႐ြာထြက္နဲ႔ နယ္ေျမရွင္းလင္း ေနတာေၾကာင့္ ႐ြာသစ္ေက်း႐ြာအပါအဝင္ အနီးဝန္းက်င္က ေက်း႐ြာေပါင္း ၁၀ ခုေက်ာ္ေလာက္က ႐ြာသားေတြ ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္ထဲက ႐ြာသစ္ေက်း႐ြာကို မတ္လ ၂၄ ရက္ေန႔မွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္တပ္စြဲခဲ့ၿပီး ေနာက္ ႐ြာသစ္႐ြာသား ၁၈ ေယာက္ကို လမ္းျပဖို႔နဲ႔ စစ္ေကာင္စီတပ္သားေတြရဲ႕ပစၥည္းေတြ သယ္ဖို႔အတြက္ ဖမ္းဆီး ေခၚေဆာင္ခံ ရတာျဖစ္တယ္လို႔ ဖမ္းခံရသူေတြကေျပာပါတယ္။ မတ္လ ၂၉ ရက္ေန႔မွာေတာ့ ေပၚတာဆဲြခံရသူအားလံုးကို စစ္ေကာင္စီတပ္ ေတြက ျပန္လႊတ္ေပးခဲ့တယ္လို႔ ဖမ္းဆီးခံရသူတဦရဲ႕မိခင္က ဗီြအိုေအကို ေျပာပါတယ္။

“သူတို႔ လိုရာခရီးေရာက္ေတာ့ ျပန္လႊတ္ေပးတာလို႔ေျပာတယ္ က်ဳပ္သားကေတာ့။ သူေျပာတာကေတာ့ ဘာမွေတာ့ မလုပ္ခိုင္းဘူးတဲ့။ အထုပ္အပိုးပဲ ထမ္းခိုင္းတာတဲ့။ သူတို႔အထုပ္အပိုးကို ထမ္းခိုင္းၿပီးေတာ့ သူတို႔လိုတဲ့ေနရာေရာက္ေတာ့ မင္းတို႔ ျပန္ေတာ့လို႔ ေျပာတာတဲ့။ က်မတို႔႐ြာက ေခၚသြားတဲ့သူေတြ အကုန္ျပန္လႊတ္လိုက္တယ္။”

ေပၚတာဆြဲခံရတဲ့ ႐ြာသစ္႐ြာသားေတြကို စစ္တပ္က ဘာ့ေၾကာင့္ ျပန္လႊတ္ေပးလိုက္သလဲဆိုတာ အတိအက်မသိရေပမယ့္ ေပၚတာ ဆြဲခံရသူ႐ြာသားေတြနဲ႔ နီးစပ္သူတဦးကေတာ့ ျဖစ္တဲ့အေျခအေနကို ခုလိုေျပာျပပါတယ္။

“သူတို႔က သတ္မယ္ဆိုၿပီးေတာ့ ေျပာေနတာကို ကေလးတေယာက္က ၾကားသြားေတာ့ သူတို႔က ကြမ္းယာခိုင္းထားတာတဲ့။ အဲ့ ကေလးကို၊ အဲ့ကေလးက ကြမ္းယာတဲ့ေနရာမွာ ဓားေတြ႔တာနဲ႔ သူဟာသူ အဲ့မွာ လည္ပင္းလွီးလိုက္တာ။ “ျပန္လႊတ္ေပးမွာပါ၊ အဲ့လိုမလုပ္နဲ႔”... လို႔ေျပာတယ္တဲ့။ .... မင္းတို႔အသတ္ေတာ့ မခံဘူးဆိုၿပီးေတာ့ လည္လွီးတာ ၈ ခ်က္ေလာက္ ခ်ဳပ္ရတယ္ဗ်။ ေသေတာ့ မေသဘူး။”

စစ္သားေတြကပဲ ေဆးကုသေပးၿပီး ျပန္လႊတ္ေပးလိုက္တယ္လို႔ တျခားေဒသခံေတြကလည္း ေျပာပါတယ္။

ျပန္လြတ္လာတဲ့သူေတြဟာ ႐ြာထဲကိုလည္း ျပန္မလာရဲ၊ အနီးဝန္းက်င္မွာ စစ္ေဘးေ႐ွာင္ေနၾကသူေတြနဲ႔လည္း အတူ မပုန္းခိုရဲတာေၾကာင့္ ေဝးရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကတယ္လို႔ ေဒသခံေတြနဲ႔ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြက သူတို႔စခန္းခ်တဲ့ ညင့္အင္း႐ြာကိုအေရာက္မွာ ႐ြာသစ္႐ြာသား ၁၈ ဦးကို ျပန္လႊတ္ေပးေပမယ့္ သစ္ရက္သာ႐ြာကေန ဖမ္းဆီးသြားတဲ့ ေက်ာင္းထိုင္ဘုန္းႀကီးအပါအဝင္ ဘုန္းႀကီးႏွစ္ပါးကိုေတာ့ ျပန္လႊတ္မေပးေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ သစ္ရက္သာ႐ြာဟာ ႐ြာသစ္႐ြာနဲ႔ဆက္ေနတဲ့ ေက်း႐ြာတခုျဖစ္ပါတယ္။

မတ္လ ၂၄ ရက္ေန႔က ႐ြာသစ္႐ြာကိုဝင္ေရာက္စဥ္မွာ စစ္ေကာင္စီတပ္ေတြက လက္ျပန္ႀကိဳးတုပ္ ဖမ္းဆီးၿပီး ကန္႔ဘလူၿမိဳ႕နယ္ထဲက စစ္တပ္စခန္းခ်ရာေနရာကို ဖမ္းဆီးသြားတယ္လို႔ ယူဆရသူေတြကေတာ့ ခုထိ သတင္းအစအန မရေသးဘူးလို႔ ေဒသခံေတြ ကေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ၿပီးခဲ့တဲ့ရက္ေတြက သူတို႔ဝင္ေရာက္နယ္ေျမရွင္းလင္းခဲ့တဲ့ ေက်း႐ြာေတြကို ဒီေန႔မွာ ေနာက္တေခါက္ ထပ္ဝင္လာၿပီး ကိုင္း႐ိုးေက်း႐ြာနဲ႔ သစ္ရက္သာေက်း႐ြာတို႔မွာ ႏွစ္ဖြဲ႕ခြဲၿပီး စခန္းခ်ေနတယ္လို႔ အဲ့ဒီ႐ြာအနီးက ေဒသခံတဦးက ေျပာပါတယ္။ ဖမ္းဆီးခံရသူေတြလည္း ရွိတယ္လို႔ ေျပာပါတယ္။

“သစ္ရက္သာကို သူတို႔က ျပန္ေခါက္ၿပီး ဝင္လာျပန္တာဗ်။ အခုကို က်ေနာ္တို႔က ပုန္းေနရတယ္ဗ်။ အခုကို က်ေနာ္တို႔ သစ္ရက္သာေတာင္ဘက္ ကပ္ကပ္ကေလးဗ်၊ အဲ့ဒီ ကိုင္း႐ိုး႐ြာမွာ တပ္ျပန္ၿပီးေတာ့ စြဲထိုင္တယ္။ အဲ့မွာ ေတာ္ေတာ္မ်ားမ်ားတခါ မိထားျပန္ၿပီဗ်။ ဖမ္းထားတာက ဘုန္းႀကီးေက်ာင္းက ေက်ာင္းသားေတြေရာ ပါတယ္လို႔ ေျပာတယ္ဗ်။ က်န္တဲ့သူေတြကလည္း က်ေနာ္တို႔ ႐ြာေတြလိုပဲ ဖုန္းအဆက္အသြယ္မရေတာ့ဘူးဗ်။ အကုန္စက္ပိတ္ထားၾကတယ္။ တပ္ျပန္ေခါက္လာတာဗ်။ အရင္ဝင္ခဲ့တဲ့ ႐ြာေတြကိုပဲ ခုျပန္ဝင္လာျပန္ေတာ့တာဗ်။”

႐ြာတခ်ိဳ႕က႐ြာသားေတြဟာ စစ္ေကာင္စီတပ္ေတြ ထြက္သြားၿပီးေနာက္ပိုင္း ႐ြာထဲမွာ ျပန္ေနခဲ့ၾကေပမယ့္ အခုလို ေနာက္တႀကိမ္ ႐ြာေတြထဲကို ျပန္ဝင္လာတာေၾကာင့္ ေနာက္တႀကိမ္ ထပ္ၿပီးေတာ့ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ေျပာပါတယ္။ အိုးအိမ္စြန္႔ ထြက္ေျပးေနၾကသူေတြအတြက္ ေနထိုင္ေရးနဲ႔ စားေသာက္ေရးက အဓိက အခက္အခဲ ျဖစ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ေရအခက္အခဲ ႀကဳံရတယ္ဗ်။ စားေသာက္ေရး အခက္အခဲ ႀကဳံရတယ္ဗ်။ က်ေနာ္တို႔က ေဘးလည္း ခုေရာက္ေနေတာ့ ပုန္းေနတဲ့ေနရာေလးေတြကေန ေတာတန္းေလးေတြကေန ေဘးကို မထြက္ရဲဘူးဗ်။”

စစ္ေကာင္စီတပ္ေတြ ထပ္ဝင္လာတာေၾကာင့္ ႐ြာသစ္႐ြာအပါအဝင္ ေညာင္ပင္႐ြာမ၊ အင္းလယ္ႀကီး၊ သစ္ရက္သာ၊ အဂၤါေထာင့္၊ ကိုင္း႐ိုး၊ ကြၽန္းပင္ကုန္း၊ မဲဆယ္၊ ေပလယ္၊ ရီးေဒြး၊ ထိန္ေတာ၊ ညင့္အင္း၊ ေညာင္ေပါက္ရင္း စတဲ့ ႐ြာေပါင္း ၁၃ ႐ြာက ႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနရတာ ၈ ရက္ေလာက္ရွိပါၿပီ။

လက္ရွိ ကန္႔ဘလူၿမိဳ႕နယ္ထဲမွာ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြရဲ႕ လႈပ္႐ွားမႈေတြ သိပ္မ႐ွိသလို စစ္ေကာင္စီတပ္ေတြနဲ႔ ထိေတ႔ြ တုိက္ပြဲေတြလည္း မ႐ွိပါဘူး။

ဒါေပမယ့္ စစ္ေကာင္စီတပ္ေတြက စစ္ေၾကာင္းေတြ ႏွစ္ေၾကာင္း သုံးေၾကာင္းခြဲၿပီး ကန္႔ဘလူၿမိဳ႕နယ္ထဲက ႐ြာေတြကို နယ္ေျမရွင္း လင္းေရးပုံစံနဲ႔ ႐ြာသားေတြကို ဖမ္းဆီးစစ္ေဆးတာေတြလုပ္ေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
=============

[[Unicode]]

ကန့်ဘလူမြို့နယ်ဘက် ကျေးရွာတခုက စစ်တပ်ပေါ်တာ ၁၈ ဦး ပြန်လွတ်လာ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာကနေ စစ်ကောင်စီတပ်က ပေါ်တာဆွဲသွားသူ ၁၈ ယောက် ပြန်လွတ်လာပါတယ်။ ပေါ်တာအနေနဲ့မဟုတ်ဘဲ ဖမ်းဆီးသွားသူတွေကတော့ ခုချိန်ထိ လွတ် မလာသေးပါဘူး။ ဒါ့အပြင် ကိုင်းရိုးရွာက ရွာသားတချို့ကို စစ်တပ်က ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ်ထဲကကျေးရွာတွေကို တရွာဝင်တရွာထွက်နဲ့ နယ်မြေရှင်းလင်း နေတာကြောင့် ရွာသစ်ကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာပေါင်း ၁၀ ခုကျော်လောက်က ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ကျေးရွာကို မတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီး နောက် ရွာသစ်ရွာသား ၁၈ ယောက်ကို လမ်းပြဖို့နဲ့ စစ်ကောင်စီတပ်သားတွေရဲ့ပစ္စည်းတွေ သယ်ဖို့အတွက် ဖမ်းဆီး ခေါ်ဆောင်ခံ ရတာဖြစ်တယ်လို့ ဖမ်းခံရသူတွေကပြောပါတယ်။ မတ်လ ၂၉ ရက်နေ့မှာတော့ ပေါ်တာဆွဲခံရသူအားလုံးကို စစ်ကောင်စီတပ် တွေက ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူတဦရဲ့မိခင်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ လိုရာခရီးရောက်တော့ ပြန်လွှတ်ပေးတာလို့ပြောတယ် ကျုပ်သားကတော့။ သူပြောတာကတော့ ဘာမှတော့ မလုပ်ခိုင်းဘူးတဲ့။ အထုပ်အပိုးပဲ ထမ်းခိုင်းတာတဲ့။ သူတို့အထုပ်အပိုးကို ထမ်းခိုင်းပြီးတော့ သူတို့လိုတဲ့နေရာရောက်တော့ မင်းတို့ ပြန်တော့လို့ ပြောတာတဲ့။ ကျမတို့ရွာက ခေါ်သွားတဲ့သူတွေ အကုန်ပြန်လွှတ်လိုက်တယ်။”

ပေါ်တာဆွဲခံရတဲ့ ရွာသစ်ရွာသားတွေကို စစ်တပ်က ဘာ့ကြောင့် ပြန်လွှတ်ပေးလိုက်သလဲဆိုတာ အတိအကျမသိရပေမယ့် ပေါ်တာ ဆွဲခံရသူရွာသားတွေနဲ့ နီးစပ်သူတဦးကတော့ ဖြစ်တဲ့အခြေအနေကို ခုလိုပြောပြပါတယ်။

“သူတို့က သတ်မယ်ဆိုပြီးတော့ ပြောနေတာကို ကလေးတယောက်က ကြားသွားတော့ သူတို့က ကွမ်းယာခိုင်းထားတာတဲ့။ အဲ့ ကလေးကို၊ အဲ့ကလေးက ကွမ်းယာတဲ့နေရာမှာ ဓားတွေ့တာနဲ့ သူဟာသူ အဲ့မှာ လည်ပင်းလှီးလိုက်တာ။ “ပြန်လွှတ်ပေးမှာပါ၊ အဲ့လိုမလုပ်နဲ့”... လို့ပြောတယ်တဲ့။ .... မင်းတို့အသတ်တော့ မခံဘူးဆိုပြီးတော့ လည်လှီးတာ ၈ ချက်လောက် ချုပ်ရတယ်ဗျ။ သေတော့ မသေဘူး။”

စစ်သားတွေကပဲ ဆေးကုသပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ တခြားဒေသခံတွေကလည်း ပြောပါတယ်။

ပြန်လွတ်လာတဲ့သူတွေဟာ ရွာထဲကိုလည်း ပြန်မလာရဲ၊ အနီးဝန်းကျင်မှာ စစ်ဘေးရှောင်နေကြသူတွေနဲ့လည်း အတူ မပုန်းခိုရဲတာကြောင့် ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သူတို့စခန်းချတဲ့ ညင့်အင်းရွာကိုအရောက်မှာ ရွာသစ်ရွာသား ၁၈ ဦးကို ပြန်လွှတ်ပေးပေမယ့် သစ်ရက်သာရွာကနေ ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဘုန်းကြီးနှစ်ပါးကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သစ်ရက်သာရွာဟာ ရွာသစ်ရွာနဲ့ဆက်နေတဲ့ ကျေးရွာတခုဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့က ရွာသစ်ရွာကိုဝင်ရောက်စဉ်မှာ စစ်ကောင်စီတပ်တွေက လက်ပြန်ကြိုးတုပ် ဖမ်းဆီးပြီး ကန့်ဘလူမြို့နယ်ထဲက စစ်တပ်စခန်းချရာနေရာကို ဖမ်းဆီးသွားတယ်လို့ ယူဆရသူတွေကတော့ ခုထိ သတင်းအစအန မရသေးဘူးလို့ ဒေသခံတွေ ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်တွေက သူတို့ဝင်ရောက်နယ်မြေရှင်းလင်းခဲ့တဲ့ ကျေးရွာတွေကို ဒီနေ့မှာ နောက်တခေါက် ထပ်ဝင်လာပြီး ကိုင်းရိုးကျေးရွာနဲ့ သစ်ရက်သာကျေးရွာတို့မှာ နှစ်ဖွဲ့ခွဲပြီး စခန်းချနေတယ်လို့ အဲ့ဒီရွာအနီးက ဒေသခံတဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“သစ်ရက်သာကို သူတို့က ပြန်ခေါက်ပြီး ဝင်လာပြန်တာဗျ။ အခုကို ကျနော်တို့က ပုန်းနေရတယ်ဗျ။ အခုကို ကျနော်တို့ သစ်ရက်သာတောင်ဘက် ကပ်ကပ်ကလေးဗျ၊ အဲ့ဒီ ကိုင်းရိုးရွာမှာ တပ်ပြန်ပြီးတော့ စွဲထိုင်တယ်။ အဲ့မှာ တော်တော်များများတခါ မိထားပြန်ပြီဗျ။ ဖမ်းထားတာက ဘုန်းကြီးကျောင်းက ကျောင်းသားတွေရော ပါတယ်လို့ ပြောတယ်ဗျ။ ကျန်တဲ့သူတွေကလည်း ကျနော်တို့ ရွာတွေလိုပဲ ဖုန်းအဆက်အသွယ်မရတော့ဘူးဗျ။ အကုန်စက်ပိတ်ထားကြတယ်။ တပ်ပြန်ခေါက်လာတာဗျ။ အရင်ဝင်ခဲ့တဲ့ ရွာတွေကိုပဲ ခုပြန်ဝင်လာပြန်တော့တာဗျ။”

ရွာတချို့ကရွာသားတွေဟာ စစ်ကောင်စီတပ်တွေ ထွက်သွားပြီးနောက်ပိုင်း ရွာထဲမှာ ပြန်နေခဲ့ကြပေမယ့် အခုလို နောက်တကြိမ် ရွာတွေထဲကို ပြန်ဝင်လာတာကြောင့် နောက်တကြိမ် ထပ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။ အိုးအိမ်စွန့် ထွက်ပြေးနေကြသူတွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေးက အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ ရေအခက်အခဲ ကြုံရတယ်ဗျ။ စားသောက်ရေး အခက်အခဲ ကြုံရတယ်ဗျ။ ကျနော်တို့က ဘေးလည်း ခုရောက်နေတော့ ပုန်းနေတဲ့နေရာလေးတွေကနေ တောတန်းလေးတွေကနေ ဘေးကို မထွက်ရဲဘူးဗျ။”

စစ်ကောင်စီတပ်တွေ ထပ်ဝင်လာတာကြောင့် ရွာသစ်ရွာအပါအဝင် ညောင်ပင်ရွာမ၊ အင်းလယ်ကြီး၊ သစ်ရက်သာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျွန်းပင်ကုန်း၊ မဲဆယ်၊ ပေလယ်၊ ရီးဒွေး၊ ထိန်တော၊ ညင့်အင်း၊ ညောင်ပေါက်ရင်း စတဲ့ ရွာပေါင်း ၁၃ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ၈ ရက်လောက်ရှိပါပြီ။

လက်ရှိ ကန့်ဘလူမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ သိပ်မရှိသလို စစ်ကောင်စီတပ်တွေနဲ့ ထိတေ့ွ တိုက်ပွဲတွေလည်း မရှိပါဘူး။

ဒါပေမယ့် စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေ နှစ်ကြောင်း သုံးကြောင်းခွဲပြီး ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို နယ်မြေရှင်း လင်းရေးပုံစံနဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
=============

XS
SM
MD
LG